စာမေးပွဲရာသီမှာ အနှောင့်အယှက်မဖြစ်ရအောင်ပရိသတ်တွေအတွက် မေတ္တာရပ်ခံစာေ ရးသားခဲ့တဲ့ မြန်း( ဝင့်ယမုံနိုင်)

ရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတဲ့သရုပ်ဆောင်မင်းသမီး ဝင့်ယမုံနိုင်ကို အထူးတလည်မိတ်ဆက်ပေးစရာ မလိုဖူးထင်ပါတယ်နော်။ကျရာဇာတ်ရုတ်တိုင်းကို ဆေးစက် ထင်ထင်သရုပ်ဆောင်တတ်တဲ့ ဝင့်ယမုံနိုင်ဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ကျမက မဟေသီ” စတဲ့ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲမှာ မြန်း ဆိုတဲ့ ဇာတ်ကောင်အဖြစ် တစ်သားတည်း သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ပြခဲ့တာကြောင့်လည်း ပရိသတ်တွေကြားမှာ မျက်နှာပွင့်သူလေးပေါ့ ။စာမေးပွဲရာသီကို ရောက်ရှိလာတာကြောင့် ဝင့်ယမုံနိုင် က အားပေးကျတဲ့ ကျောင်းသားကျောင်းသူ ပရိသတ်တွေကို လူမှုကွန်ရက်ပေါ်ကနေ မေတ္တာရပ်ခံလိုက်ပါတယ်။

မြန်း တစ်ဖြစ်လဲ ဝင့်ယမုံနိုင်က “စာမေးပွဲကာလ တစ်ပတ်လေးတော့စာကိုပဲအာရုံစိုက်ကျက်ကြပါနော် …. ဆယ်တန်းလေးတွေရော … တက္ကသိုလ်သမားတွေရော …. ပြီးသွားမှဇာတ်လမ်းတွဲကို တစ်ရက်မှမလွတ်ဘဲ တစ်ဝကြီးကြည့် …. လွတ်သွားတဲ့ တစ်ပတ်စာလေးကိုတော့ Pyone Play ကနေပြန်ပြီးကြည့် …ကျွန်မကမဟေသီက ၄၃ပိုင်းတောင်ဆိုတော့ စာမေးပွဲပြီးတဲ့အချိန်မှီတယ်နော် ကလေးတို့ … မတ်မတ်မြန်းစကားနားထောင်ပါ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်တွေကလည်း စာမေးပွဲတစ်ဖက် ဇာတ်လမ်းတွဲတစ်ဖက် လွန်ဆွဲနေတဲ့ စိတ်ခံစားချက်တွေကို မှတ်ချက်တွေကနေလည်း ပြောပြထားသေးတာပါ ။ ကျောင်းသူ၊ ကျောင်းသား ပရိသတ်တွေကော မြန်းရဲ့စကားကို နားထောင်ကြမှာလား ဆိုတာ မှတ်ချက်က နေ ပြောပြခဲ့ကြပါနော်။

Source – Wint Yamone Naing

Share From swelsonenews