အိျႏၵာေက်ာ္ဇင္ရဲ့ အႏုပညာအေပၚ ေျပတီဦးရဲ့ ပံ့ပိုးေပးမွု

ေျပတီဦးက ဇနီးျဖစ္သူ အိျႏၵာေက်ာ္ဇင္အတြက္ အမွတ္တရျဖစ္မယ့္ ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ျဖစ္တဲ့အေၾကာင္း ေျပာျပလာပါတယ္။ ဝတၳဳလည္းေကာင္းသလို ဇာတ္ကားလည္း ေကာင္းတယ္လို႔ သူကဆိုပါတယ္။

ေျပတီဦးဟာ ‘’ကၽြန္မခ်စ္ေသာ ေယာက်္ားသုံးေယာက္’’ ႐ုပ္ရွင္ဇာတ္ကားထဲမွာ ဇနီးျဖစ္သူ အိျႏၵာေက်ာ္ဇင္နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္ျဖစ္ခဲ့တဲ့ အေၾကာင္းကိုလည္း မီဒီယာ အင္တာဗ်ဴးေတြမွာ ေျပတီဦးက အခုလို ေျဖဆိုခဲ့ပါတယ္။

‘’ အဓိက ကေတာ့ အူဝဲအတြက္ အႏုပညာအရ မွတ္တမ္းေလးျဖစ္မယ့္၊ မွတ္မွတ္ရရ ျဖစ္မယ့္ ကားေလးတစ္ကားကို အစ္ကို႔အေနနဲ႔ ပါဝင္ရိုက္ကူးေပးျဖစ္တယ္ဆိုတဲ့ စိတ္ကူးေလးပါပဲ။ က်န္တဲ့ အရာေတြကေတာ့ အရမ္းအလွမ္းေဝးပါတယ္’’ လို႔ ကၽြန္မခ်စ္ေသာ ေယာက်္ားသုံးေယာက္ ႐ုပ္ရွင္အထူးျပပြဲမွာ ေျပာျပထားတာပါ။

ေျပတီဦးဟာ ဇာတ္ကားေကာင္းေတြ အရိုက္မ်ားလာတဲ့ ႐ုပ္ရွင္ေလာကအေပၚ သူ႔ရဲ့ သုံးသပ္ခ်က္ေတြကို မၽွေဝ ေျပာျပထားပါတယ္။

‘’ ဝတၳဳက ခိုင္ခိုင္မာမာရွိထားတဲ့အခါက်ေတာ့ အရည္အေသြးေကာင္းၿပီး အဓိပၸာယ္ရွိတဲ့ ဇာတ္ကားေကာင္းေတြ အမ်ားႀကီး ရိုက္လာနိုင္တာေပါ့။ ဒီလို ဝတၳဳေကာင္းေကာင္းေတြကို ရိုက္လာၾကတာဟာ ႐ုပ္ရွင္ေလာက ပိုမိုေကာင္းလာဖို႔ကို ဦးတည္လာတယ္လို႔လည္း ေျပာလို႔ရတာေပါ့ေနာ္။ အဲဒီအတြက္ ကၽြန္ေတာ္ကေတာ့ အရမ္ဝမ္းသာပါတယ္’’ လို႔ ဆက္လက္ေျပာျပထားပါတယ္။

ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဟာ ဒါရိုက္တာဝိုင္း ရိုက္ကူးတဲ့ ‘’ရင္ဘတ္ထဲက ဓား’’ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အေပးအယူမၽွမၽွတတနဲ႔ ရိုက္ကူးခဲ့ၾကတာျဖစ္ပါတယ္။ ဒီဇာတ္ကားနဲ႔ ဇနီးျဖစ္သူ အိျႏၵာေက်ာ္ဇင္က အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။ အဲဒီေနာက္ ‘’ကၽြန္မခ်စ္ေသာ ေယာက်္ားသုံးေယာက္’’ ဇာတ္ကားမွာလည္း အိျႏၵာေက်ာ္ဇင္ရဲ့ ဇာတ္ ျဖစ္ေပမယ့္ ေျပတီဦးကလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့တာကို ေတြ႕ရပါတယ္။

ေျပတီဦးဟာ ၂၀၁၀ ခုႏွစ္ မွာ ”အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ၊ ၂၀၁၂ ခုႏွစ္မွာ “လက္ပံ”၊ ၂၀၁၃ ခုႏွစ္မွာ ”နင္ေစရင္”၊ ၂၀၁၄ ခုႏွစ္” မွာ ႏွလုံးသားျဖင့္ျပဳလုပ္သည္” စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့သူ တစ္ဦးျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ကေတာ့

၂၀၀၄ ခုႏွစ္မွာ မ်က္ႏွာမ်ားတဲ့ မိုးေကာင္းကင္
၂၀၁၇ခုႏွစ္မွာ ရင္ဘက္ထဲကဓား တို႔နဲ႔ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုေတြကို ပိုင္ဆိုင္နိုင္ခဲ့သူပါ။

Credit – Duwun

Unicode

ပြေတီဦးက ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်အတွက် အမှတ်တရဖြစ်မယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ ဝတ္ထုလည်းကောင်းသလို ဇာတ်ကားလည်း ကောင်းတယ်လို့ သူကဆိုပါတယ်။

ပြေတီဦးဟာ ‘’ကျွန်မချစ်သော ယောကျ်ားသုံးယောက်’’ ရုပ်ရှင်ဇာတ်ကားထဲမှာ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ပြေတီဦးက အခုလို ဖြေဆိုခဲ့ပါတယ်။

‘’ အဓိက ကတော့ အူဝဲအတွက် အနုပညာအရ မှတ်တမ်းလေးဖြစ်မယ့်၊ မှတ်မှတ်ရရ ဖြစ်မယ့် ကားလေးတစ်ကားကို အစ်ကို့အနေနဲ့ ပါဝင်ရိုက်ကူးပေးဖြစ်တယ်ဆိုတဲ့ စိတ်ကူးလေးပါပဲ။ ကျန်တဲ့ အရာတွေကတော့ အရမ်းအလှမ်းဝေးပါတယ်’’ လို့ ကျွန်မချစ်သော ယောကျ်ားသုံးယောက် ရုပ်ရှင်အထူးပြပွဲမှာ ပြောပြထားတာပါ။
ပြေတီဦးဟာ ဇာတ်ကားကောင်းတွေ အရိုက်များလာတဲ့ ရုပ်ရှင်လောကအပေါ် သူ့ရဲ့ သုံးသပ်ချက်တွေကို မျှဝေ ပြောပြထားပါတယ်။

‘’ ဝတ္ထုက ခိုင်ခိုင်မာမာရှိထားတဲ့အခါကျတော့ အရည်အသွေးကောင်းပြီး အဓိပ္ပာယ်ရှိတဲ့ ဇာတ်ကားကောင်းတွေ အများကြီး ရိုက်လာနိုင်တာပေါ့။ ဒီလို ဝတ္ထုကောင်းကောင်းတွေကို ရိုက်လာကြတာဟာ ရုပ်ရှင်လောက ပိုမိုကောင်းလာဖို့ကို ဦးတည်လာတယ်လို့လည်း ပြောလို့ရတာပေါ့နော်။ အဲဒီအတွက် ကျွန်တော်ကတော့ အရမ်ဝမ်းသာပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အပေးအယူမျှမျှတတနဲ့ ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်က အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ကျွန်မချစ်သော ယောကျ်ားသုံးယောက်’’ ဇာတ်ကားမှာလည်း အိန္ဒြာကျော်ဇင်ရဲ့ ဇာတ် ဖြစ်ပေမယ့် ပြေတီဦးကလည်း ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့ မိုးကောင်းကင်”၊ ၂၀၁၇ခုနှစ်မှာ “ရင်ဘက်ထဲကဓား” တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

Credit – Duwun