အကယ်ဒမီနောက်တစ်ခု ရဦးမယ် လို့ ဗေဒင်က ဟောထားတယ်လို့ ဆိုလာတဲ့ ဦးမိုးဒီ…

ဟာသသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဦးမိုးဒီကို ပရိသတ်များ ရင်းနှီချစ်ခင်နေပြီသားဖြစ်သလို ဟာသ ပိုင်းမှာ သာမက ဒရမ်မာဇာတ်လမ်းဇာတ်ကွက်တွေမှာပါ သရုပ်ဆောင်ကောင်းလွန်းတဲ့ ဦးမိုးဒီက တော့ “ကိုးဆယ်ဆ သာလိမ့်မယ်” ရုပ်ရျင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဇာတ်ပို့ ဆုတစ်ဆု ပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်။

မကြာခင်ကျင်းပတော့မဲ့ (၂၀၁၈) ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးအတွက် ကြိုတင်ရင်ခုန်နေပြီ ဖြစ်သလို (၂၀၁၈)ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်များစာရင်းမှာ အပါအဝင်ဖြစ်တဲ့ ” နောင်တွင် ဥဒါန်းတည်စေသတည်း” နဲ့ ဦးမိုးဒီကို ပရိသတ်တွေက ဒုတိယအကယ်ဒမီ ထပ်မံရရှိစေချင်နေသလို

ဦးမိုးဒီက တော့ ဒီရုပ်ရှင်ကြီးမှာ မျက်မမြင်ဆိုင်းဆရာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်းဇာတ်ကွက် နည်းတယ်လို့လည်း ဆိုထားပါတယ်။

ဒီနှစ် အကယ်ဒမီနဲ့ ပတ်သက်လို့ ” ခန့်မှန်းထားတဲ့ ပရိသတ်တွေက ဘဘကိုချစ်တဲ့ စိတ်နဲ့ခန့်မှန်းတာ ဖြစ်ကြပါလိမ့်မယ်။အရမ်းမမျှော်လင့်ပါဘူး။

ရမယ်ဆိုရင်လည်း အတိုင်းအထက် အလွန်ပါပဲ။ ဗေဒင်ကတော့ နောက်ထပ်တစ်ခု ရဦးမယ်လို့ဟောထားပေမဲ့ ဒီနှစ် မဟုတ်လည်း နောက်နှစ် ဖြစ်ချင် ဖြစ်မှာပေါ့ ” လို့ ဖြေကြားခဲ့ပြီး ဒီနှစ်မှာ ထပ်မံ အကယ်ဒမီဆုကြီး ရရှိဖို့ ဦးမိုဒီကို CeleGabar ပရိသတ်များ ဆုတောင်းပေးကြပါဦးနော်။

Source: Myanmar Celebratiy
credit-Celegabar

Share From Lucky Myanmar