“ေသာတာပန္၏ ထူးျခားခ်က္(၇)ရပ္”…

“ေသာတာပန္၏ ထူးျခားခ်က္(၇)ရပ္”…

ကုိယ့္ခႏၶာကုိ ဉာဏ္စုိက္ၾကည့္လုိက္ရင္ ေ၀ဒနာေပၚလဲေဖာက္ျပန္သြားတာပဲ၊ ပ်က္စီးသြားတာပဲ။ ေ၀ဒနာ႐ႈလုိက္ေတာ့ ေ၀ဒနာေလးက ျဖစ္လုိက္ပ်က္လုိက္နဲ႔ သူ႔သေဘာသူ စြန္႔စြန္႔သြားတယ္။

သုခေ၀ဒနာကလဲ သုခေ၀ဒနာသေဘာစြန္႔တယ္။ဒုကၡေ၀ဒနာကလဲ ဒုကၡေ၀ဒနာသေဘာစြန္႔တယ္။ဥေပကၡေ၀ဒနာကလဲ ဥေပကၡေ၀ဒနာသေဘာ စြန္႔တယ္။ေလာဘစိတ္ကလဲ ေလာဘသေဘာစြန္႔တယ္။စြန္႔ၿပီး အနိစၥသေဘာခ်ည္း ျဖစ္ၿပီးပ်က္တာခ်ည္းျပတယ္။ ဒီလုိခ်ည္းျပေနေတာ့ ဒါေတြဟာ “၀ိပရိဏာမလကၡဏံ ဒုကၡသစၥံ”ပဲ။

ဉာဏ္နဲ႔ၾကည့္လုိက္ေတာ့၀ိပရိဏာမလကၡဏာေတြခ်ည္းပဲ၊ေဖာက္ျပန္တာခ်ည္းပဲ။အထည္မက်န္ဘူး။ ေ၀ဒနာေပၚရင္ေ၀ဒနာၾကည့္လုိက္ေတာ့ ေ၀ဒနာေလးကို ရွာမေတြ႕ေတာ့ဘူး။

ေ၀ဒနာပ်က္ပ်က္ စိတ္ပ်က္ပ်က္ ႐ုပ္ပ်က္ပ်က္ အထည္မက်န္ဘူး။ ေဖာက္ျပန္ပ်က္စီးသြားတာကုိ ျမင္ေအာင္ၾကည့္ရမယ္။ ဒီလုိျမင္ေအာင္ၾကည့္ၿပီး ဒုကၡသစၥာပါလား၊ ေဖာက္ျပန္ပ်က္စီးသြားတာမွ တစ္ပုိင္းတစ္စေတာင္မက်န္ေတာ့ပါလား လုိ႔ ေရွးဦးစြာ ဟုတ္တုိင္းမွန္စြာျမင္ရမယ္။ ျမင္ၿပီးေတာ့ မိမိခႏၶာႀကီးသည္ ေဖာက္ျပန္ပ်က္စီးမႈမွတစ္ပါး ဘာမွမရွိ၊ တကယ့္ကုိ ရြံစရာ မုန္းစရာခႏၶာႀကီးပါလားလုိ႔ ဉာဏ္တက္လာမယ္။ ဉာဏ္တက္ၿပီးေနာက္ ရြံစရာမုန္းစရာခႏၶာႀကီးေတာ့ သိမ္းမွေတာ္မယ္၊ သိမ္းမွေအးမယ္၊ ရခ်င္စရာတစ္ကြက္မွမရွိဘူးဆုိတဲ့ ဉာဏ္တက္လာလိမ့္မယ္။ ဒီဉာဏ္တက္လာခဲ့ရင္ ေရွ႕ဒုကၡေတြ ခ်ဳပ္သြားလိမ့္မယ္။၀ိပရိဏာမဒုကၡေတြ ခ်ဳပ္သြားလိမ့္မယ္။

♦ အ၀ိပရိဏာမ နိဗၺာန္ေပၚလာလိမ့္မယ္။အဲဒီေတာ့မွပဲ ေဖာက္ျပန္ပ်က္စီးမႈ ၀ိပရိဏာမေတြ မရွိေတာ့ဘူး၊အခုမွပဲ ေဖာက္ျပန္ပ်က္စီးမႈႀကီးဇာတ္သိမ္းသြားတာ ေတြ႕ရေတာ့တယ္ ဆုိတဲ့ ဉာဏ္လာတယ္။ ဒါျဖင့္ ေဖာက္ျပန္ပ်က္စီးမႈဇာတ္သိမ္းတာက နိေရာဓသစၥာ၊ ေတြ႔တဲ့ဉာဏ္က မဂၢသစၥာဆုိေတာ့ ေသာတာပန္တည္ေရာ။ မဂ္ရ ဖုိလ္ရတာပဲ။ မဂ္ဖုိလ္ရရင္ ပစၥေ၀ကၡဏာရတာပဲ။ ပစၥေ၀ကၡဏာရတာ အထူးေျပာဖုိ႔မလုိဘူး၊ ၀ီထိနိယာမသေဘာအတုိင္း မဂ္ဖုိလ္ရရင္ သူရမွာပဲ။ မဂ္ရဖုိ႔သာ အဓိကျဖစ္တယ္။

♦ ၀ိပရိဏာမဒုကၡသစၥာျမင္ေနတုန္း ကိစၥဉာဏ္။ ၀ိပရိဏာမဆံုးသြားတာျမင္လုိက္ေတာ့ ကတဉာဏ္။ ကတဉာဏ္ဆုိတာ ငါေသာတာပန္တည္ၿပီလုိ႔ သိလုိက္ရတဲ့ဉာဏ္။ မဂ္ဉာဏ္ကတက္ၿပီး ေသာတာပန္တည္ၿပီလုိ႔သိလုိက္ရတဲ့ဉာဏ္၊ ေဖာက္ျပန္တဲ့ကိစၥေတြ မျမင္ေတာ့ဘဲ ေဖာက္ျပန္တဲ့ကိစၥေတြ ရွာမေတြ႕ေတာ့ဘဲ ေဖာက္ျပန္ျခင္းကင္းတာကို ျမင္တဲ့ဉာဏ္ဟာ ကတဉာဏ္။

ဒါျဖင့္ ခႏၶာကုိယ္ထဲ ဘာေပၚေပၚ ဒုကၡသစၥာခ်ည္းေပၚတာပဲလုိ႔သိတဲ့ဉာဏ္က သစၥဉာဏ္၊ ေပၚတာဟူသေရြ႕ ဒုကၡသစၥာလုိ႔ဆံုးျဖတ္ခ်က္ခ်။ သူ႔ရဲ႕ ေဖာက္ျပန္ပ်က္စီးတဲ့ကိစၥကုိသိေတာ့ကိစၥဉာဏ္၊ ေပၚလာတာေလးေတြက ေပၚလာတဲ့သေဘာေတြအကုန္စြန္႔ၿပီး ေဖာက္ျပန္ပ်က္စီးသြားတာေလးေတြပဲဆက္တုိက္ျမင္ေနရင္ ဒါကို ကိစၥဉာဏ္။

ေဖာက္ျပန္ပ်က္စီးတဲ့ကိစၥ မျမင္ျပန္ေတာ့ ကတဉာဏ္။ ေဖာက္ျပန္ပ်က္စီးတာေတြေတာ့မျမင္ရေတာ့ဘူး၊မေဖာက္ျပန္မပ်က္စီးတဲ့ ခ်မ္းသာေလးတစ္ခုတည္းပဲျမင္ေနတယ္ဆုိရင္ ဒါ ကတဉာဏ္ပဲ။ ဒီဉာဏ္သံုးဉာဏ္နဲ႔ပဲတက္လုိက္ပါ။

♦ အက်ဥ္းအားျဖင့္သစၥာသိရင္ သစၥဉာဏ္၊ေဖာက္ျပန္တာသိရင္ ကိစၥဉာဏ္၊ေဖာက္ျပန္တာေတြ မေတြ႕ေတာ့ဘူးဆုိရင္ ကတဉာဏ္။

♦ ကတဉာဏ္ဆုိက္ရင္ ေသာတာပန္တည္ၿပီ။ေသာတာပန္ျဖစ္တယ္ဆုိတာ ေသာတာပန္စိတ္ေပၚတာပါပဲ။ ႐ုပ္ပုိလွလာတာလဲမဟုတ္ဘူး၊ ဆုိင္းဘုတ္ဆြဲထားတာလဲမဟုတ္ဘူး။ အဲဒီေသာတာပန္မွာေပၚတဲ့ ေသာတာပန္စိတ္သည္ ပုထုဇဥ္နဲ႔မတူတာ ခုႏွစ္မ်ိဳးရွိတယ္။

♦ေသာတာပန္လဲ ေလာဘ ျဖစ္ေသးတယ္၊ေဒါသလဲ ျဖစ္ေသးတယ္၊ေမာဟလဲ ျဖစ္ေသးတယ္။ထိနမိဒၶ ငိုက္မ်ည္းစိတ္ေတြလဲ ျဖစ္ေသးတယ္။ဥဒၶစၥ ပ်ံ႕လြင့္မႈေတြလဲ ျဖစ္ေသးတယ္။ကုကၠဳစၥလဲ ျဖစ္ေသးတာပဲ။
ဒီတရားေတြက ပုထုဇဥ္မွာလဲ ျဖစ္တယ္၊ေသာတာပန္မွာလဲ ျဖစ္တယ္ဆုိေတာ့ တူေနတဲ့သေဘာေတြ ျဖစ္ေနတယ္။ ဒါျဖင့္ ဘယ္လုိထူးလဲဆုိရင္ ပုထုဇဥ္က ဒီတရားေတြျဖစ္ရင္ ျဖစ္ေၾကာရွည္တယ္။ ကတဉာဏ္ရလို႔ ေသာတာပန္တည္ၿပီးသားပုဂၢိဳလ္ကျဖစ္ေတာ့ျဖစ္ေပမယ့္ ျဖစ္ေၾကာမရွည္ဘူး။

♦ ပုထုဇဥ္က ေလာဘျဖစ္လုိက္ၿပီဆုိရင္လဲ ဒီေလာဘခ်ည္းပဲ အၾကာႀကီးျဖစ္ေနတတ္တယ္။ ေဒါသျဖစ္ေနတယ္ဆုိရင္လဲေဒါသခ်ည္းပဲျဖစ္လို႔ မေက်မခ်မ္းႏုိင္ဘူး။ ဒါဟာ ျဖစ္ေၾကာရွည္တာပဲ။ ဒုကၡခ်ဳပ္ၿပီးသား ေသာတာပန္ကေတာ့ ျဖစ္တယ္ဆုိရင္ ျဖစ္သြားတယ္လုိ႔ေနာက္က တစ္ခါတည္း ဉာဏ္လုိက္တယ္။ ျဖစ္ရင္ ခ်က္ခ်င္းသိတယ္၊ ျဖစ္ေၾကာမရွည္ေတာ့ဘူး။ ငါေလာဘျဖစ္သြားတယ္လို႔ ေနာက္ကေနဉာဏ္နဲ႔ ခ်က္ခ်င္း အသိေလးလုိက္လာတယ္။ ေဒါသျဖစ္ရင္လဲ ဉာဏ္အသိ ခ်က္ခ်င္းလုိက္တယ္။ ထိနမိဒၶျဖစ္ရင္လဲ ခ်က္ခ်င္းလုိက္တာပဲ။ မသိလုိက္တာဆုိတာ မရွိဘူး။ ေလာဘျဖစ္ျဖစ္၊ ေဒါသျဖစ္ျဖစ္၊ထိနမိဒၶျဖစ္ျဖစ္၊ ဥဒၶစၥကုကၠဳစၥျဖစ္ျဖစ္ ျဖစ္ေတာ့ျဖစ္တာပဲ၊မပယ္ႏုိင္ေသးလုိ႔ ျဖစ္တာ။

♦ ေသာတာပတၱိမဂ္က ဒိ႒ိနဲ႔ ၀ိစိကိစၧာပဲ ပယ္ႏုိင္ေသးတာ။

ေလာဘ ေဒါသ ေမာဟေတြက မပယ္ႏုိင္ေသးေတာ့ လာမွာပဲ။ လာပင္လာေသာ္လဲ ခ်က္ခ်င္း ေနာက္က ျပန္သိတယ္။ ပဋိစၥသမုပၸါဒ္က ေနာက္က ျဖတ္ျဖတ္လုိက္တယ္။ ပုထုဇဥ္ကေတာ့ မျဖတ္ဘူး၊ပဋိစၥသမုပၸါဒ္ တန္းေနေအာင္ သြားတာပဲ။ ဥပမာ ပုထုဇဥ္ကေဒါသျဖစ္ရင္ ကမၻာမေက်ဘူးဆုိၿပီး ေတးထားတယ္။ေသာတာပန္ကေတာ့ ျဖစ္ေတာ့ျဖစ္လုိက္တာပဲ၊ဒါေပမယ့္ ေနာက္က အသိနဲ႔ ျပန္လုိက္ေပးလုိက္တယ္။ ဒါနံပါတ္(၁)ကြာျခားမႈပဲ။ ျဖစ္ေၾကာရွည္နဲ႔ ျဖစ္ေၾကာတုိကြာတယ္။

♦ နံပါတ္(၂)က ေလာဘ ေဒါသ ေမာဟေတြ မပယ္ႏုိင္ေသးေတာ့ အေၾကာင္းတုိက္ဆုိင္လုိ႔ ေပၚလာခဲ့ေသာ္လဲ ဒီကိေလသာေတြ ၿငိမ္းေအးေအာင္လုပ္လုိက္ေတာ့မယ္ဆိုတဲ့ စိတ္ ေပၚလာတယ္။ သိ႐ံုတင္မကဘူး၊ ၿငိမ္းေအးေအာင္လုပ္မယ္ဆုိတဲ့အထိလာတယ္။ေလာဘ ေဒါသ ေမာဟေတြကေတာ့ ပုထုဇဥ္လုိပဲ ျဖစ္တာပဲ။သို႔ေသာ္ ျဖစ္မွန္းသိတဲ့အတြက္ ၿငိမ္းေအးေအာင္လုပ္လုိက္မယ္ဆုိၿပီး ျဖစ္ပ်က္႐ႈလုိက္ေတာ့ ၿငိမ္းေအးသြားတာပဲ။ ဘယ္ေတာ့မွ မေက်ဘူး ဘာညာဆုိတာေတြ မက်န္ရစ္ေတာ့ဘူး။ ကိေလသာေတြ လာေသာ္လဲ ၿငိမ္းေအးေအာင္လုပ္ပစ္လုိက္တယ္။ အက်ဥ္းခ်ဳပ္အားျဖင့္ မွားရင္ မွားမွန္း ခ်က္ခ်င္းသိတယ္၊ ၿငိမ္းေအာင္လုပ္ပစ္တယ္။ ေလာဘ ေဒါသေတြနဲ႔ မွားတာကုိေျပာတာ။

♦ (၃)နံပါတ္က ဒီဘုရားသာသနာမွတစ္ပါး အျခားသာသနာမွာေသာတာပန္ သကဒါဂါမ္ အနာဂါမ္ ရဟႏၲာမရွိဘူးလုိ႔ ယံုၾကည္တယ္။ ကုိယ္တုိင္သိလာတာ။ သိလာလို႔ ယံုၾကည္တာ။

♦ (၄)နံပါတ္က ရဟန္းေတာ္ေတြဟာ ဘုရားပညတ္ထားတဲ့သိကၡာပုဒ္တစ္ခုခု ခ်ိဳးေဖာက္မိရင္ အျပစ္သင့္တယ္။အာပတ္သင့္တယ္။ အဲဒီအျပစ္ကုိ သိလုိက္တာနဲ႔ ေပ်ာက္သြားေအာင္ ခ်က္ခ်င္း ေဒသနာၾကားတယ္။ အာပတ္ကုစားတာေခၚတယ္။လူေတြမွာေတာ့ တစ္ခုခု မွားလုိ႔ရွိရင္ ၀န္ခ်ေတာင္းပန္ၿပီး ေျပလည္ေအာင္လုပ္လုိစိတ္ေပၚလာတယ္။ မွားတဲ့ဥစၥာ ခ်က္ခ်င္း ေျပေအာင္လုပ္ခ်င္စိတ္ေပၚလာတာ။ မွားမိတာ သိလုိက္တာနဲ႔ ခ်က္ခ်င္း ဘုရားေရွ႕သြားၿပီး ကမၼ႒ာန္းထုိင္ပစ္လုိက္ၿပီး မွားတဲ့အျပစ္ေတြ ေျပေျပာက္ေအာင္ လုပ္လုိက္တယ္။ ဒါေသာတာပန္ရဲ႕စိတ္ထားပဲ။

♦ နံပါတ္(၅)က အမႈကိစၥအတြက္ ႐ံုးကန္ကနားေခၚေသာ္ျငားလဲ လုိက္ေတာ့လုိက္တယ္။ ဒါေပမယ့္ သူ႔ သီလ၊ သမာဓိ၊ ပညာေတာ့ အပ်က္မခံဘူး။ ကိစၥႀကီးငယ္ရွိလုိ႔ အကူအညီလုိရင္ အကူအညီေတာ့ ေပးတာပဲ၊ ဒါေပမယ့္ သူ႔သီလ၊ သမာဓိ၊ ပညာေတာ့ အပ်က္မခံဘူး။ မဟုတ္ဘဲနဲ႔ အဟုတ္လုပ္အေျပာခုိင္းလဲ သူမေျပာဘူ၊ အလိမ္ခုိင္းလဲ မလိမ္ဘူး၊ မတရား ထြက္ဆုိတာမ်ိဳး သူမလုပ္ေတာ့ဘူး။ အမွန္ေျပာရင္ ဘယ္လုိလုပ္မယ္၊ ဘာလုပ္မယ္စသည္ၿခိမ္းေျခာက္ေနေစကာမူသူကေတာ့ အမွန္အတိုင္းပဲ ထြက္ဆုိတယ္။ ဒီလုိေျပာေပးရင္ေငြေပးမယ္၊ ဘာေပးမယ္ေျပာလဲ သူကေတာ့ မဟုတ္မမွန္တာကုိ အဟုတ္အမွန္လုပ္ၿပီး ေျပာမေပးေတာ့ဘူး။

♦ နံပါတ္(၆)က တရားေဟာေနတဲ့အခါ အနက္အဓိပၸါယ္ကုိ သိၿပီး စိတ္ဟာဘယ္မွမသြားဘဲနဲ႔ နာေလ့ရွိတယ္။ ျမတ္စြာဘုရားတရားေတာ္ေတြ နာၾကားရတဲ့အခါ အာ႐ံုတစ္ပါး စိတ္မသြားဘဲစူးစူးစုိက္စုိက္ နာႏုိင္ျခင္းသည္ ေသာတာပန္ရဲ႕ သေဘာပဲ။

♦ နံပါတ္(၇)က တရားေတာ္ေတြ နာၾကားၿပီးတဲ့ေနာက္ ေျပာလုိ႔လဲမၿပီးႏုိင္၊ ၀မ္းေျမာက္လုိ႔လဲ မဆံုးႏုိင္ဘူးတဲ့။ သိပ္ၿပီးသေဘာက်လြန္းလုိ႔ ပီတိေသာမနႆေတြျဖစ္ၿပီး ေတာ္ေတာ္နဲ႔ မေပ်ာက္ႏုိင္ဘူး။

♦♦♦ အက်ဥ္းျပန္ခ်ဳပ္လုိက္ရင္- ♦♦♦

၁။ ေလာဘ ေဒါသ ေမာဟ ေပၚတုိင္ေပၚတုိင္း ခ်က္ခ်င္းသိတာသည္ ေသာတာပန္ရဲ႕အသိ။

၂။ သိသည္ႏွင့္တစ္ၿပိဳင္နက္ ၿငိမ္းေအးေအာင္လုပ္ႏုိင္ျခင္းသည္ ေသာတာပန္ရဲ႕ အသိ။

၃။ ဤသာသနာမွတစ္ပါး အျခားသာသနာမွာ ထြက္ရပ္လမ္းလံုး၀မရွိဘူးဆုိတဲ့ယံုၾကည္မႈဟာလဲ ေသာတာပန္ရဲ႕ သဒၶါ။

၄။ က်ဴးလြန္ထားတဲ့အျပစ္ကုိ ခ်က္ခ်င္း ကုသလုိတဲ့စိတ္ေပၚတာဟာလဲ ေသာတာပန္ရဲ႕ သေဘာ။

၅။ ကိစၥႀကီးငယ္ရွိလို႔ အကူအညီ သက္ေသလုိက္ရျငားေသာ္လဲ သီလ သမာဓိ ပညာ အပ်က္မခံတာသည္ ေသာတာပန္ရဲ႕သေဘာ။

၆။ တရားေတာ္ေတြကုိ အာ႐ံုတစ္ပါး စိတ္မသြားဘဲ အနက္အဓိပၸါယ္သိၿပီး နာႏုိင္ျခင္းသည္ ေသာတာပန္။

၇။ ခႏၶာဉာဏ္ေရာက္တရားေတြနာရေတာ့ ၀မ္းေျမာက္လုိ႔မဆံုး ၾကည္ၫိုလုိ႔မဆံုး ေက်းဇူးတင္လုိ႔ မဆံုးျဖစ္တာသည္ ေသာတာပန္။

ပုထုဇဥ္နဲ႔ ေသာတာပန္ ဒီ(၇)ခ်က္မွာ ထူးျခားတယ္တဲ့။

ေကာသမၻီရဟန္းေတြ အေၾကာင္းျပဳၿပီးေဟာတာ။ ဥပမာ ေသာတာပန္လဲ ရန္ေတာ့ ျဖစ္တာပဲ။ ဒါေပမယ့္ ျဖစ္ရင္ ျဖစ္မွန္းေနာက္ကသိတယ္။ သိလုိက္ေတာ့ ၿငိမ္းေအာင္လုပ္လုိက္တယ္။ သိလို႔ ကုသလိုက္တယ္။ သူတစ္ပါးကိစၥေဆာင္ရြက္ရာမွာ သီလ၊ သမာဓိ၊ ပညာကုိသာ ငဲ့ေလ့ရွိတယ္။ တရားနာတဲ့အခါမွာ အျခားစိတ္ေတြ အ၀င္မခံဘူး။ တရားနာရေတာ့ ၀မ္းသာလုိ႔မဆံုး ပီတိေသာမနႆေတြလဲ ျဖစ္လုိ႔မဆံုးဘူးတဲ့။ ဒါ ပုထုဇဥ္နဲ႔ မတူတဲ့အခ်က္ (၇)ခ်က္။ ဒီ(၇)ခ်က္နဲ႔ ကုိက္ညီၿပီဆုိရင္ေတာ့ ကုိယ့္ကုိယ္ကုိ ေသာတာပန္ျဖစ္ေနၿပီလုိ႔ ေကာက္ခ်က္ခ်လုိက္ပါ။

(မုိးကုတ္ဆရာေတာ္ဘုရားႀကီး၏ ေဟာတရားမ်ားမွ ေကာက္ႏုတ္တင္ျပျခင္းသာျဖစ္သည္။)

Credit>>>[ေဒါက္တာ အရွင္ပါရမီ]

==============

ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။

သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ “၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ”ပဲ။

ဉာဏ်နဲ့ကြည့်လိုက်တော့ဝိပရိဏာမလက္ခဏာတွေချည်းပဲ၊ဖောက်ပြန်တာချည်းပဲ။အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင်ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။

ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခန္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရင် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။၀ိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။

♦ အဝိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ် ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။

♦ ၀ိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော့ ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလို့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။

ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေအကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။

ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခုတည်းပဲမြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲတက်လိုက်ပါ။

♦ အကျဉ်းအားဖြင့်သစ္စာသိရင် သစ္စဉာဏ်၊ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။

♦ ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့မတူတာ ခုနှစ်မျိုးရှိတယ်။

♦သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊ဒေါသလဲ ဖြစ်သေးတယ်၊မောဟလဲ ဖြစ်သေးတယ်။ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။
ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်ကဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။

♦ ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊မပယ်နိုင်သေးလို့ ဖြစ်တာ။

♦ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။

လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်ကဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။

♦ နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ်ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။

♦ (၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာသောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။

♦ (၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ်တယ်။လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ၀န်ချတောင်းပန်ပြီး ပြေလည်အောင်လုပ်လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။

♦ နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူသူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင်ငွေပေးမယ်၊ ဘာပေးမယ်ပြောလဲ သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။

♦ နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရားတရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲစူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။

♦ နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲမပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီးသဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။

♦♦♦ အကျဉ်းပြန်ချုပ်လိုက်ရင်- ♦♦♦

၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။

၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။

၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယုံကြည်မှုဟာလဲ သောတာပန်ရဲ့ သဒ္ဓါ။

၄။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။

၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။

၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။

၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။

ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။

ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီးဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။ ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ၊ သမာဓိ၊ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အဝင်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။)

Credit>>>[ဒေါက်တာ အရှင်ပါရမီ]

Written by admin