ဓာတ္ပံုမ်ားကိစၥ ပထမဆံုးအႀကိမ္ ထုတ္ေျပာလာတဲ့ ျမတ္ေကသီေအာင္…

ဓာတ္ပံုမ်ားကိစၥ ပထမဆံုးအႀကိမ္ ထုတ္ေျပာလာတဲ့ ျမတ္ေကသီေအာင္…

သရုပ္ေဆာင္ ျမတ္ေကသီေအာင္ တစ္ေယာက္ ၿပီးခဲ့တဲ့ လက ေပါက္ၾကားခဲ့တဲ့ သူမရဲ့ အတြင္းေရး ဓာတ္ပံုမ်ားကိစၥကို ပထမဆံုးအႀကိမ္ ထုတ္ေျပာလာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၂ ရက္က ျမတ္ေကသီေအာင္ရဲ့ ကိုုယ္လံုးတီး ဓာတ္ပံုမ်ား ေဖ့စ္ဘြက္စာမ်က္ႏွာမွာ ေပါက္ၾကားၿပီး တစ္ႏိုင္ငံလံုး သိခဲ့တာ ျဖစ္ပါတယ္။

ဒီပံုမ်ားဟာ ဖန္တီးမႈမဟုတ္ပဲ သူမရဲ့ပံုမ်ားျဖစ္ၿပီး အနီးကပ္ အေဖာ္တစ္ေယာက္က ေဖာက္ခ်ခံရသည့္သေဘာမ်ိဳး ဒီေန႔ (ႏိုဝင္ဘာလ ၂၄ ရက္) သူမရဲ့ ေဖ့စ္ဘြက္စာမ်က္ႏွာမွာ ေရးသားလာတာ ျဖစ္ပါတယ္။

“အ….ေဖာ္ဆိုသည္မွာ ကိုယ္ကအေပါင္းအသင္း နည္းေတာ့ ကိုယ့္နားမွာရွိတ့ဲသူေတြကို တြယ္တတ္တယ္. လက္ခိဴးေရလို႕ရတဲ့ သူငယ္ခ်င္း မိတ္ေဆြေတြအေပၚကိုယ့္ညီမေတြ ေမာင္နွမေတြလို စိတ္ထားၿပီး စိတ္ေရာကိုယ္ပါ ကူညီေပးတတ္တယ္. ဘယ္သြားတယ္ ဘာလုပ္တယ္ဆိုတာမိဴး ဘယ္သူနဲ႔ ႀကိဳက္မိသြားတယ္ဆိုတာကအစ ကိုယ့္အေဖာ္ကို ဖြင့္ေျပာျပတတ္တယ္”

.“ကိုယ့္ခ်စ္တ့ဲသူေတြဆိုရင္ အၿမဲယုံၾကည္ၿပီး ကိုယ္ခံစားရသမ်ွကို တလုးံမက်န္တိုင္ပင္မိတ္တယ္. ကိုယ့္ဘဝမွာလွ်ိဳ႔ဝွက္ခ်က္ဆိုတာ စည္းတခုလို ေစာင့္စည္းရမ့ဲ အရာလို႔နားလည္ထားခဲ့ေပမ့ဲ ေဘးမွာ ရွိတဲ့ အေဖာ္ေတြကေတာ့ ကိုယ့္စိတ္လို မဟုတ္တဲ့အခါ… အေဖာ္ ဆိုသည္မွာ အ ရင္ ေဖာ္ခံရမယ္လို႔ပဲ နားလည္လိုက္ပါေတာ့တယ္” လို႔ ေရးသားထားတာ ျဖစ္ပါတယ္။

ဒါဟာဆိုရင္ ဓာတ္ပံုမ်ားကိစၥေပါက္ၾကားၿပီးေနာက္ သူမရဲ့ ပထမဆံုး ေဖ့စ္ဘြက္ပို႔စ္တစ္ခုလည္း ျဖစ္ပါတယ္။ သူ႔ရဲ့ ပို႔စ္ေအာက္မွာ စိုးျမတ္သူဇာကလည္း “အမ္း သူမ်ား ေတြက နာ့ကို ထင္ေနအုံး မယ္ နံမည္ေလး ထည့္ေျပာ လိုက္ သယ္ရင္း” လို႔ ေရးသားထားတာကို ေတြ႔ရသည္။

ျမတ္ေကသီေအာင္သည္ ၁၉၉၉ ခုႏွစ္က ရင္ထဲကေဆာင္းရာသီ ဇာတ္ကားျဖင့္ အမ်ိဳးသမီးဇာတ္ပို႔ဆု၊ ၂၀၀၅ ခုႏွစ္က ခ်စ္ျခင္းဖဲြ႔ေမတၱာ ဇာတ္ကားျဖင့္ အမ်ိဳးသမီးဇာတ္ပို႔ဆု အကယ္ဒမီမ်ား ရရွိခဲ့သည့္ မင္းသမီးတစ္ဦးျဖစ္သည္။

Photos©Myat Kay Thi Aung

Credit; PannPwint

Unicodeဖြင့်ဖတ်ရန်

သရုပ်ဆောင် မြတ်ကေသီအောင်တစ်ယောက် ပြီးခဲ့တဲ့ လက ပေါက်ကြားခဲ့တဲ့ သူမရဲ့ အတွင်းရေး ဓာတ်ပုံများကိစ္စကို ပထမဆုံးအကြိမ် ထုတ်ပြောလာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်က မြတ်ကေသီအောင်ရဲ့ ကိုုယ်လုံးတီး ဓာတ်ပုံများ ဖေ့စ်ဘွက်စာမျက်နှာမှာ ပေါက်ကြားပြီး တစ်နိုင်ငံလုံး သိခဲ့တာ ဖြစ်ပါတယ်။

ဒီပုံများဟာ ဖန်တီးမှုမဟုတ်ပဲ သူမရဲ့ပုံများဖြစ်ပြီး အနီးကပ် အဖော်တစ်ယောက်က ဖောက်ချခံရသည့်သဘောမျိုး ဒီနေ့ (နိုဝင်ဘာလ ၂၄ ရက်) သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားလာတာ ဖြစ်ပါတယ်။

“အ….ဖော်ဆိုသည်မှာ ကိုယ်ကအပေါင်းအသင်း နည်းတော့ ကိုယ့်နားမှာရှိတဲ့သူတွေကို တွယ်တတ်တယ်. လက်ခိူးရေလို့ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေအပေါ်ကိုယ့်ညီမတွေ မောင်နှမတွေလို စိတ်ထားပြီး စိတ်ရောကိုယ်ပါ ကူညီပေးတတ်တယ်. ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာမိူး ဘယ်သူနဲ့ ကြိုက်မိသွားတယ်ဆိုတာကအစ ကိုယ့်အဖော်ကို ဖွင့်ပြောပြတတ်တယ်”

.“ကိုယ့်ချစ်တဲ့သူတွေဆိုရင် အမြဲယုံကြည်ပြီး ကိုယ်ခံစားရသမျှကို တလုးံမကျန်တိုင်ပင်မိတ်တယ်. ကိုယ့်ဘဝမှာလျှို့ဝှက်ချက်ဆိုတာ စည်းတခုလို စောင့်စည်းရမဲ့ အရာလို့နားလည်ထားခဲ့ပေမဲ့ ဘေးမှာ ရှိတဲ့ အဖော်တွေကတော့ ကိုယ့်စိတ်လို မဟုတ်တဲ့အခါ… အဖော် ဆိုသည်မှာ အ ရင် ဖော်ခံရမယ်လို့ပဲ နားလည်လိုက်ပါတော့တယ်” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် ဓာတ်ပုံများကိစ္စပေါက်ကြားပြီးနောက် သူမရဲ့ ပထမဆုံး ဖေ့စ်ဘွက်ပို့စ်တစ်ခုလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပို့စ်အောက်မှာ စိုးမြတ်သူဇာကလည်း “အမ်း သူများ တွေက နာ့ကို ထင်နေအုံး မယ် နံမည်လေး ထည့်ပြော လိုက် သယ်ရင်း” လို့ ရေးသားထားတာကို တွေ့ရသည်။

မြတ်ကေသီအောင်သည် ၁၉၉၉ ခုနှစ်က ရင်ထဲကဆောင်းရာသီ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု၊ ၂၀၀၅ ခုနှစ်က ချစ်ခြင်းဖွဲ့မေတ္တာ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့သည့် မင်းသမီးတစ်ဦးဖြစ်သည်။

Photos©Myat Kay Thi Aung

Credit; PannPwint