မေ(ရွှေအင်းလေး)
ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ မွေးရာပါ မိန်းမကိုယ်နှစ်ခုပါလာတဲ့ မိန်းကလေး
အမေရိကန်ပြည်ထောင်စုက သူနာပြုမိန်းကလေးတစ်ဦးဟာ သူမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းက အမျိုးသမီး မွေးရာပါပစ္စည်းနှစ်ခုပါ လာခဲ့တာကြောင့် အံ့အားသင့်မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်လို့ သိရပါ တယ်။ နစ်စီထရီဖန်ဘန့်ဆိုသူ မိန်းကလေးငယ်ဟာဆိုရင် သူမရဲ့ မိန်းမကိုယ်နှစ်ခုပါလာတဲ့ အခြေအ နေက ကိုယ်အင်္ဂါပစ္စည်းတစ်ခုလျှင် သားအိမ်၊ မွေးလမ်းကြောင်း၊ သားအိမ်ထိပ်ဝအစရှိသဖြင့် အမျိုး သမီး ပစ္စည်း တစ်စုံစာ အပြည့်အဝပါလာခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး အ့ံအားသင့်စရာနဲ့ ရှားပါးဖြစ်စဉ်ကို uterus didelphus ဖြစ်စဉ်လို့ ခေါ်ဆိုကာ အမျိုးသမီး ပေါင်းများစွာမှာ တစ်ရာခိုင်နှုန်း လောက်သာ ဖြစ်နိုင်ချေရှိတဲ့ ရှားပါးမွေးရာပါအခြေအနေပဲဖြစ်ပါတယ်။ စိန့်လူးဝစ်၊ မစ်ဆူရီမှာနေထိုင်တဲ့ အဆိုပါ သူနာပြုမိန်း ကလေးငယ်ဟာ သူမရဲ့ ဒီလိုမျိုး အံ့အားသင့်စ ရာနဲ့ ထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်အကြောင်းကို အခုလိုပဲ ပြောပြသွားခဲ့ ပါတယ်။“ ကျွန်မ အတွက် အခက်အခဲဆုံး အရာကတော့ ကျွန်မကိုယ် ကျွန်မအမျိုးသမီးတစ်ယောက်လိုတောင် ခံစားလို့ မရတာပါပဲ။ ဒါဟာ ကျွန်မကို တကယ်ပဲ အထူးအဆန်းဖြစ်စေခဲ့ပါတယ်။ ဘာ့ကြောင့်မို့လို့ ကျွန်မတစ် ယောက်စီမှာပဲ ဒီလိုမျိုး ကိစ္စက ဖြစ်လာတာလဲ” လို့ သူမရဲ့ စိတ်ခံစားမှုကို ပြောပြခဲ့ပါ တယ်။
သူမရဲ့ ဆယ်ကျော်သက်အချိန်တွေ တော်တော်များများကို အိပ်ခန်းထဲက အိပ်ယာပေါ်မှာပဲ အချိန် ကုန်ဆုံးခဲ့ရတာဖြစ်ကာ သားအိမ်နှစ် ခုရဲ့ ဓမ္မတာရာသီစီးဆင်းမှုနှစ်ကြိမ်ကြောင့် သွေးအားနည်းရောဂါ ကိုလည်း ခံစားခဲ့ရတယ်လို့ သိရပါတယ်။လက်ရှိအချိန်မှာတေ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးက သူမရဲ့ ရောဂါဖြစ်စဉ် အကြောင်းအရင်းအတွက် ကုသမှုနည်း လမ်းများစွာနဲ့ ကုသမှုတွေပြုလုပ်ခဲ့ပြီးတော့ ချစ်သူအမျိုး သားတစ်ဦးနဲ့ အိမ်ထောင်ရက်သားပြုထားပြီးလည်း ဖြစ်ပါတယ်။
နစ်စီနဲ့ပတ် သက်ပြီး ခင်ပွန်းဖြစ်သူ အန်ဒီကတော့ ဒီလိုပြောပါတယ်။“ သူမဟာ သိပ်ကိုကြံ့ခိုင်တဲ့အမျိုးသမီးတစ်ဦးပါ။ သူမကိုလည်း ဘဝတစ်လျှောက်လုံး ကြံ့ခိုင်သန် မာတဲ့ အမျိုးသမီးတစ်ဦးဖြစ်အောင် နေဖို့လည်း တိုက်တွန်းအားပေးခဲ့ပါတယ်။ ကျွန်တော့မှာတော့ ဒီလိုမျိုး ခံစားမှုကို မကြုံဖူးလို့ မသိပါဘူး။ ဒါပေမယ့် ဒါဟာ ဘယ်လောက် ခက်ခဲလဲဆိုတာ ကျွန်တော် ခံစားမိပါတယ်” လို့ ဆိုပါတယ်။
မေ(ရွှေအင်းလေး)
Written by admin