ဆံပင္အတြက္ ၾကက္သြန္နီရည္နဲ႔ သံုးစြဲတဲ့နည္းလမ္း ၄ မ်ိဳး…

ဆံပင္အတြက္ ၾကက္သြန္နီရည္နဲ႔ သံုးစြဲတဲ့နည္းလမ္း ၄ မ်ိဳး…

ၾကက္သြန္နီအရည္ ထုတ္လုပ္ၿပီးသား ဗူးေတြရွိတာ ေတြ႔ရပါတယ္။ ကိုယ္တိုင္လဲ လုပ္လို႔ရတဲ့နည္းလမ္းေတြ ရွိပါတယ္။ နည္းေတြကလဲ ရိုးရိုးေလးေတြပါပဲ။ ကိုယ့္အတြက္ လြယ္ကူသက္သာမယ့္ နည္းလမ္းေတြ ေရြးခ်ယ္ သံုးစြဲႏိုင္ပါတယ္။

(၁) ပထမနည္းကေတာ့– ၾကက္သြန္နီ သတၱဳရည္ သက္သက္ပါ။

ဆာလဖာ ဓာတ္ ပါ၀င္မႈမ်ားတဲ့ ၾကက္သြန္နီရဲ႔ အက်ိဳးေက်းဇူး ရရွိဖို႔ အလြယ္ဆံုး နည္းလမ္းလဲ ျဖစ္ပါတယ္။ ၾကက္သြန္နီေတြကို ႀကိတ္စက္ထဲ ထည့္ႀကိတ္ၿပီး အရည္ညွစ္ယူလိုက္တာပါ။ အဲဒီအရည္ကို ဦးေရျပားမွာ လိမ္းၿပီး အနည္းဆံုးမိနစ္ ၃၀ ကေန ဆႏၵရွိရင္ ဒီထက္အခ်ိန္ပိုၾကာၾကာ ထားလို႔ရပါတယ္။ ၿပီးရင္ေတာ့ ေရေဆးခ် ေခါင္းေလွ်ာ္လိုက္ေပါ့ေနာ။ ဒါမ်ိဳး တပတ္ကို ၃ ႀကိမ္ လုပ္ျဖစ္တယ္ ဆိုရင္ တစ္လ ၂ လ အတြင္း အက်ိဳးထူုးပါတယ္တဲ့။ သဘာ၀နည္းလမ္းတစ္ခုျဖစ္ဖို႔ စိတ္ေတာ့ ရွည္ေပးပါတဲ့။

(မူရင္းေဆာင္းပါးမွာ ပါတဲ့အတိုင္း ဘာသာျပန္ ေ၇းေပးတာေနာ္ :P)

(၂) ဒုတိယနည္းကေတာ့– ပ်ားရည္+ၾကက္သြန္နီရည္ ၂ မ်ိဳးေရာ အရည္ပါ။
ဒီအရည္ကိုေတာ့ လိမ္းလို႔တင္မက ေသာက္လို႔လဲ ရပါတယ္ တဲ့။ ပ်ားရည္ စားပြဲတင္ဇြန္း တစ္ဇြန္းကို ၾကက္သြန္နီရည္က ခြက္ရဲ႕ ၄ ပံု ၁ ပံုစာ ေရာရမွာပါ။ ေန႔တိုင္း ေသာက္ေပးပါ လို႔ ဆိုပါတယ္။ တၿပိဳင္ထဲပဲ ေခါင္းေလွ်ာ္မယ္ ဆိုရင္လဲ အဲဒီ ၾကက္သြန္နီရည္+ပ်ားရည္ အေရာကို ဦးေရျပားေပၚနဲ႔ ဆံပင္ေတြမွာ ၁၀ မိနစ္ေလာက္ လိမ္းက်ံႏွိပ္နယ္ၿပီး မိနစ္ ၃၀ ေလာက္ထားၿပီး ေလွ်ာ္ေပးရမွာပါ။

(၃) ေနာက္တစ္နည္းကေတာ့ ၾကက္သြန္နီအရည္+ ဆီေတြ ေရာထားတဲ့ အရည္ပါ။ ၾကက္သြန္နီအရည္ ၃ ဇြန္းကို အုန္းဆီ ၁ ဇြန္းနဲ႔ သံလြင္ဆီ ၁ ဇြန္းတို႔နဲ႔ ေရာေႏွာေပးရပါမယ္။ အဲဒီအရည္ေတြကို ဆံပင္နဲ႔ဦးေရျပားအတြက္ အနည္းဆံုး တပတ္ ၃ ႀကိမ္ သံုးစြဲလို႔ရပါတယ္။ ဒီနည္းက ဆံပင္ကၽြတ္တာ၊ အထူးသျဖင့္ ဦးေရျပား ေျခာက္ေသြ႔ ယားယံတာေတြအတြက္ နည္းေကာင္း တစ္ခုလို႔ ဆိုပါတယ္။
(၄) ၾကက္သြန္နီရည္+ရမ္ ေရာေႏွာအရည္ပါ။

ကိုယ့္ဆံပင္ေပၚမွာ ၾကက္သြန္နီရဲ႕ မြန္တဲ့ အနံျပင္းျပင္းကို သည္းမခံႏိုင္ဘူး ဆိုရင္ အခုေျပာတဲ့နည္းကို သံုးစြဲႏိုင္ပါတယ္။ ၾကက္သြန္နီ အတံုးေလးေတြ လွီးထားတာေတြကို ရမ္အရက္ ထည့္ထားတဲ့ ဖန္ခြက္ထဲကို ထည့္လိုက္ၿပီးေတာ့ ဒီအတိုင္း တညေလာက္ ထားရမွာပါ။ ေရခဲေသတၱာထဲလဲ မထားရပါဘူး။ ကိုယ္ေခါင္းေလွ်ာ္မယ္ဆိုရင္ အဲ့ဒီအရည္ကို ဆံပင္ကိုလိမ္း၊ ဦးေရကိုလဲ ႏွိပ္နယ္ေပးရပါမယ္။ ဆံပင္ေပါက္ ဆံပင္သန္ေစဖို႔ အက်ိဳးျပဳပါတယ္ တဲ့။

ၾကက္သြန္နီအရည္ဟာ ဆံပင္ကၽြတ္တာေတြနဲ႔ အကြက္လိုက္ကၽြတ္တဲ့ ဆံပင္ေနရာေတြမွာ ျပန္ေပါက္ေအာင္ ႏွစ္ေပါင္းမ်ားစြာ သံုးစြဲလာတဲ့နည္းလို႔ အဂၤလိပ္ဘာသာနဲ႔ ေဖာ္ျပထားတဲ့ မူရင္းေဆာင္းပါးမွာ ဖတ္ရွဳရပါတယ္။ ဆံပင္အတြက္ ၾကက္သြန္နီရည္ သံုးစြဲတာမွာ ျပသနာတစ္ခုကေတာ့ ၾကက္သြန္နီနံ႔ မႊန္ထူ စူးရွ ျပင္းထန္တာပါပဲ။ ၾကက္သြန္နီနံ႕ ခပ္ျပင္းျပင္းကို မႀကိဳက္ဖူး၊ သည္းမခံႏိုင္ဘူး ဆိုရင္ေတာ့ ပံုမွန္သံုးစြဲသြားဖို႔ အခက္အခဲ ရွိပါလိမ့္မယ္။ ၾကက္သြန္နီ အနံ႔ျပင္းကို ေအာင့္အီး သည္းခံႏိုင္မယ္ ဆိုရင္ေတာ့ ဆံပင္သန္စြမ္းေကာင္းမြန္ဖို႔ အက်ိဳးထူးကို ခံစားရမွာပါပဲ။

ၾကက္သြန္နီရည္ သံုးစြဲတဲ့ ဆံပင္အတြက္ နည္းလမ္းေတြကေတာ့ ေနာက္ထပ္ ရွိပါေသးတယ္။ ခု ၄ နည္းကေတာ့ ေဆာင္းပါးကို ဘာသာျပန္ထားတာပါ။

Credit to : က်န္းမာေရးသတင္းမ်ား

Unicode

ဆံပင်အတွက် ကြက်သွန်နီရည်နဲ့ သုံးစွဲတဲ့နည်းလမ်း ၄ မျိုး

ကြက်သွန်နီအရည် ထုတ်လုပ်ပြီးသား ဗူးတွေရှိတာ တွေ့ရပါတယ်။ ကိုယ်တိုင်လဲ လုပ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။ နည်းတွေကလဲ ရိုးရိုးလေးတွေပါပဲ။ ကိုယ့်အတွက် လွယ်ကူသက်သာမယ့် နည်းလမ်းတွေ ရွေးချယ် သုံးစွဲနိုင်ပါတယ်။

(၁) ပထမနည်းကတော့– ကြက်သွန်နီ သတ္တုရည် သက်သက်ပါ။

ဆာလဖာ ဓာတ် ပါ၀င်မှုများတဲ့ ကြက်သွန်နီရဲ့ အကျိုးကျေးဇူး ရရှိဖို့ အလွယ်ဆုံး နည်းလမ်းလဲ ဖြစ်ပါတယ်။ ကြက်သွန်နီတွေကို ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး အရည်ညှစ်ယူလိုက်တာပါ။ အဲဒီအရည်ကို ဦးရေပြားမှာ လိမ်းပြီး အနည်းဆုံးမိနစ် ၃၀ ကနေ ဆန္ဒရှိရင် ဒီထက်အချိန်ပိုကြာကြာ ထားလို့ရပါတယ်။ ပြီးရင်တော့ ရေဆေးချ ခေါင်းလျှော်လိုက်ပေါ့နော။ ဒါမျိုး တပတ်ကို ၃ ကြိမ် လုပ်ဖြစ်တယ် ဆိုရင် တစ်လ ၂ လ အတွင်း အကျိုးထူုးပါတယ်တဲ့။ သဘာဝနည်းလမ်းတစ်ခုဖြစ်ဖို့ စိတ်တော့ ရှည်ပေးပါတဲ့။

(မူရင်းဆောင်းပါးမှာ ပါတဲ့အတိုင်း ဘာသာပြန် ရေးပေးတာနော် :P)

(၂) ဒုတိယနည်းကတော့– ပျားရည်+ကြက်သွန်နီရည် ၂ မျိုးရော အရည်ပါ။
ဒီအရည်ကိုတော့ လိမ်းလို့တင်မက သောက်လို့လဲ ရပါတယ် တဲ့။ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းကို ကြက်သွန်နီရည်က ခွက်ရဲ့ ၄ ပုံ ၁ ပုံစာ ရောရမှာပါ။ နေ့တိုင်း သောက်ပေးပါ လို့ ဆိုပါတယ်။ တပြိုင်ထဲပဲ ခေါင်းလျှော်မယ် ဆိုရင်လဲ အဲဒီ ကြက်သွန်နီရည်+ပျားရည် အရောကို ဦးရေပြားပေါ်နဲ့ ဆံပင်တွေမှာ ၁၀ မိနစ်လောက် လိမ်းကျံနှိပ်နယ်ပြီး မိနစ် ၃၀ လောက်ထားပြီး လျှော်ပေးရမှာပါ။

(၃) နောက်တစ်နည်းကတော့ ကြက်သွန်နီအရည်+ ဆီတွေ ရောထားတဲ့ အရည်ပါ။ ကြက်သွန်နီအရည် ၃ ဇွန်းကို အုန်းဆီ ၁ ဇွန်းနဲ့ သံလွင်ဆီ ၁ ဇွန်းတို့နဲ့ ရောနှောပေးရပါမယ်။ အဲဒီအရည်တွေကို ဆံပင်နဲ့ဦးရေပြားအတွက် အနည်းဆုံး တပတ် ၃ ကြိမ် သုံးစွဲလို့ရပါတယ်။ ဒီနည်းက ဆံပင်ကျွတ်တာ၊ အထူးသဖြင့် ဦးရေပြား ခြောက်သွေ့ ယားယံတာတွေအတွက် နည်းကောင်း တစ်ခုလို့ ဆိုပါတယ်။
(၄) ကြက်သွန်နီရည်+ရမ် ရောနှောအရည်ပါ။

ကိုယ့်ဆံပင်ပေါ်မှာ ကြက်သွန်နီရဲ့ မွန်တဲ့ အနံပြင်းပြင်းကို သည်းမခံနိုင်ဘူး ဆိုရင် အခုပြောတဲ့နည်းကို သုံးစွဲနိုင်ပါတယ်။ ကြက်သွန်နီ အတုံးလေးတွေ လှီးထားတာတွေကို ရမ်အရက် ထည့်ထားတဲ့ ဖန်ခွက်ထဲကို ထည့်လိုက်ပြီးတော့ ဒီအတိုင်း တညလောက် ထားရမှာပါ။ ရေခဲသေတ္တာထဲလဲ မထားရပါဘူး။ ကိုယ်ခေါင်းလျှော်မယ်ဆိုရင် အဲ့ဒီအရည်ကို ဆံပင်ကိုလိမ်း၊ ဦးရေကိုလဲ နှိပ်နယ်ပေးရပါမယ်။ ဆံပင်ပေါက် ဆံပင်သန်စေဖို့ အကျိုးပြုပါတယ် တဲ့။

ကြက်သွန်နီအရည်ဟာ ဆံပင်ကျွတ်တာတွေနဲ့ အကွက်လိုက်ကျွတ်တဲ့ ဆံပင်နေရာတွေမှာ ပြန်ပေါက်အောင် နှစ်ပေါင်းများစွာ သုံးစွဲလာတဲ့နည်းလို့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ မူရင်းဆောင်းပါးမှာ ဖတ်ရှုရပါတယ်။ ဆံပင်အတွက် ကြက်သွန်နီရည် သုံးစွဲတာမှာ ပြသနာတစ်ခုကတော့ ကြက်သွန်နီနံ့ မွှန်ထူ စူးရှ ပြင်းထန်တာပါပဲ။ ကြက်သွန်နီနံ့ ခပ်ပြင်းပြင်းကို မကြိုက်ဖူး၊ သည်းမခံနိုင်ဘူး ဆိုရင်တော့ ပုံမှန်သုံးစွဲသွားဖို့ အခက်အခဲ ရှိပါလိမ့်မယ်။ ကြက်သွန်နီ အနံ့ပြင်းကို အောင့်အီး သည်းခံနိုင်မယ် ဆိုရင်တော့ ဆံပင်သန်စွမ်းကောင်းမွန်ဖို့ အကျိုးထူးကို ခံစားရမှာပါပဲ။

ကြက်သွန်နီရည် သုံးစွဲတဲ့ ဆံပင်အတွက် နည်းလမ်းတွေကတော့ နောက်ထပ် ရှိပါသေးတယ်။ ခု ၄ နည်းကတော့ ဆောင်းပါးကို ဘာသာပြန်ထားတာပါ။

Credit to : ကျန်းမာရေးသတင်းများ

Written by admin