ရံုးပတီသီးစားေပးသင့္တဲ့ အေၾကာင္းျပခ်က္ (၇) ခ်က္…

ရံုးပတီသီးစားေပးသင့္တဲ့ အေၾကာင္းျပခ်က္ (၇) ခ်က္…

ေယာက်္ားေလးေတြ ဘီယာဆိုင္ထိုင္လို႔ ဘီယာနဲ႔အကင္ျမည္းေတာ့မယ္ဆိုရင္ ရံုးပတီသီးကင္တစ္ကင္ေလာက္ေတာ့ ပါစျမဲပါ။

ရံုးပတီသီးဟာ ေယာက်္ားအားေကာင္းေစၿပီး အစာေျခအဂၤါ စနစ္အတြက္ အေထာက္အကူျပဳေစတယ္လို႔ ယံုၾကည္ၾကလို႔ ရံုးပတီသီးကင္ကို ထည့္သြင္းစားသံုးၾကတာပါ။

တကယ္ေတာ့ ရံုးပတီသီးမွာ တျခားလူမသိေသးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူး ေတြလည္း ရွိပါေသးတယ္။

၁။ အစာေၾကေစတယ္

ရံုးပတီသီးက သဘာဝေခ်ာဆီတစ္မ်ိဳးျဖစ္တာကိုေတာ့ အားလံုးသိထားၾကၿပီးသားပါ။ စားလုိက္ရင္ ပါးစပ္ထဲကို ခြ်ဲက်ိခြ်ဲက်ိနဲ႔ ဝင္သြားတဲ့ ရံုးပတီသီးဟာ အမွ်င္ဓာတ္အထူးၾကြယ္ဝၿပီး ေရမွာလြယ္ကူစြာ ေပ်ာ္ဝင္ႏုိင္ပါတယ္။

ေနာက္ၿပီး အစာအိမ္အူလမ္းေၾကာင္း တေလွ်ာက္ကိုလည္း ေခ်ာေမြ႕ေအာင္ ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။

ရံုးပတီသီးဟာ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြနဲ႔ ပိုလွ်ံေနတဲ့ ကိုလက္စ္ထေရာေတြကိုလည္း အညစ္အေၾကးနဲ႔အတူ ပါသြားေအာင္ ဖယ္ရွားေပးႏိုင္ပါတယ္။

ဒါေၾကာင့္ အူသိမ္ကင္ဆာ၊ အူမႀကီးကင္ဆာတို႔လို အစာအိမ္၊ အူလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ ေရာဂါေတြကို ျဖစ္မလာေအာင္ တားဆီးေပးႏိုင္ပါေသးတယ္။

၂။ ႏွလံုးကိုက်န္းမာေစတယ္

ရံုးပတီသီးထဲမွာ ပါဝင္တဲ့ အမွ်င္ဓာတ္ဟာ ကိုလက္စ္ထေရာေတြကို စုစည္းေပးၿပီး အညစ္အေၾကးထုတ္ အဂၤါအဖြဲ႕အစည္းထဲကို မ်ားမ်ားနဲ႔ျမန္ျမန္ေရာက္ေအာင္ လုပ္ေဆာင္ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ ကိုလက္စ္ထေရာမ်ားျခင္းေၾကာင့္ ျဖစ္တတ္တဲ့ ႏွလံုးေရာဂါနဲ႔ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါတို႔ကို ကာကြယ္တားဆီးေပးႏိုင္တာေပါ့။

၃။ ဆီးခ်ိဳေသြးခ်ိဳ ေပ်ာက္ေစတယ္

ရံုးပတီကို ကင္စားတာပဲျဖစ္ျဖစ္၊ ဟင္းခ်ိဳခ်က္တာပဲျဖစ္ျဖစ္ လုပ္စားတဲ့အခါ အဆီပါဝင္မႈ အလြန္နည္းၿပီး ေသြးတြင္းသၾကားဓာတ္ ေဆာင့္တက္ျခင္းကိုလည္း ျဖစ္မလာေအာင္ တားဆီးေပးႏိုင္ပါတယ္။

ဒါ့အျပင္ ရံုးပတီသီးထဲမွာပါဝင္တဲ့ ခြ်ဲပ်စ္တဲ့ အာဟာရဓာတ္ဟာ အူလမ္းေၾကာင္းတေလွ်ာက္မွာ သၾကားစုပ္ယူျခင္းကို ထိန္းညွိေပးတာေၾကာင့္လည္း ဆီးခ်ိဳေသြးခ်ိဳသမားေတြ စိတ္ခ်လက္ခ်စားသံုးႏိုင္ပါတယ္။

၄။ ေသြးအားေကာင္းေစတယ္

တခ်ိဳ႕ေတြက ရံုးပတီသီးကို အမ်ိဳးသားေတြအတြက္ပဲ ေကာင္းတယ္လို႔ထင္ၾကပါတယ္။ တကယ္ေတာ့ ရံုးပတီသီးဟာ ေသြးနီဥဆဲလ္ ထုတ္လုပ္မႈကို ျမွင့္တင္ေပးၿပီး ေသြးအားနည္းေရာဂါကိုလည္း တားဆီးေပးတဲ့အတြက္ အမ်ိဳးသမီးေတြအတြက္လည္း စားသံုးေပးသင့္တဲ့ အစားအစာတစ္မ်ိဳးပါ။

ရံုးပတီသီးစားျခင္းျဖင့္ ဆံျခည္မွ်င္ေသြးေၾကာေလးေတြကိုလည္း အားေကာင္းလာေစႏုိင္ၿပီး ရံုးပတီသီးမွာပါဝင္တဲ့ ဗိုက္တာမင္ေကက ေသြးေၾကာတြင္းေသြးခဲျခင္း မျဖစ္ေအာင္လည္း တားဆီးေပးႏိုင္ပါတယ္။

၅။ ပန္းနာရင္ၾကပ္ေပ်ာက္တယ္

ေဆာင္းတြင္းဆိုတာ ပန္းနာရင္ၾကပ္သမားေတြအတြက္ေတာ့ ေၾကာက္ရတဲ့ ရာသီဥတုတစ္ခုပါ။

တကယ္လို႔ ေန႔စဥ္အစားအေသာက္ ထဲမွာ ရံုးပတီသီးကို ထည့္သြင္းေပးမယ္ဆိုရင္ေတာ့ ပန္းနာရင္ၾကပ္သမားေတြအတြက္ ရင္ၾကပ္ျခင္းကို သက္သာေစမွာပါ။

႐ံုးပတီသီးဟာ antioxidant နဲ႔ ဗိုက္တာမင္စီ ၾကြယ္ဝၿပီး အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးအတြက္ ရံုးပတီသီးစားေပးဖို႔ ဆရာဝန္ေတာ္ေတာ္မ်ားမ်ား ညႊန္းဆိုၾကပါတယ္။

၆။ အရိုးေတြကိုသန္မာေစတယ္

ဗိုက္တာမင္ေက ၾကြယ္ဝတဲ့အတြက္ ႐ံုးပတီသီးစားေပးျခင္းဟာ အရိုးေတြရဲ႕သန္မာမႈကို ျမင့္တက္ေစႏိုင္ပါတယ္။

ေနာက္ၿပီး အဆစ္ေရာင္ေရာဂါသည္ေတြအတြက္ေတာ့ ရံုးပတီသီးစားျခင္းျဖင့္ ေဝဒနာကို ေလ်ာ့ပါးသက္သာေစမွာပါ။

၇။ မ်က္စိအားေကာင္းေစတယ္

Antioxidant အထူးၾကြယ္ဝတဲ့အတြက္ ႐ံုးပတီသီးဟာ စကၡဳအာရံုကို အေထာက္အကူျဖစ္ေစတဲ့ အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးပါဝင္ၿပီး မ်က္မွန္တပ္ေနရတဲ့သူေတြ ရံုးပတီသီးစားေပးမယ္ဆိုရင္ ပါဝါက်သြားတာကို ေတြ႕ျမင္ရမွာပါ။

ေနာက္ၿပီး မ်က္စိအတြင္းတိမ္ေရာဂါနဲ႔ ေရတိမ္ေရာဂါတုိ႔ ျဖစ္မလာေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

Source: Healthyfocus
Duwun

Unicode Version

ရုံးပတီသီးစားပေးသင့်တဲ့ အကြောင်းပြချက် (၇) ချက်

ယောကျ်ားလေးတွေ ဘီယာဆိုင်ထိုင်လို့ ဘီယာနဲ့အကင်မြည်းတော့မယ်ဆိုရင် ရုံးပတီသီးကင်တစ်ကင်လောက်တော့ ပါစမြဲပါ။

ရုံးပတီသီးဟာ ယောကျ်ားအားကောင်းစေပြီး အစာခြေအင်္ဂါ စနစ်အတွက် အထောက်အကူပြုစေတယ်လို့ ယုံကြည်ကြလို့ ရုံးပတီသီးကင်ကို ထည့်သွင်းစားသုံးကြတာပါ။

တကယ်တော့ ရုံးပတီသီးမှာ တခြားလူမသိသေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေလည်း ရှိပါသေးတယ်။

၁။ အစာကြေစေတယ်

ရုံးပတီသီးက သဘာဝချောဆီတစ်မျိုးဖြစ်တာကိုတော့ အားလုံးသိထားကြပြီးသားပါ။ စားလိုက်ရင် ပါးစပ်ထဲကို ချွဲကျိချွဲကျိနဲ့ ဝင်သွားတဲ့ ရုံးပတီသီးဟာ အမျှင်ဓာတ်အထူးကြွယ်ဝပြီး ရေမှာလွယ်ကူစွာ ပျော်ဝင်နိုင်ပါတယ်။

နောက်ပြီး အစာအိမ်အူလမ်းကြောင်း တလျှောက်ကိုလည်း ချောမွေ့အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။

ရုံးပတီသီးဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ ပိုလျှံနေတဲ့ ကိုလက်စ်ထရောတွေကိုလည်း အညစ်အကြေးနဲ့အတူ ပါသွားအောင် ဖယ်ရှားပေးနိုင်ပါတယ်။

ဒါကြောင့် အူသိမ်ကင်ဆာ၊ အူမကြီးကင်ဆာတို့လို အစာအိမ်၊ အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေကို ဖြစ်မလာအောင် တားဆီးပေးနိုင်ပါသေးတယ်။

၂။ နှလုံးကိုကျန်းမာစေတယ်

ရုံးပတီသီးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ ကိုလက်စ်ထရောတွေကို စုစည်းပေးပြီး အညစ်အကြေးထုတ် အင်္ဂါအဖွဲ့အစည်းထဲကို များများနဲ့မြန်မြန်ရောက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ဒါကြောင့် ကိုလက်စ်ထရောများခြင်းကြောင့် ဖြစ်တတ်တဲ့ နှလုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတို့ကို ကာကွယ်တားဆီးပေးနိုင်တာပေါ့။

၃။ ဆီးချိုသွေးချို ပျောက်စေတယ်

ရုံးပတီကို ကင်စားတာပဲဖြစ်ဖြစ်၊ ဟင်းချိုချက်တာပဲဖြစ်ဖြစ် လုပ်စားတဲ့အခါ အဆီပါဝင်မှု အလွန်နည်းပြီး သွေးတွင်းသကြားဓာတ် ဆောင့်တက်ခြင်းကိုလည်း ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။

ဒါ့အပြင် ရုံးပတီသီးထဲမှာပါဝင်တဲ့ ချွဲပျစ်တဲ့ အာဟာရဓာတ်ဟာ အူလမ်းကြောင်းတလျှောက်မှာ သကြားစုပ်ယူခြင်းကို ထိန်းညှိပေးတာကြောင့်လည်း ဆီးချိုသွေးချိုသမားတွေ စိတ်ချလက်ချစားသုံးနိုင်ပါတယ်။

၄။ သွေးအားကောင်းစေတယ်

တချို့တွေက ရုံးပတီသီးကို အမျိုးသားတွေအတွက်ပဲ ကောင်းတယ်လို့ထင်ကြပါတယ်။ တကယ်တော့ ရုံးပတီသီးဟာ သွေးနီဥဆဲလ် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သွေးအားနည်းရောဂါကိုလည်း တားဆီးပေးတဲ့အတွက် အမျိုးသမီးတွေအတွက်လည်း စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးပါ။

ရုံးပတီသီးစားခြင်းဖြင့် ဆံခြည်မျှင်သွေးကြောလေးတွေကိုလည်း အားကောင်းလာစေနိုင်ပြီး ရုံးပတီသီးမှာပါဝင်တဲ့ ဗိုက်တာမင်ကေက သွေးကြောတွင်းသွေးခဲခြင်း မဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။

၅။ ပန်းနာရင်ကြပ်ပျောက်တယ်

ဆောင်းတွင်းဆိုတာ ပန်းနာရင်ကြပ်သမားတွေအတွက်တော့ ကြောက်ရတဲ့ ရာသီဥတုတစ်ခုပါ။

တကယ်လို့ နေ့စဉ်အစားအသောက် ထဲမှာ ရုံးပတီသီးကို ထည့်သွင်းပေးမယ်ဆိုရင်တော့ ပန်းနာရင်ကြပ်သမားတွေအတွက် ရင်ကြပ်ခြင်းကို သက်သာစေမှာပါ။

ရုံးပတီသီးဟာ antioxidant နဲ့ ဗိုက်တာမင်စီ ကြွယ်ဝပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် ရုံးပတီသီးစားပေးဖို့ ဆရာဝန်တော်တော်များများ ညွှန်းဆိုကြပါတယ်။

၆။ အရိုးတွေကိုသန်မာစေတယ်

ဗိုက်တာမင်ကေ ကြွယ်ဝတဲ့အတွက် ရုံးပတီသီးစားပေးခြင်းဟာ အရိုးတွေရဲ့သန်မာမှုကို မြင့်တက်စေနိုင်ပါတယ်။

နောက်ပြီး အဆစ်ရောင်ရောဂါသည်တွေအတွက်တော့ ရုံးပတီသီးစားခြင်းဖြင့် ဝေဒနာကို လျော့ပါးသက်သာစေမှာပါ။

၇။ မျက်စိအားကောင်းစေတယ်

Antioxidant အထူးကြွယ်ဝတဲ့အတွက် ရုံးပတီသီးဟာ စက္ခုအာရုံကို အထောက်အကူဖြစ်စေတဲ့ အကျိုးကျေးဇူးတွေလည်း အများကြီးပါဝင်ပြီး မျက်မှန်တပ်နေရတဲ့သူတွေ ရုံးပတီသီးစားပေးမယ်ဆိုရင် ပါဝါကျသွားတာကို တွေ့မြင်ရမှာပါ။

နောက်ပြီး မျက်စိအတွင်းတိမ်ရောဂါနဲ့ ရေတိမ်ရောဂါတို့ ဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Source: Healthyfocus
Duwun

Written by admin