၁။နီလာ နီလာ နိစ္ဆရန္တိ၊
ပီတာ ပီတာ စ ရံသိယော။
လောဟိတာ လောဟိတာ စာဘာ၊
ဩဒါတော ဒါတရံသိယော။
၂။တမှာ တမှာ စမဉ္ဇိဌာ၊
ပဘာသန္တိ ပဘဿရာ။
ဧဝံ ဆဗဏ္ဏရံသိ သော၊
ဌာတု မေ ဘဂဝါ သိရေ။
နတ်ပင့်
မိမိရဲ့မွေးနေ့ရက်မှစ၍ ( တနင်္ဂနွေ၊တနင်္လာ၊အဂါင်္)အဓိဌာန်စဝင်ရပါမည်
အမျှဝေပါ။
အရာရာ အဆင်ပြေစေဖို့အတွက် ဆီမီး စေတီ ပဌာန်းရက်(၉၀)အဓိဌာန်
မဟာပဌာန်းရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်
၁။နီလာ နီလာ နိစ္ဆရန္တိ၊
ပီတာ ပီတာ စ ရံသိယော။
လောဟိတာ လောဟိတာ စာဘာ၊
ဩဒါတော ဒါတရံသိယော။
၂။တမှာ တမှာ စမဉ္ဇိဌာ၊
ပဘာသန္တိ ပဘဿရာ။
ဧဝံ ဆဗဏ္ဏရံသိ သော၊
ဌာတု မေ ဘဂဝါ သိရေ။
နတ်ပင့်
၁။သမန္တာ စက္ကဝါဠေသု၊အတြာဂစ္ဆ န္တု ဒေဝတာ။
သဒမ္မံ မုနိရာဇဿ၊သုဏန္တု သဂ္ဂမောက္ခဒံ။
၂။ဓမ္မ ဿ ဝနကာလော အယံ ဘဒန္တာ။
ဆီမီးစေတီပဌာန်းရက်(၉၀)အဓိဌာန်
မိမိရဲ့မွေးနေ့ရက်မှစ၍ ( တနင်္ဂနွေ၊တနင်္လာ၊အဂါၤ)အဓိဌာန်စဝင်ရပါမည်
နေတိုင်းနေ့လည်၁၂နာရီမထိုးခင်ပဌာန်းပုံမှန်ရွတ်ရပါမည်၊အချိန်မှန်မရွတ်နိုင်လျှင်နေ့မကူးခင်ရွတ်ရပါမည်။
ရေချိုးသန့်ရှင်းဆင်ကြယ်ပြီးယောဂီအညိုဝမ်းဆက်ဝတ်၍ရွတ်ရပါမည်(အမွေးနံသာမိတ်ကပ်များမလိမ်းပဲရွတ်လျှင်ပိုကောင်းပါသည်)
ပဌာန်းမရွတ်မှီမိမိပုံမှန်ဘုရားရှိခိုးသည့်အတိုင်းရှိခိုးပါပြီလျှင်နတ်ဒေဝါများပင့်ဖိတ်ပါ၊သစ္စာဆိုပါ။
နမော တဿ သုံးကြိမ်ရွတ်ပါ
(၁)ဆီမီးခွက်များကိုစေတီပုံအောက်ခြေမှ စပြီးမိမိရဲ့ဘယ်ဘက်ကနေဇစ်ဇက်ဆီမီးတခွက်ချ ဟေတု ပစ္စယော နောက်တခွက်ချ အာရမ္မဏ ပစ္စယောစ တခွက်ပြီးတခွက်အဝိဂတ ပစ္စယော အထိ အဆင့်ဆင့်ချ၍ရွတ်ပါ။
နမော တဿ သုံးကြိမ်ထပ်ရွတ်ပါ
(၂)ခွက်များချပြီးဖယောင်းတိုင်များကိုလည်းမိမိရဲ့ဘယ်ဘက်ကနေဖယောင်းတိုင်တတိုင်ချ ဟေတု ပစ္စယော မှတတိုင်ပြီးတတိုင်ချပြီး အဝိဂ ပစ္စယောအထိဖယောင်းတိုင်ချပြီးရွတ်ပါ။
နမော တဿ နောက်ထပ်သုံးကြိမ်ထပ်ရွတ်ပါ
(၃)မိမိရဲ့ဘယ်ဘက်မှစမီးစညိုပြီးဟေတု ပစ္စယော မှစ၍ တခွက်ပြီးတခွက်မီးညိုပြီးအဝိဂတ ပစ္စယောအထိမီးညှိရွတ်ပါ။
ဖယောင်းတိုင်မီးမကုန်ခင်ပဌာန်းအကျယ်ရွတ်ပါ(ပိုကောင်းပါသည်)
အဓိဌာန်သစ္စာဆိုပါ၊လိုရာဆုတဆုတောင်းပါ၊
အမျှဝေပါ။
ပင့်ဖိတ်ထားသောနတ်ဒေဝါများအားပြန်ပို့ဆောင်ဂါထာရွတ်ပါ၊မေတ္တာသုတ်ရွတ်ပါ။
ဆီမီး စေတီ ပဌာန်း အဓိဌာန်ဝင်ကုသိုလ်ယူရွတ်ဖတ်ပူဇော်နိုင်ပါစေ၊ကိုယ်ကျန်းမာစိတ်ချမ်းသာဘေးရန်ကင်းကြပါစေ။
credit to original uploader
Written by admin