




#ckwမိအရိပ်

Unicode

ကြီးမားသောပင့်ကူက မြွေကိုစားနေသည့် ကမ္ဘာ့ပထမဆုံးမြင်ကွင်း
ကြီးမားသောပင့်ကူက မြွေကိုစားနေသည့် တောရိုင်းဓလေ့မြင်ကွင်းကို ကမ္ဘာ့ပထမဆုံးအဖြစ် ဘရာဇီးနိုင်ငံတွင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သိပ္ပံပညာရှင်များအဖွဲ့တစ်ခုမှ ဒီဇင်ဘာလအစောပိုင်းတွင် တွေ့ရှိမှတ်တမ်းတင်ခဲ့ပါတယ်။

ကျောက်တုံးတစ်ခုအောက်တွင် (၁၅)လက်မအရှည်ရှိသော မြွေတစ်ကောင်က ကြီးမားသောပင့်ကူ၏ သားကောင်အဖြစ်သို့ ရောက်ရှိနေတာကို ပုံတွင်တွေ့မြင်ရမှာပါ။ ဘရာဇီးမှ ဇီဝဗေဒဘာသာရပ်ဖြင့် ဘွဲ့ရကျောင်းသားတစ်ဦးက ထိုပင့်ကူနှင့် ကြီးမားသောမြွေတစ်ကောင်တို့၏ မြင်ကွင်းကြောင့် အလွန်ပင်အံ့အားသင့်ရတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ထိုပင့်ကူမျိုးစိတ်များက အခြားသောပင့်ကူများ၊ အင်းဆက်များ၊ ပို၍သေးငယ်သော တွားသွားသတ္တဝါများ၊ ငှက်များ၊ နို့တိုက်သတ္တဝါငယ်များ၊ ကုန်းရေနေသတ္တဝါများကိုသာ သားကောင်ရှာလေ့ရှိပြီး ယခုဖြစ်ရပ်ကတော့ ရှားပါးဖြစ်စဉ်ပဲလို့ သိရပါတယ်။
#ckwမိအရိပ်

#credit.ခမ်းမူး (စန္ဒကူး)

Written by admin