comments တွေဖတ်ရင် စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

တိုက်ခိုက်တာတွေကို တုံ့ပြန်လိုက်တဲ့ သဉ္ဇာနွယ်ဝင်း

အိမ်ထောင်ကျပြီး ရင်သွေးလေး လွယ်ထားကာ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတဲ့ သူလေးကတော့ သဉ္ဇာနွယ်ဝင်းပါ။ သူမက ရင်သွေးလေးအတွက် ဘန်ကောက်မှာ ဈေးဝယ်ထွက်ပြီး ပြန်လာခဲ့တာပါ။ ဈေးဝယ်ထွက်ရင်း ခင်ပွန်းဖြစ်သူနဲ့ပျော်ရွှင်နေတဲ့ ပုံလေးတွေကို တင်ရာကနေ ဝေဖန်တာတွေခံရတော့ စိတ်မကောင်းဖြစ်ပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ခုလိုပဲ ရေးထားပါတယ်။

ဘဝမှာ အချစ်ခံရလို့ပျော်နေတဲ့ အချိန် ကိုယ့်ရင်သွေး လွယ်ထားရလို့ ပျော်နေတဲ့အချိန် ကိုယ့်ဘဝကို ကိုယ်ပျော်နေတဲ့ အချိန် ဘာလို့လူတော်တော်များများ မုဒိတာ မပွားပေးနိုင်ကြလည်း စဉ်းစားမရဘူး။ ကိုယ်နဲ့ ကိုယ့်ယောကျာ်းပုံကို တခြား page တွေမှာတွေ့လို့ comments သွားဖတ်ရင် အမြဲစိတ်မကောင်းဖြစ်ရတယ်။

မင်္ဂလာဆောင်ကတည်းက အခြေအမြစ်မရှိ တိုက်ခိုက်လိုက်တာ အခုကိုယ်ဝန်လွယ်တဲ့အထိ မမောကြသေးဘူးလား လို့မေးချင်တယ်။ အပြောခံရမှာတွေသိပေမဲ့ အနှပညာဆက်လုပ်မှာမဟုတ်တော့တဲ့ လူတစ်ယောက်အနေနဲ့ ကိုယ်ပဲအပြောခံခဲ့ပေမဲ့ကိုယ့်သားမွေးတော့မဲ့အထိ တော့ လိုက်မရိုင်းကြပါနဲ့။

ကလေးရတယ်ဆိုတာ လက်ကလေးစုလိုက် ခြေထောက်ကလေးစုလိုက်နဲ့ အကြိမ်ကြိမ်စုမှကလေးရတာမဟုတ်လို့ အိမ်ထောင်ပြုပြီးတာနဲ့ တစ်ခါထဲကလေးရတာ မဆန်းပါဘူးကွယ် ဒီထက်လည်းမပြောတက်တော့ဘူး။ ဟိုလူ့ပရိတ်သတ်လိုလို ဒီလူပရိတ်သတ်လိုလိုနဲ့ ကြားကနေ ဘဝအခြေအနေ မကောင်းတိုင်း တခြားလူတစ်ယောက်ဘဝ သာယာတာကို မရိုင်းစိုင်းကြပါနဲ့။ ဘယ်လောက်အပြောခံရခံရ မေတ္တာမပျက်တဲ့ ကိုယ့်ယောကျာ်းကို ကြာတော့ အားနာလာပြီ။ ကိုယ့် Facebook မှာ ကိုယ်ပျော်နေတာ လေးတင်နေတာလည်း အပြစ်မလွတ်ပါလားနော် ဆိုပြီး ရေးလာပါတယ်။

Share from မျက်ပြေ(မိုမိုလေး)

♥♥♥♥♥♥

♥♥♥♥♥♥

♥♥♥♥♥♥

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *