ပေဟဠိဆန္စြာျဖစ္ပြားခဲ့ေသာ အျမန္လမ္းမႀကီးေပၚမွ လူရွစ္ဦး ေသဆုံးေစခဲ့သည့္ ယာဥ္မီးေလာင္မႈ…

ပေဟဠိဆန္စြာျဖစ္ပြားခဲ့ေသာ အျမန္လမ္းမႀကီးေပၚမွ လူရွစ္ဦး ေသဆုံးေစခဲ့သည့္ ယာဥ္မီးေလာင္မႈ…

၂၀၁၇ ခုႏွစ္ ႏွစ္စပိုင္းအတြင္း ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးေပၚ၌ ျဖစ္ပြားခဲ့ေသာ လူရွစ္ဦးေသဆုံးခဲ့သည့္ ကားမီးေလာင္မႈျဖစ္စဥ္မွာ အမ်ားျပည္သူအၾကား ၀မ္းနည္းစရာမ်ားႏွင့္အတူ ထိတ္လန္႔တုန္လႈပ္မႈမ်ားျဖစ္ခဲ့ၾကၿပီး လူစိတ္၀င္စားမႈျမင့္တက္ခဲ့ေသာ သတင္းျဖစ္သည့္အတြက္ ယင္းျဖစ္စဥ္အား ၂၀၁၇ ခုႏွစ္၏ ထင္ရွားေက်ာ္ၾကားက႑တြင္ ထည့္သြင္းေဖာ္ျပအပ္ပါသည္။

၂၀၁၇ ခုႏွစ္ ႏွစ္စပုိင္း ဇန္န၀ါရီ ၁၉ ရက္က ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး ေလးမုိင္ႏွစ္ဖာလုံခန္႔တြင္ Toyota Hiace ယာဥ္တစ္စီးမီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ယာဥ္ေပၚပါ အမ်ဳိးသားတစ္ဦးႏွင့္ အမ်ဳိးသမီးခုနစ္ဦး စုစုေပါင္းရွစ္ဦးမွာ ယာဥ္ေပၚ၌ပင္ မီးေလာင္ကြၽမ္း ေသဆုံးခဲဲ့ရသည္။

ယင္းအနက္ ယာဥ္ေမာင္းျဖစ္သူ ေအာင္ခန္႔တစ္ဦးသာ မီးေလာင္မႈမွ လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။
အဆုိပါရွစ္ဦးသည္ ဇန္န၀ါရီ ၁၉ ရက္က ပုဂံ-ေညာင္ဦးသုိ႔ ဘုရားဖူးသြားေရာက္ခဲ့ျခင္းျဖစ္ၿပီး အျပန္ခရီးတြင္ ေနျပည္ေတာ္သုိ႔ အလုပ္ကိစၥျဖင့္၀င္ေရာက္ခဲ့ၿပီးမွ ရန္ကုန္ၿမိဳ႕သုိ႔ ျပန္လာခဲ့ျခင္းျဖစ္ေၾကာင္း၊ ယာဥ္ေမာင္းမွအပ ေသဆုံးသူမ်ားမွာ ေဆာက္လုပ္ေရးကုမၸဏီမွျဖစ္ေၾကာင္း ေသဆုံးသူမ်ား၏မိသားစု၀င္မ်ားထံမွ သိရသည္။
ရဲတပ္ဖြဲ႕က ယာဥ္ေမာင္းျဖစ္သူကုိ စစ္ေဆးခ်က္အရ ေမာ္ေတာ္ယာဥ္ မီးေလာင္ကြၽမ္းမႈျဖစ္စဥ္မွာ ယာဥ္၏၀ဲဘက္ဘီးေပါက္ကာ လမ္းလယ္ကြၽန္းရွိ Guard Rail ကိုတုိက္မိရာမွတစ္ဆင့္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္မီးေလာင္ကြၽမ္းရသည့္အေၾကာင္းရင္းႏွင့္ ပတ္သက္၍ ျပည္သူမ်ားက ထင္ေၾကးအမ်ဳိးမ်ဳိးျဖင့္ စိတ္၀င္တစား သုံးသပ္ေျပာဆုိေနၾကၿပီး ေသဆုံးသူမ်ား၏ မိသားစု၀င္တခ်ဳိ႕ကလည္း ကုိယ္တုိင္စုံစမ္းစစ္ေဆးမႈအခ်ဳိ႕ပင္ ျပဳလုပ္ခဲ့ၾကကာ ရွင္းလင္းခဲ့ၾကသည္။
မိသားစု၀င္အခ်ဳိ႕၏ ေျပာၾကားမႈမ်ားအရ ေသဆုံးခဲ့သူမ်ား၏ ႐ုပ္အေလာင္းမ်ားကုိ တိတိက်က်မခြဲျခားႏုိင္ခဲ့ေၾကာင္း၊ လႈပ္ရွား႐ုန္းကန္မႈမ်ားမရွိဘဲ ေသဆုံးလ်က္ရွိေနေၾကာင္းႏွင့္ ယင္းေၾကာင့္ ကားမီးေလာင္မႈျဖစ္စဥ္မွာ ႐ႈိ႕မီးႏွင့္ ႀကိဳတင္ၾကံစဥ္မႈတစ္ခုသာျဖစ္ႏိုင္သည္ဟု ထင္ေၾကးမ်ားေပးခဲ့ၾကသည္။

ကနဦးတြင္ ယာဥ္ေမာင္းမွာ ရဲတပ္ဖြဲ႕ထံတြင္ လြဲမွားထြက္ဆုိမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ပုိင္းတြင္ ၎မွာ ယာဥ္ကုိ အမွန္တကယ္ေမာင္းႏွင္သူျဖစ္ၿပီး ေသဆုံးသူ အမ်ဳိးသားတစ္ဦးမွာ ၎၏အလုပ္ရွင္ျဖစ္ေၾကာင္း ၀န္ခံထြက္ဆုိခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူမ်ား၏ မိသားစု၀င္တခ်ဳိ႕က အဆိုပါယာဥ္မီးေလာင္ရသည့္ျဖစ္စဥ္မွာ ႀကိဳတင္ၾကံစည္မႈမ်ားရွိေနသည္ဟု ေျပာဆုိမႈမ်ားရွိခဲ့ၿပီး အဆုိပါအမႈကုိ မႈခင္းရဲတပ္ဖြဲ႕ CID က ကုိင္တြယ္စစ္ေဆးမႈ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အသက္ရွင္လြတ္ေျမာက္ခဲ့သူ ေအာင္ခန္႔မွာ အဆုိပါယာဥ္ကုိ ေမာင္းႏွင္ခဲ့သူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံ ၀န္ခံထြက္ဆုိခဲ့ၿပီးေနာက္ အမွတ္ (၃) အျမန္လမ္းမႀကီးရဲစခန္းက ပုဒ္မ ၃၀၄ (က)/၃၃၇/၂၈၅ ျဖင့္ ကနဦးအမႈဖြင့္ခဲ့ကာ လွည္းကူးၿမိဳ႕နယ္တရား႐ုံး၌ ပုဒ္မ ၃၀၄ (က) ျဖင့္ တရားစြဲဆုိစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
အဆုိပါတရားစြဲဆိုထားမႈႏွင့္ ပတ္သက္၍ တရားလုိျပသက္ေသ ၂၀ ေက်ာ္အားစစ္ေဆးခဲ့ၿပီး တရားစြဲခံထားသည့္ ယာဥ္ေမာင္းျဖစ္သူ ေအာင္ခန္႔ဇြဲျမန္မာအား လွည္းကူးၿမိဳ႕နယ္တရား႐ုံးက စြဲခ်က္တင္သင့္၊ မတင္သင့္ အမိန္႔ခ်ေတာ့ျဖစ္ေၾကာင္း သိရသည္။

၂၀၁၇ ခုႏွစ္အတြင္း ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးေပၚတြင္ ျဖစ္ပြားခဲ့သည့္ ယာဥ္မေတာ္တဆျဖစ္စဥ္မ်ားအနက္ အဆိုပါလူရွစ္ဦးေသဆုံးခဲ့သည့္ ကားမီးေလာင္မႈျဖစ္စဥ္အေၾကာင္းရင္းမွာ ပေဟဠိဆန္မႈမ်ားစြာရိွခဲ့ၿပီး ၂၀၁၇ ခုႏွစ္အတြင္း လူသိမ်ားထင္ရွားသည့္ ျဖစ္ရပ္ျဖစ္ခဲ့သည္။
writer: ေ၀လင္းေအာင္

Unicode

ပဟေဠိဆန်စွာဖြစ်ပွားခဲ့သော အမြန်လမ်းမကြီးပေါ်မှ လူရှစ်ဦး သေဆုံးစေခဲ့သည့် ယာဉ်မီးလောင်မှု…

၂၀၁၇ ခုနှစ် နှစ်စပိုင်းအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့သော လူရှစ်ဦးသေဆုံးခဲ့သည့် ကားမီးလောင်မှုဖြစ်စဉ်မှာ အများပြည်သူအကြား ၀မ်းနည်းစရာများနှင့်အတူ ထိတ်လန့်တုန်လှုပ်မှုများဖြစ်ခဲ့ကြပြီး လူစိတ်ဝင်စားမှုမြင့်တက်ခဲ့သော သတင်းဖြစ်သည့်အတွက် ယင်းဖြစ်စဉ်အား ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြအပ်ပါသည်။

၂၀၁၇ ခုနှစ် နှစ်စပိုင်း ဇန်နဝါရီ ၁၉ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လေးမိုင်နှစ်ဖာလုံခန့်တွင် Toyota Hiace ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနစ်ဦး စုစုပေါင်းရှစ်ဦးမှာ ယာဉ်ပေါ်၌ပင် မီးလောင်ကျွမ်း သေဆုံးခဲဲ့ရသည်။

ယင်းအနက် ယာဉ်မောင်းဖြစ်သူ အောင်ခန့်တစ်ဦးသာ မီးလောင်မှုမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါရှစ်ဦးသည် ဇန်နဝါရီ ၁၉ ရက်က ပုဂံ-ညောင်ဦးသို့ ဘုရားဖူးသွားရောက်ခဲ့ခြင်းဖြစ်ပြီး အပြန်ခရီးတွင် နေပြည်တော်သို့ အလုပ်ကိစ္စဖြင့်ဝင်ရောက်ခဲ့ပြီးမှ ရန်ကုန်မြို့သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမှအပ သေဆုံးသူများမှာ ဆောက်လုပ်ရေးကုမ္ပဏီမှဖြစ်ကြောင်း သေဆုံးသူများ၏မိသားစုဝင်များထံမှ သိရသည်။
ရဲတပ်ဖွဲ့က ယာဉ်မောင်းဖြစ်သူကို စစ်ဆေးချက်အရ မော်တော်ယာဉ် မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ယာဉ်၏ဝဲဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ Guard Rail ကိုတိုက်မိရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မီးလောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ ပြည်သူများက ထင်ကြေးအမျိုးမျိုးဖြင့် စိတ်ဝင်တစား သုံးသပ်ပြောဆိုနေကြပြီး သေဆုံးသူများ၏ မိသားစုဝင်တချို့ကလည်း ကိုယ်တိုင်စုံစမ်းစစ်ဆေးမှုအချို့ပင် ပြုလုပ်ခဲ့ကြကာ ရှင်းလင်းခဲ့ကြသည်။
မိသားစုဝင်အချို့၏ ပြောကြားမှုများအရ သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို တိတိကျကျမခွဲခြားနိုင်ခဲ့ကြောင်း၊ လှုပ်ရှားရုန်းကန်မှုများမရှိဘဲ သေဆုံးလျက်ရှိနေကြောင်းနှင့် ယင်းကြောင့် ကားမီးလောင်မှုဖြစ်စဉ်မှာ ရှို့မီးနှင့် ကြိုတင်ကြံစဉ်မှုတစ်ခုသာဖြစ်နိုင်သည်ဟု ထင်ကြေးများပေးခဲ့ကြသည်။

ကနဦးတွင် ယာဉ်မောင်းမှာ ရဲတပ်ဖွဲ့ထံတွင် လွဲမှားထွက်ဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ၎င်းမှာ ယာဉ်ကို အမှန်တကယ်မောင်းနှင်သူဖြစ်ပြီး သေဆုံးသူ အမျိုးသားတစ်ဦးမှာ ၎င်း၏အလုပ်ရှင်ဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
သေဆုံးသူများ၏ မိသားစုဝင်တချို့က အဆိုပါယာဉ်မီးလောင်ရသည့်ဖြစ်စဉ်မှာ ကြိုတင်ကြံစည်မှုများရှိနေသည်ဟု ပြောဆိုမှုများရှိခဲ့ပြီး အဆိုပါအမှုကို မှုခင်းရဲတပ်ဖွဲ့ CID က ကိုင်တွယ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက်ရှင်လွတ်မြောက်ခဲ့သူ အောင်ခန့်မှာ အဆိုပါယာဉ်ကို မောင်းနှင်ခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ၀န်ခံထွက်ဆိုခဲ့ပြီးနောက် အမှတ် (၃) အမြန်လမ်းမကြီးရဲစခန်းက ပုဒ်မ ၃၀၄ (က)/၃၃၇/၂၈၅ ဖြင့် ကနဦးအမှုဖွင့်ခဲ့ကာ လှည်းကူးမြို့နယ်တရားရုံး၌ ပုဒ်မ ၃၀၄ (က) ဖြင့် တရားစွဲဆိုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါတရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ၂၀ ကျော်အားစစ်ဆေးခဲ့ပြီး တရားစွဲခံထားသည့် ယာဉ်မောင်းဖြစ်သူ အောင်ခန့်ဇွဲမြန်မာအား လှည်းကူးမြို့နယ်တရားရုံးက စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချတော့ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆဖြစ်စဉ်များအနက် အဆိုပါလူရှစ်ဦးသေဆုံးခဲ့သည့် ကားမီးလောင်မှုဖြစ်စဉ်အကြောင်းရင်းမှာ ပဟေဠိဆန်မှုများစွာရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း လူသိများထင်ရှားသည့် ဖြစ်ရပ်ဖြစ်ခဲ့သည်။
writer: ဝေလင်းအောင်
Credit

Written by admin