လြန္ခဲ့တဲ့နွစ္(30)ခန့္ကဓာတ္ပံုထဲကသူေတြကို ျပန္ျပီးေျခရာခံၾကည့္တဲ့အခါ…

❤အမွန္ျခစ္ေလးနဲ႔ √ LIke ျဖစ္ရင္ ထပ္ႏွိပ္စရာမလုိေတာ႔ဘူးေနာ္..❤

လြန္ခဲ့တဲ့နွစ္(30)ခန့္ကဓာတ္ပံုထဲကသူေတြကို ျပန္ျပီးေျခရာခံၾကည့္တဲ့အခါ…

သိပ္ကိုစိတ္ဝင္စားစရာေကာင္းပါတယ္။

အဂၤလန္ကChris Porszလို့ေခၚတဲ့Street Photographerတစ္ေယာက္ဟာ 1970နဲ့80ၾကားကာလေတြမွာ လမ္းမေပၚကဘဝေပါင္းမ်ားစြာသာမက အထူးသျဖင့္လူငယ္ေတြကိုကိုယ္စားျပဳတဲ့ အမ်ားသူငါမ်က္စိေတြကိုဖမ္းစားဆဲြေဆာင္နိုင္တဲ့ဓာတ္ပံုမ်ားစြာကို ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ့ရုိက္ကူးခဲ့ပါတယ္။ဒီလိုနဲ့သိပ္မၾကာခင္ကာလေတြမွာေတာ့ ဒီဓာတ္ပံုဆရာဟာ သူလြန္ခဲ့တဲ့နွစ္(30)ကရုိက္ခဲ့ဖူးတဲ့ဓာတ္ပံုထဲကလူေတြနဲ့အတူ လြန္ခဲ့တဲ့နွစ္(30)ဓာတ္ပံုထဲကေနာက္ခံျမင္ကြင္းေတြအတိုင္း မလဲြမေသြျပန္ရုိက္ျပီးဖန္တီးဖို့ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။သိပ္ကိုစိတ္လွဳပ္ရွားစရာေကာင္းတဲ့စိတ္ကူးေလးပါပဲ။ဒီလိုနဲ့ပဲ  ဓာတ္ပံုထဲကသူေတြကိုေျခရာခံျပီး ဒီသိပ္ၾကည္နူးစရာေကာင္းတဲ့အနုပညာဖန္တီးမွဳတစ္ခုကိုခ်ျပနိုင္ခဲ့ပါတယ္။       ။

(1).Railway Kiss(1980 & 2009)

1980တုန္းကေတာ့ Tonyနဲ့Sallyဆိုတာ Essexမွာအလုပ္လုပ္လုပ္တဲ့ 22နွစ္အရြယ္ေက်ာင္းဆရာေလးနဲ့အစိုးရရုံးမွာအလုပ္လုပ္တဲ့21နွစ္အရြယ္ေကာင္မေလးေပါ့။ဒီလိုနဲ့ဲ့တစ္နွစ္အၾကာမွာ သူတို့လက္ထပ္ျဖစ္ခဲ့ၾကတယ္။ဒီစံုတဲြဟာ ဒီလိုအမွတ္တမဲ့ဓာတ္ပံုအရုိက္ခံခဲ့ရတယ္ဆိုတာေတာင္မသိပါဘူး။ဒါေပမယ့္ နွစ္(30)အၾကာမွာ Tonyက သတင္းစာထဲကေနဒီပံုေလးကိုေတြ့ရွိခဲ့ပါတယ္။ညာဘက္မွာျပထားတဲ့ေရာင္စံုဓာတ္ပံုေလးကေတာ့ December2009မွာထပ္မံရုိက္ကူးခဲ့တဲ့ပံုျဖစ္ပါတယ္။ဒီပံုေလးကိုျပန္လည္ရုိက္ကူးတဲ့အခ်ိန္မွာေတာ့ သူတို့နွစ္ေယာက္စလံုးဆရာ၊ဆရာမအျဖစ္လုပ္ကိုင္ေနျပီး Tomနဲ့Jennyလို့ေခၚတဲ့ကေလးနွစ္ေယာက္ကိုပိုင္ဆိုင္ေနျပီျဖစ္ပါတယ္။ေအာ္ ဇာတ္လမ္းေလးတစ္ပုဒ္လိုပါပဲ…!

(2)Punks on the steps(1980 & 2015)

1980ခုနွစ္အေစာပိုင္းကာလေတြမွာ John Church,Kim Guest,Gary Wymer,Mirko Obradovic,Ade Lawrence,Sean Adams နဲ့ Mark Winsworth(ဘယ္မွညာ)တို့ဟာ Cathedral Squareရဲ့ေလွကားေတြေပၚမွာထိုင္ျပီး ဓာတ္ပံုအရုိက္ခံခဲ့ပါတယ္။ယေန့မွာေတာ့ Johnကပန္းခ်ီဆရာနဲ့အလွဆင္သူအျဖစ္လုပ္ကိုင္ေနတဲ့အျပင္ အမွဳိက္ေကာက္သမားျဖစ္ေနတဲ့Adeနဲ့အတူBandတစ္ခုမွာတီးေနပါေသးတယ္။Garyကေတာ့သားသတ္သမားအျဖစ္လုပ္ကိုင္ေနျပီး Mirkoကေတာ့အုတ္စက္ရုံမွာအလုပ္လုပ္ေနပါတယ္။မၾကာေသးမီကသူတို့အခုလိုျပန္လည္ေပါင္းစည္းျပီးရုိက္ကူးခဲ့တဲ့ဒီဓာတ္ပံုေလးဟာ ဆံုးပါးသြားျပီျဖစ္တဲ့Seanနဲ့Kimကိုအမွတ္ရေစပါတယ္။

(3)Waiting for the phone(1981 & 2016)

ေက်ာင္းေနဖက္သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ John Morris,Paul Bernaldနဲ့Andrew Pollardတို့ကေတာ့ ယခုအခ်ိန္ထိစက္ဘီးနဲ့ျမိဳ့ပတ္စီးရင္း သူတို့ရဲ့အားလပ္ရက္ေတြကိုအတူျဖတ္သန္းေနဆဲပါ။

(4)Metal Mickey(1980 & 2016)

Metal Mickeyလို့အမ်ားကေခၚၾကတဲ့Steve Orsbornကေတာ့ 1980တုန္းကဆိုင္ကယ္မေတာ္တဆမွဳေတြေၾကာင့္ ေျခေထာက္အၾကိမ္ၾကိမ္က်ိဳးခဲ့သူပါ။ယခုအခါမွာေတာ့ မယံုနိင္စရာေကာင္းေလာက္ေအာင္ကို Steveဟာ လမ္းေလ်ွာက္တုတ္အကူအညီေလးနဲ့တင္လမ္းေလ်ွာက္ေနနိုင္ျပီျဖစ္ပါတယ္။ဒါ့အျပင္ အိမ္ေထာင္က်ျပီးကေလး4ေယာက္ကိုပါပိုင္ဆိုင္ထားျပီျဖစ္ပါတယ္။ဒါေပမယ့္ သူ့သားတစ္ေယာက္ကေတာ့2012မွာဆံုးပါးသြားပါတယ္။

(5)Nobby(1980 & 2015)

Nobbyလို့လူသိမ်ားၾကတဲ့ စေကာ့တလန္ကMichael Rossကေတာ့ လြန္ခဲ့တဲ့1980အေစာပိုင္းကာလေတြကသူ့ရဲ့အိမ္မီးေလာင္ခဲ့မွဳေၾကာင့္ ဘတ္စ္ကားဂိတ္ေတြမွာ အိမ္ေျခမဲ့ဘဝနဲ့10နွစ္နီးပါးေနခဲ့ရပါတယ္။နွစ္အနည္းငယ္ၾကာျပီးေနာက္မွာေတာ့ သက္ဆိုင္ရာအဖဲြ့အစည္းေတြက သူေနထိုင္ဖို့အိမ္တစ္လံုးရွာေဖြေပးခဲ့ပါတယ္။

(6)Dog & Tina(1985 & 2015)

ဒီပံုေလးကိုေတာ့Tinaနဲ့Dogတို့က Tina18နွစ္အရြယ္တုန္းက Cathedral Churchနားမွာရုိက္ကူးခဲ့တာျဖစ္ပါတယ္။Tinaကအခုခ်ိန္မွာDorsetမွာေနျပီး ရက္ကန္းအလုပ္ရုံေပါင္းမ်ားစြာကဖြင့္လွစ္ထားသလို Dogကေတာ့Walesမွာေနထိုင္ျပီး ျခံစည္းရုိးကာ၊ပန္းျခံစိုက္တဲ့လုပ္ငန္း လုပ္ကိုင္ေနပါတယ္။ 1985တုန္းကနွစ္ေယာက္အတူရုိက္ကူးခဲ့တဲ့ဒီပံုကိုၾကည့္ျပီး Tinaက”ဒီပံုရုိက္ခဲ့တုန္းကသိပ္ျပီးလန္ထြက္ခဲ့တဲ့အခ်ိန္ေတြကိုျပန္သတိရေစပါတယ္။အဲဒီေနာက္ပိုင္းနွစ္ေတာ္ေတာ္ၾကာေအာင္ ပန့္ခ္ေကမ်ိဳးစံုထားျဖစ္ခဲ့တယ္”လို့ေျပာခဲ့သလို Dogကေတာ့”သိပ္ကိုေပ်ာ္စရာေကာင္းခဲ့တဲ့အခ်ိန္ေတြပါ” လို့ျဖည့္စြက္ေျပာျပခဲ့ပါတယ္။

<ကိုယ္တိုင္ ဒီစာစုေလးကိုဖတ္ျပီး ရင္ထဲတစ္မ်ိဳးတမည္ခံစားခဲ့ရလို့ ျပန္လည္ဘာသာျပန္ေဝမ်ွေပးလိုက္တာပါ။တစ္ေယာက္ရဲ့အျဖစ္အပ်က္ေလးဖတ္ျပီးၾကည္နူးလိုက္၊ေနာက္တစ္ေယာက္ရဲ့အေၾကာင္းေလးဖတ္ျပီးစိတ္မေကာင္းျဖစ္လိုက္၊လြမ္းဆြတ္စရာဇာတ္လမ္းေလးေတြနဲ့ ဖတ္မိလိုက္တဲ့အခ်ိန္အတြင္းမွာကို အလွည့္အေျပာင္းမ်ားတဲ့ဘဝေတြအေဝးၾကီးကို သူတို့နဲ့အတူျဖတ္ေလ်ွာက္ခြင့္ရခဲ့ပါတယ္။ဒါတင္မက ကိုယ့္ေဘးမွာရွိေနစဥ္တန္ဖိုးထားသင့္တဲ့သူေတြကို ဒီ့ထက္အခ်ိန္ေပး၊ပိုတန္ဖိုးထားတတ္ေစဖို့လည္းmessageတစ္ခုရခဲ့ပါတယ္…>

Unicode

သိပ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။
အင်္ဂလန်ကChris Porszလို့ခေါ်တဲ့Street Photographerတစ်ယောက်ဟာ 1970နဲ့80ကြားကာလတွေမှာ လမ်းမပေါ်ကဘဝပေါင်းများစွာသာမက အထူးသဖြင့်လူငယ်တွေကိုကိုယ်စားပြုတဲ့ အများသူငါမျက်စိတွေကိုဖမ်းစားဆွဲဆောင်နိုင်တဲ့ဓာတ်ပုံများစွာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ရိုက်ကူးခဲ့ပါတယ်။ဒီလိုနဲ့သိပ်မကြာခင်ကာလတွေမှာတော့ ဒီဓာတ်ပုံဆရာဟာ သူလွန်ခဲ့တဲ့နှစ်(30)ကရိုက်ခဲ့ဖူးတဲ့ဓာတ်ပုံထဲကလူတွေနဲ့အတူ လွန်ခဲ့တဲ့နှစ်(30)ဓာတ်ပုံထဲကနောက်ခံမြင်ကွင်းတွေအတိုင်း မလွဲမသွေပြန်ရိုက်ပြီးဖန်တီးဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။သိပ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့စိတ်ကူးလေးပါပဲ။ဒီလိုနဲ့ပဲ  ဓာတ်ပုံထဲကသူတွေကိုခြေရာခံပြီး ဒီသိပ်ကြည်နူးစရာကောင်းတဲ့အနုပညာဖန်တီးမှုတစ်ခုကိုချပြနိုင်ခဲ့ပါတယ်။       ။

(1).Railway Kiss(1980 & 2009)

1980တုန်းကတော့ Tonyနဲ့Sallyဆိုတာ Essexမှာအလုပ်လုပ်လုပ်တဲ့ 22နှစ်အရွယ်ကျောင်းဆရာလေးနဲ့အစိုးရရုံးမှာအလုပ်လုပ်တဲ့21နှစ်အရွယ်ကောင်မလေးပေါ့။ဒီလိုနဲဲ့့တစ်နှစ်အကြာမှာ သူတို့လက်ထပ်ဖြစ်ခဲ့ကြတယ်။ဒီစုံတွဲဟာ ဒီလိုအမှတ်တမဲ့ဓာတ်ပုံအရိုက်ခံခဲ့ရတယ်ဆိုတာတောင်မသိပါဘူး။ဒါပေမယ့် နှစ်(30)အကြာမှာ Tonyက သတင်းစာထဲကနေဒီပုံလေးကိုတွေ့ရှိခဲ့ပါတယ်။ညာဘက်မှာပြထားတဲ့ရောင်စုံဓာတ်ပုံလေးကတော့ December2009မှာထပ်မံရိုက်ကူးခဲ့တဲ့ပုံဖြစ်ပါတယ်။ဒီပုံလေးကိုပြန်လည်ရိုက်ကူးတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်စလုံးဆရာ၊ဆရာမအဖြစ်လုပ်ကိုင်နေပြီး Tomနဲ့Jennyလို့ခေါ်တဲ့ကလေးနှစ်ယောက်ကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။အော် ဇာတ်လမ်းလေးတစ်ပုဒ်လိုပါပဲ…!

(2)Punks on the steps(1980 & 2015)

1980ခုနှစ်အစောပိုင်းကာလတွေမှာ John Church,Kim Guest,Gary Wymer,Mirko Obradovic,Ade Lawrence,Sean Adams နဲ့ Mark Winsworth(ဘယ်မှညာ)တို့ဟာ Cathedral Squareရဲ့လှေကားတွေပေါ်မှာထိုင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ယနေ့မှာတော့ Johnကပန်းချီဆရာနဲ့အလှဆင်သူအဖြစ်လုပ်ကိုင်နေတဲ့အပြင် အမှိုက်ကောက်သမားဖြစ်နေတဲ့Adeနဲ့အတူBandတစ်ခုမှာတီးနေပါသေးတယ်။Garyကတော့သားသတ်သမားအဖြစ်လုပ်ကိုင်နေပြီး Mirkoကတော့အုတ်စက်ရုံမှာအလုပ်လုပ်နေပါတယ်။မကြာသေးမီကသူတို့အခုလိုပြန်လည်ပေါင်းစည်းပြီးရိုက်ကူးခဲ့တဲ့ဒီဓာတ်ပုံလေးဟာ ဆုံးပါးသွားပြီဖြစ်တဲ့Seanနဲ့Kimကိုအမှတ်ရစေပါတယ်။

(3)Waiting for the phone(1981 & 2016)

ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ကြတဲ့ John Morris,Paul Bernaldနဲ့Andrew Pollardတို့ကတော့ ယခုအချိန်ထိစက်ဘီးနဲ့မြို့ပတ်စီးရင်း သူတို့ရဲ့အားလပ်ရက်တွေကိုအတူဖြတ်သန်းနေဆဲပါ။

(4)Metal Mickey(1980 & 2016)

Metal Mickeyလို့အများကခေါ်ကြတဲ့Steve Orsbornကတော့ 1980တုန်းကဆိုင်ကယ်မတော်တဆမှုတွေကြောင့် ခြေထောက်အကြိမ်ကြိမ်ကျိုးခဲ့သူပါ။ယခုအခါမှာတော့ မယုံနိင်စရာကောင်းလောက်အောင်ကို Steveဟာ လမ်းလျှောက်တုတ်အကူအညီလေးနဲ့တင်လမ်းလျှောက်နေနိုင်ပြီဖြစ်ပါတယ်။ဒါ့အပြင် အိမ်ထောင်ကျပြီးကလေး4ယောက်ကိုပါပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ဒါပေမယ့် သူ့သားတစ်ယောက်ကတော့2012မှာဆုံးပါးသွားပါတယ်။

(5)Nobby(1980 & 2015)

Nobbyလို့လူသိများကြတဲ့ စကော့တလန်ကMichael Rossကတော့ လွန်ခဲ့တဲ့1980အစောပိုင်းကာလတွေကသူ့ရဲ့အိမ်မီးလောင်ခဲ့မှုကြောင့် ဘတ်စ်ကားဂိတ်တွေမှာ အိမ်ခြေမဲ့ဘဝနဲ့10နှစ်နီးပါးနေခဲ့ရပါတယ်။နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သူနေထိုင်ဖို့အိမ်တစ်လုံးရှာဖွေပေးခဲ့ပါတယ်။

(6)Dog & Tina(1985 & 2015)

ဒီပုံလေးကိုတော့Tinaနဲ့Dogတို့က Tina18နှစ်အရွယ်တုန်းက Cathedral Churchနားမှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။Tinaကအခုချိန်မှာDorsetမှာနေပြီး ရက်ကန်းအလုပ်ရုံပေါင်းများစွာကဖွင့်လှစ်ထားသလို Dogကတော့Walesမှာနေထိုင်ပြီး ခြံစည်းရိုးကာ၊ပန်းခြံစိုက်တဲ့လုပ်ငန်း လုပ်ကိုင်နေပါတယ်။ 1985တုန်းကနှစ်ယောက်အတူရိုက်ကူးခဲ့တဲ့ဒီပုံကိုကြည့်ပြီး Tinaက”ဒီပုံရိုက်ခဲ့တုန်းကသိပ်ပြီးလန်ထွက်ခဲ့တဲ့အချိန်တွေကိုပြန်သတိရစေပါတယ်။အဲဒီနောက်ပိုင်းနှစ်တော်တော်ကြာအောင် ပန့်ခ်ကေမျိုးစုံထားဖြစ်ခဲ့တယ်”လို့ပြောခဲ့သလို Dogကတော့”သိပ်ကိုပျော်စရာကောင်းခဲ့တဲ့အချိန်တွေပါ” လို့ဖြည့်စွက်ပြောပြခဲ့ပါတယ်။

<ကိုယ်တိုင် ဒီစာစုလေးကိုဖတ်ပြီး ရင်ထဲတစ်မျိုးတမည်ခံစားခဲ့ရလို့ ပြန်လည်ဘာသာပြန်ဝေမျှပေးလိုက်တာပါ။တစ်ယောက်ရဲ့အဖြစ်အပျက်လေးဖတ်ပြီးကြည်နူးလိုက်၊နောက်တစ်ယောက်ရဲ့အကြောင်းလေးဖတ်ပြီးစိတ်မကောင်းဖြစ်လိုက်၊လွမ်းဆွတ်စရာဇာတ်လမ်းလေးတွေနဲ့ ဖတ်မိလိုက်တဲ့အချိန်အတွင်းမှာကို အလှည့်အပြောင်းများတဲ့ဘဝတွေအဝေးကြီးကို သူတို့နဲ့အတူဖြတ်လျှောက်ခွင့်ရခဲ့ပါတယ်။ဒါတင်မက ကိုယ့်ဘေးမှာရှိနေစဉ်တန်ဖိုးထားသင့်တဲ့သူတွေကို ဒီ့ထက်အချိန်ပေး၊ပိုတန်ဖိုးထားတတ်စေဖို့လည်းmessageတစ်ခုရခဲ့ပါတယ်…>

လြန္ခဲ့တဲ့နွစ္(30)ခန့္ကဓာတ္ပံုထဲကသူေတြကို ျပန္ျပီးေျခရာခံၾကည့္တဲ့အခါ