ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာသတင်းကြောင့် ငိုချင်သလိုဖြစ်ရတယ် ဆိုတဲ့ စိုးမြတ်နန္ဒာ…

ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာသတင်းကြောင့် ငိုချင်သလိုဖြစ်ရတယ် ဆိုတဲ့ စိုးမြတ်နန္ဒာ…





share from_pannpwint

Unicode Version

ဒီနေ့ ကျင်းပတဲ့ ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲသတင်းကို လူအများ စိတ်ဝင်စားခဲ့ကြပြီး ဒီအထဲကမှ မင်းသမီး စိုးမြတ်နန္ဒာတစ်ယောက် မင်္ဂလာသတင်းကြောင့် ငိုချင်သလို ဖြစ်ရတယ်လို့ ဆိုလာပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးက ဒီနေ့ (ဇန်နဝါရီလ ၄ ရက်) ကပဲ မောင်ထက်ဦးလှိုင်နဲ့ မင်္ဂလာလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို ဖေ့စ်ဘွက်မှာ လူအများစိတ်ဝင်စားခဲ့ကြပါတယ်။

ငိုချင်သလိုဖြစ်ရတဲ့အကြောင့် စိုးမြတ်နန္ဒာက သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ခုလိုပဲ ရေးသားပါတယ်။ “ကလေးလေး တွေထဲမှာ အချောဆုံး နဲ့ ချစ်စရာအကောင်းဆုံး ခေးလေး’ငယ်ငယ် ကဆို အိပ်မက်ထဲထိမက်ရအောင် ချစ်ရတဲ့ ခေးလေး’ စိတ်ကူးထဲ ခဏခဏ ခိုးပြေးချင်တဲ့ ခေးလေး’

ကိုယ်တောင် ဒီလောက်ချစ်ရတော့ ပြည့်စုံတဲ့အလှတွေပိုင်ဆိုင်လာတဲ့ ခေးကို ချစ်တဲ့သူတွေ များမှာပေါ့လေ..ခေးလေး စေ့စပ်ထားတာ သိပေမဲ့ မင်္ဂလာဆောင် မယ်ဆို တော့ ငိုချင်သလို ဖြစ်ရတယ်”

Photos©May Oo,Yadanar,Soe Myat Nandar
share from_pannpwint

Written by admin