သည္းေျခေက်ာက္အတြက္ ကင္မလင္းရြက္…

သည္းေျခေက်ာက္အတြက္ ကင္မလင္းရြက္…

သည္းေျခေက်ာက္အတြက္ ကင္မလင္းရြက္

ကင္မလင္းရြက္သည္ သည္းေျခမွေက်ာက္ကို သန့္စင္ေပးႏိုင္စြမ္းရွိသည့္ ေဆးဖက္၀င္ အပင္တစ္မ်ိဳးျဖစ္သည္။

ေက်ာက္ကပ္ေက်ာက္တည္းျခင္းႏွင့္ ဆီးအိမ္ေက်ာက္တည္ျခင္းတို့အတြက္ သံမႏိုင္ေက်ာက္မႏိုင္အရြက္ကို စားသံုးျခင္းျဖင့္ ေက်ာက္မ်ားကို ေခ်ပစ္ႏိုင္သလို ကင္မလင္းရြက္ကို စားသံုးျခင္းျဖင့္လည္း သည္းေျခမွေက်ာက္ကို ဖယ္ရွားေပးႏိုင္ပါသည္။

ကင္မလင္းပင္ပံုစံ

ကင္မလင္းရြက္သည္ သေျပရြက္ႏွင့္တူ၍ အေရာင္မွာ စိမ္း၀ါေရာေနသည္။ အစိမ္းေရာင္ ခပ္ေဖ်ာ့ေဖ်ာ့ႏွင့္ အ၀ါေရာင္သန္းေနသည္။ အရြက္၏အသားသည္ ႏူးညံ့ေန၍ အရြက္ရင့္မ်ားသာလွ်င္ အနည္းငယ္ ၾကမ္းသည္။ မင္းကင္း၊ ေရဦး၊ ဒီပဲယင္း၊ ခ်င္းျပည္နယ္ႏွင့္ ျမန္မာျပည္အႏွံ့အျပားတြင္ ေပါက္ေရာက္ေလ့ရွိသည္။

ေဆးအျဖစ္ အသံုးျပဳပံု

ကင္မလင္းရြက္ ခပ္သန့္သန့္ကို ခ်ဥ္ရည္ခ်က္ေသာက္ျခင္း၊ ျပဳတ္၍ သုပ္စားျခင္း၊ ေရေႏြးေဖ်ာ၍ တို့စားျခင္း၊ အသား၊ ငါးတို့ႏွင့္အတူ ခ်က္စားျခင္း၊ အရြက္ႏုမ်ားကို အေျခာက္လွန္း၍ လက္ဖက္ေျခာက္ကဲ့သို့ ခတ္၍ ေသာက္သံုးျခင္းမ်ား ျပဳလုပ္ႏိုင္သည္။

သည္းေျခတြင္ ေက်ာက္တည္ေနသူမ်ားအျပင္ ေရာဂါမရွိသူမ်ားလည္း ဟင္းအျဖစ္ ခ်က္ျပဳတ္စားသံုးေပးပါက သည္းေျခေက်ာက္သည္ျခင္းမွ ကင္းေ၀းေစသည္။

လူသားတိုင္း ေရာဂါကင္းေ၀း၍ သက္ရွည္က်န္းမာၾကပါေစ။

ေစာႏြဲ ့ေနဆိုင္ (ပူတာအို)
ကိုးကား – ေဆးဖက္၀င္အပင္မ်ား

သည်းခြေကျောက်အတွက် ကင်မလင်းရွက်

ကင်မလင်းရွက်သည် သည်းခြေမှကျောက်ကို သန့်စင်ပေးနိုင်စွမ်းရှိသည့် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။

ကျောက်ကပ်ကျောက်တည်းခြင်းနှင့် ဆီးအိမ်ကျောက်တည်ခြင်းတို့အတွက် သံမနိုင်ကျောက်မနိုင်အရွက်ကို စားသုံးခြင်းဖြင့် ကျောက်များကို ချေပစ်နိုင်သလို ကင်မလင်းရွက်ကို စားသုံးခြင်းဖြင့်လည်း သည်းခြေမှကျောက်ကို ဖယ်ရှားပေးနိုင်ပါသည်။

ကင်မလင်းပင်ပုံစံ

ကင်မလင်းရွက်သည် သပြေရွက်နှင့်တူ၍ အရောင်မှာ စိမ်းဝါရောနေသည်။ အစိမ်းရောင် ခပ်ဖျော့ဖျော့နှင့် အဝါရောင်သန်းနေသည်။ အရွက်၏အသားသည် နူးညံ့နေ၍ အရွက်ရင့်များသာလျှင် အနည်းငယ် ကြမ်းသည်။ မင်းကင်း၊ ရေဦး၊ ဒီပဲယင်း၊ ချင်းပြည်နယ်နှင့် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိသည်။

ဆေးအဖြစ် အသုံးပြုပုံ

ကင်မလင်းရွက် ခပ်သန့်သန့်ကို ချဉ်ရည်ချက်သောက်ခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ ရေနွေးဖျော၍ တို့စားခြင်း၊ အသား၊ ငါးတို့နှင့်အတူ ချက်စားခြင်း၊ အရွက်နုများကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်သုံးခြင်းများ ပြုလုပ်နိုင်သည်။

သည်းခြေတွင် ကျောက်တည်နေသူများအပြင် ရောဂါမရှိသူများလည်း ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေးပါက သည်းခြေကျောက်သည်ခြင်းမှ ကင်းဝေးစေသည်။

လူသားတိုင်း ရောဂါကင်းဝေး၍ သက်ရှည်ကျန်းမာကြပါစေ။

စောနွဲ ့နေဆိုင် (ပူတာအို)
ကိုးကား – ဆေးဖက်ဝင်အပင်များ

Written by admin