မျက်စိအောက်မှာတင် လူကြီးဖြစ်လာတဲ့ ကလေးလေး ယွန်းယွန်း…

မျက်စိအောက်မှာတင် လူကြီးဖြစ်လာတဲ့ ကလေးလေး ယွန်းယွန်း…

ပါးချိုင့်လေးနဲ့ ချစ်စရာကောင်းပြီး ကလေးဘဝကတည်း သရုပ်ဆောင်ကောင်းတဲ့ သူလေး ယွန်းယွန်းကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် လူကြီးလေးဖြစ်လို့ နေပါပြီ။ ထူးချွန်တဲ့ ယွန်းယွန်းလေးက ကလေးသရုပ်ဆောင် ရုပ်ရှင်ထူးချွန် အကယ်ဒမီဆုလဲ ရှိထားသူလေးပါပဲ။ စိတ်ပညာ ပထမနှစ် စာမေးပွဲမှာလဲ ဒုတိယဆု ရှိပြန်ပါပြီ။ အနုပညာ အလုပ်တွေ တစ်ဖက် ကျောင်းတစ်ဖက်နဲ့ ကြိုးစားခဲ့တဲ့ ယွန်းယွန်းလေးကတော့ တကယ့်ကို လူကြီးလေးဖြစ်လို့နေပါပြီ။

 

အရွယ်လေး ရောက်လာပြီဖြစ်တဲ့ ယွန်းယွန်းလေးက ကလေးသရုပ်ဆောင်အရွယ်လဲ မဟုတ်တော့လေတော့ သူမအသက်အရွယ်လေးနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းလေးတွေကို ရိုက်နေပြီပဲ ဖြစ်ပါတယ်။ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲထဲက ကာရိုက်တာလေးကလဲ သူမကို တစ်မျိုးလေး အမြင်ဆန်းစေတဲ့ ကာရိုက်တာလေးပါပဲ။

 

 

ကလေးသရုပ်ဆောင် ဘဝထဲက ချစ်ခင် အားပေးနေကြတဲ့ ယွန်းယွန်းလေးရဲ့ ပရိသတ်တွေ အများကြီး ရှိလိမ့်မယ် ထင်ပါတယ်။ တနေ့တခြား လှလှလာတဲ့ ယွန်းယွန်းလေးရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်တာဖြစ်လို့ မိုမိုလေး ချစ်ပရိသတ်ကြီး သဘောကျလိမ့်မယ် ထင်ပါတယ်။

 

ယွန်းယွန်းလေးကို ချစ်ခင်အားပေးတယ်ဆိုရင် Like & Share လေး လုပ်သွားကြဦးနော်။

Written by admin