USDA ၏ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၁၀၀ ဂရမ် အလေးချိန်ရှိသောဂေါ်ရခါးသီးထဲတွင် လူသားတို့ ကျန်းမာရေးကို ကောင်း ကျိုးပြုစေသော၊ ခွန်အား ၁၉ ကယ်လိုရီ၊ ကစီဓာတ် ၄.၅၁ ဂရမ်၊ ပရိုတင်း ၀.၈၂ ဂရမ်၊ အဆီဓာတ် ၀.၁၃ ဂရမ်၊ ချေဖျက်လွယ် သောအမျှင်ဓာတ် ၁.၇ ဂရမ်၊ ဖောလိပ် ၉၃ µg၊ နီအာစင် ၀.၄၇ မီလီဂရမ်၊ ပန်တိုသနစ်အက်ဆစ် ၀.၂၄၉ မီလီဂရမ်၊ ပိုင်ရီ ဒေါက်ဆင်း ၀.၀၇၆ မီလီဂရမ်၊ ရီဘိုဖလာဗင် ၀.၀၂၉ မီလီဂရမ်၊ သီအာမင် ၀.၀၂၅ မီလီဂရမ်၊ ဗီတာမင်စီ ၇.၇ မီလီဂရမ်၊ဗီတာမင်အီး ၀.၁၂ မီလီဂရမ်၊ ဗီတာမင်ကေ ၄.၁ µg၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ ပိုတက်စီယမ် ၁၂၅ မီလီဂရမ်၊ ကယ်လ်စီယမ် ၁၇ မီလီဂရမ်၊ သံဓာတ် ၀.၃၄ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၂ မီလီဂရမ်၊ မဂ္ဂနီးစ် ၀.၁၈၉ မီလီဂရမ်၊ ဖော့စဖရက် ၁၈ မီလီဂရမ်၊ စီလီနီယမ် ၀.၂ မိုက်ကရိုဂရမ် နှင့် ဇင့် ၀.၇၂ မီလီဂရမ်တို့  အသီးသီးပါရှိကြပြီး၊ ဘေးဥပါသ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိပါ။
(၁) ဂေါ်ရခါးသီးထဲတွင်ပါရှိသော ဖောလိပ်ဓာတ်သည် သွေးထဲရှိဆဲလ်များနှင့် DNA ဖွဲ့ စည်းတည်ဆောက်မှုကို အားပေးခြင်း၊ မွေးဖွားလာသည့်ရင်သွေးငယ်များတွင် မွေးရာပါအာရုံကြောရောဂါပြသနာများမှ ကင်းဝေးစေခြင်း၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းမှကင်းဝေးခြင်း စသည့်ကောင်းကျိုးများပေးစွမ်းနိုင်သဖြင့် သားသမီယူရန်အစီအစဉ်ရှိသော မိခင် လောင်းများ/ကိုယ်ဝန်ဆောင်နေစဉ်တလျှောက်လုံးနှင့် နို့ ချိုတိုက်ကျွေးနေစဉ်ကာလတို့ မှာလည်း ဂေါ်ရခါးသီးကို မဖြစ် မနေစားပေးသင့်ပါသည်။
၁၉၉၆ တွင် အမေရိကန်ပြည်ထောင်စု၌ သုတေသနပြုကြရာ၊ အရွယ်ရောက်နေသူ အမျိုးသမီး များ၏ တစ်နေ့ တာလိုအပ်သော ဖောလိပ်ပမာဏမှာ ၄၀၀ မီလီဂရမ်ဖြစ်ရာ၊ ဖောလိပ်အက်ဆစ်ကြွယ်ဝသော ဂေါ်ရခါး သီးကို မှန်မှန်စားပေးရန် တိုက်တွန်းထားပါသည်။
(၁၀)ဂေါ်ရခါးသီးထဲတွင် ကော့ပါးဓာတ်အမြောက်အများပါရှိသဖြင့်၊ ဟိုမုန်းထုတ်လုပ်ခြင်း/စုပ်ယူခြင်းစသည့် သိုင်းရွိုက်၏ လုပ်ငန်းဆောင်တာများကို အထောက်အကူပြုကာ၊ သိုင်းရွိုက်ကိုကျန်းမာစေပါသည်။
(၁၁) ဂေါ်ရခါးသီးထဲတွင်ပါရှိသော ဗီတာမင်အီးနှင့်ဗီတာမင်စီတို့ သည် အသားအရေကျန်းမာစေခြင်း၊ အက်စ်ကောဘစ် အက်ဆစ်သည် အရွယ်တင်နုပျိုစေခြင်း၊ ဖောလိပ်သည် အသားရေတင်းရင်းစေခြင်း၊ နီအာစင်းဓာတ်သည် အရေပြား တစ်ရှုးများကိုကျန်းမာစေခြင်း၊ ဇင့်ဓာတ်သည် ခန္ဓာကိုယ်အရေပြားထဲမှအဆီထွက်ရှိမှုကို ထိန်းချုပ်ပေးပြီး၊ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံများကို ပျောက်ကင်းသက်သာစေခြင်း စသည်ဖြင့်ကောင်းကျိုးပြုပါသည်။
(၁၄) လူတစ်ယောက်အတွက် တစ်နေ့ တာ အမျှင်ဓာတ်လိုအပ်ချက်ပမာဏ ၁၄%ကို ဂေါ်ရခါးသီးမှရရှိကာ၊ ကိုလက်စထရော ကျစေ၍ သွေးထဲရှိသကြားဓာတ်တိုးပွားခြင်းကိုထိန်းချုပ်ပေးနိုင်သောကြောင့် ဆီးချိုရောာဂါသည်များကို ကောင်းကျိုးပြု ပါသည်။
(၁၇) နှလုံးရောဂါဝေဒနာရှင်များကို ဂေါ်ရခါးသီးကျွေး၍ဆေးသုတေသနပြုလုပ်ခဲ့ရာ၊ အသီးထဲတွင်ပါရှိသော ဖောလိပ်/ပိုတက် စီယမ်နှင့်မဂ္ဂနီစီယမ်ဓာတ်ပေါင်းစုများသည် သွေးထဲရှိ homocysteine ပမာဏကို လျော့ချပေးနိုင်သဖြင့် နှလုံးရောဂါ သာမက၊ နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းများကိုပါ မဖြစ်စေနိုင်ဟုဆိုပါသည်။
မှတ်ချက်။
ထို့ ကြောင့် မိမိလက်တကမ်းမှ အလွယ်တကူရနိုင်သော ဂေါ်ရခါးသီးလေးများကို အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
Uni
ဂေါ်ရခါးသီးနှင့်ကျန်းမာရေး…
USDA ၏ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၁၀၀ ဂရမ် အလေးချိန်ရှိသောဂေါ်ရခါးသီးထဲတွင် လူသားတို ့ကျန်းမာရေးကို ကောင်း ကျိုးပြုစေသော၊ ခွန်အား ၁၉ ကယ်လိုရီ၊ ကစီဓာတ် ၄.၅၁ ဂရမ်၊ ပရိုတင်း ၀.၈၂ ဂရမ်၊ အဆီဓာတ် ၀.၁၃ ဂရမ်၊ ချေဖျက်လွယ် သောအမျှှင်ဓာတ် ၁.၇ ဂရမ်၊ ဖောလိပ် ၉၃ µg၊ နီအာစင် ၀.၄၇ မီလီဂရမ်၊ ပန်တိုသနစ်အက်ဆစ် ၀.၂၄၉ မီလီဂရမ်၊ ပိုင်ရီ ဒေါက်ဆင်း ၀.၀၇၆ မီလီဂရမ်၊ ရီဘိုဖလာဗင် ၀.၀၂၉ မီလီဂရမ်၊ သီအာမင် ၀.၀၂၅ မီလီဂရမ်၊ ဗီတာမင်စီ ရ.၇ မီလီဂရမ်၊ဗီတာမင်အီး ၀.၁၂ မီလီဂရမ်၊ ဗီတာမင်ကေ ၄.၁ µg၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ ပိုတက်စီယမ် ၁၂၅ မီလီဂရမ်၊ ကယ်လ်စီယမ် ၁၇ မီလီဂရမ်၊ သံဓာတ် ၀.၃၄ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၂ မီလီဂရမ်၊ မဂ္ဂနီးစ် ၀.၁၈၉ မီလီဂရမ်၊ ဖော့စဖရက် ၁၈ မီလီဂရမ်၊ စီလီနီယမ် ၀.၂ မိုက်ကရိုဂရမ် နှင့် ဇင့် ၀.၇၂ မီလီဂရမ်တို ့ အသီးသီးပါရှိကြပြီး၊ ဘေးဥပါသ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိပါ။
(၁) ဂေါ်ရခါးသီးထဲတွင်ပါရှှိသော ဖောလိပ်ဓာတ်သည် သွေးထဲရှိဆဲလ်များနှင့် DNA ဖွဲ ့စည်းတည်ဆောက်မှုကို အားပေးခြင်း၊ မွေးဖွားလာသည့်ရင်သွေးငယ်များတွင် မွေးရာပါအာရုံကြောရောဂါပြသနာများမှ ကင်းဝေးစေခြင်း၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းမှကင်းဝေးခြင်း စသည့်ကောင်းကျိုးများပေးစွမ်းနိုင်သဖြင့် သားသမီယူရန်အစီအစဉ်ရှိသော မိခင် လောင်းများ/ကိုယ်ဝန်ဆောင်နေစဉ်တလျှောက်လုံးနှင့် နို ့ချိုတိုက်ကျွေးနေစဉ်ကာလတို ့မှာလည်း ဂေါ်ရခါးသီးကို မဖြစ် မနေစားပေးသင့်ပါသည်။
၁၉၉၆ တွင် အမေရိကန်ပြည်ထောင်စု၌ သုတေသနပြုကြရာ၊ အရွယ်ရောက်နေသူ အမျိုးသမီး များ၏ တစ်နေ ့တာလု်ိအပ်သော ဖောလိပ်ပမာဏမှာ ၄၀၀ မီလီဂရမ်ဖြစ်ရာ၊ ဖောလိပ်အက်ဆစ်ကြွယ်ဝသော ဂေါ်ရခါး သီးကို မှန်မှန်စားပေးရန် တို်က်တွန်းထားပါသည်။
(၂) အမျှင်ဓါတ်တို့ စုဝေးရာ အရင်းအမြစ်ဖြစ်သည့်အပြင် ရေဓာတ် ၉၄% ပါရှိ၏။ ထို ့ပြင် ကိုလက်စထရောလုံးဝ မပါရှိခြင်း ကြောင့် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းလိုသူများအတွက် အထူးသင့်တော်ပါသည်။
(၃) ဗီတာမင်စီ၊ အက်စ်ကောဘစ်အက်ဆစ် နှင့် poly-phenolic (ခေါ်) ဓာတ်တိုးဆန် ့ကျင်ပစ္စည်းများပါရှိကြရာ၊ ထိုဓာတ် များက free radicals ကြောင့် ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်။ အထူးသဖြင့် အစာအိမ်၊ ရင်သား၊ မျိုးဥ အိမ်၊ သားအိမ်၊ အူမကြီး နှင့် အဆုတ်ကင်ဆာဆဲလ်များ ကြီးထွားလာခြင်းကို ဟန် ့တားပေးနိုင်ပါသည်။
(၄) ဂေါ်ရခါးသီးထဲတွင်ပါရှိသော မဂ္ဂနီးစ် နှင့် ဗီတာမင်ဘီ-၆ တို ့သည် ခန္ဓာကိုယ်ထဲရောက်သွားသောအခါ ဓာတ်ပြုကြပြီး နောက်၊ ပရိုတင်းအဖြစ်ပြောင်းလဲကာခွန်အားများကိုထုတ်ပေးနိုင်၏။ ထို ့ကြောင့် အရွယ် ၃ ပါးမရွေးစားသုံးသင့်ပါသည်။
(၅) အူသိမ်၊အူမ တို ့စွမ်းရည်ကိုမြှင့်တင်ပေးသောကြောင့် ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်၏။
(၆) အမျိုးသမီးတစ်ဦး၏ တစ်နေ ့တာဗီတာမင်ကေ လိုအပ်ချက်မှာ ၉၀ မီလီဂရမ်ဖြစ်ပြီး၊ အမျိုးသားတစ်ဦး၏ လိုအပ်ချက်မှာ ၁၂၀မီလီဂရမ်ဖြစ်၏။ ထို ့ကြောင့် ဗီတာမင်ကေကြွယ်ဝသော ဂေါ်ရခါးသီးကိုစားပေးခြင်းဖြင့် အရိုးပွခြင်းမှကာကွယ်ပေး နိုင်ပါသည်။
(၇) ပိုတက်စီယမ် နှင့် ဗီတာမင်ဘီ-၆ တို ့လုံလောက်စွာပါရှိခြင်းကြောင့်၊ အောက်စီဂျင်ကို ဦးနှောက်သို ့ရောက်အောင် စွမ်း ဆောင်ပေးနိုင်ပြီး၊ မှတ်ဉာဏ်စွမ်းရည်တိုးတက်မြင့်မားစေပါသည်။ စိတ်ရွှင်လန်းဆန်းစေပြီး၊ အယ်လ်ဇိုင်မား(ခေါ်) ဦး နှောက်အကြိုဇရာရောဂါမှလည်း ကင်းဝေးစေနိုင်၏။ ထို ့ပြင် နာတာရှည်အိပ်မပျော်သူများအတွက်၊ အထူးသင့်တော်ပြီး ပင်ပန်း နွမ်းနယ်မှုများကိုလည်း သက်သာလာစေပါသည်။
(၈) သွားဖုံးကျန်းမာရေး၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း၊ အဆုတ်ကျန်းမာရေး နှင့် ကျောရိုးကျန်းမာရေးတို ့ကို တိုးတက်ကောင်းမွန်စေ၏။
(၉) ဂေါ်ရခါးသီးသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သောကြောင့် မကြာခဏဖြစ်ပေါ်တတ်သော အပူဖျား၊ အအေးဖျား နာခြင်း နှင့် ကူးစက်တုပ်ကွေးရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။
(၁၀)ဂေါ်ရခါးသီးထဲတွင် ကော့ပါးဓာတ်အမြောက်အများပါရှိသဖြင့့်၊ ဟိုမုန်းထုတ်လုပ်ခြင်း/စုပ်ယူခြင်းစသည့် သိုင်းရွိုက်၏ လုပ်ငန်းဆောင်တာများကို အထောက်အကူပြုကာ၊ သိုင်းရွိုက်ကိုကျန်းမာစေပါသည်။
(၁၁) ဂေါ်ရခါးသီီးထဲတွင်ပါရှိသော ဗီတာမင်အီးနှင့်ဗီတာမင်စီတို ့သည် အသားအရေကျန်းမာစေခြင်း၊ အက်စ်ကောဘစ် အက်ဆစ်သည် အရွယ်တင်နုပျိုစေခြင်း၊ ဖောလိပ််သည် အသားရေတင်းရင်းစေခြင်း၊ နီအာစင်းဓာတ်သည် အရေပြား တစ်ရှုးများကိုကျန်းမာစေခြင်း၊ ဇင့်ဓာတ်သည် ခန္ဓာကိုယ်အရေပြားထဲမှအဆီထွက်ရှိမှုကို ထိန်းချုပ်ပေးပြီး၊ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံများကို ပျောက်ကင်းသက်သာစေခြင်း စသည်ဖြင့်ကောင်းကျိုးပြုပါသည်။
(၁၂) ရင်ခွင်ပိုက်ရင််သွေးငယ်များအတွက် တနေ ့တာဗီတာမင်ဘီ-၆ လိုအပ်ချက်ပမာဏမှာ ၀.၀၁၅ မီလီဂရမ်၊ ကလေးများ အတွက် ၀.၂ မှ ၁.၂ မီလီဂရမ်၊ ဆယ်ကျော်သက်များအတွက် ၁.၄ မှ ၂ မီလီဂရမ်၊ အရွယ်ရောက်ပြီးသူများအတွက် ၀.၀၂ မီလီဂရမ်လိုအပ်၏။ ထို ့ကြောင့် ဗီတာဘီ-၆ ကြွယ်ဝသည့် ဂေါ်ရခါးသီးကို အရွယ် ၃ပါး မရွေးစားသုံးသင့်ပါသည်။
(၁၃) ဂေါ်ရခါးသီးထဲတွင် မဂ္ဂနီဆီယမ်ဓါတ် ပါရှိသောကြောင့် မှန်မှန်စားပေးခြင်းဖြင့် ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်း မှ ကာကွယ်ပေးနိုင်၏။
(၁၄) လူတစ်ယောက်အတွက် တစ်နေ ့တာ အမျှင်ဓာတ်လိုအပ်ချက်ပမာဏ ၁၄%ကို ဂေါ်ရခါးသီးမှရရှိကာ၊ ကိုလက်စထရော ကျစေ၍ သွေးထဲရှိသကြားဓာတ်တိုးပွားခြင်းကိုထိန်းချုပ်ပေးနို်င်သောကြောင့် ဆီးချိုရောာဂါသည်များကို ကောင်းကျိုးပြု ပါသည်။
(၁၅) အသီးထဲတွင်ပါရှိသော ပိုတက်စီယမ်ဓာတ်သည် သွေးထဲရှိကာဗွန်ဒိုင်အောက်ဆိုဒ်ကို သန် ့စင်ပေးရုံသာမက၊ သွေးခုန် နှုန်းဖိအားကိုထိန်းချုပ်ပေးသဖြင့် သွေးတိုးကျစေပါသည်။
(၁၆) အဆစ်အမြစ်ကိုက်ခဲနာကျင်ခြင်းနှင့် ဂေါက်ရောဂါ သမားများအတွက်၊ ဖလေဗိုနွိုက်ပါသော ဂေါ်ရခါးသီးကို စားပေးခြင်း ဖြင့် နာကျင်ကိုက်ခဲမှုများကိုသက်သာလာစေပါသည််။
(၁၇) နှလုံးရောဂါဝေဒနာရှင်များကို ဂေါ်ရခါးသီးကျွေး၍ဆေးသုတေသနပြုလုပ်ခဲ့ရာ၊ အသီးထဲတွင်ပါရှိသော ဖောလိပ်/ပိုတက် စီယမ်နှင့်မဂ္ဂနီီစီယမ်ဓာတ်ပေါင်းစုများသည် သွေးထဲရှိ homocysteine ပမာဏကို လျော့ချပေးနိုင်သဖြင့် နှလုံးရောဂါ သာမက၊ နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းများကိုပါ မဖြစ်စေနိုင်ဟုဆိုပါသည်။
(၁၈) ဂေါ်ရခါးသီးသာမက၊ ဂေါ်ရခါးပင်၏ အရွက်/အညွန် ့တို ့သည်လဲ လွန်စွာဆေးဘက်သောကြောင့် အရွက်ကြော်/ဟင်းချို /ကြော်ချက်ဟင်း/အရွက်ပြုတ်လုပ်၍ စားသုံးသင့်ပါသည်။ အရွက်/အညွန် ့တို ့ကို အစိမ်း(သို ့မဟုတ်) အခြောက်ခံပြီး လက်ဘက်ရည်ကြမ်းအဖြစ် မှန်မှန်သောက်သုံးသွားပါက၊ သွေးတိုးရောဂါကိုကျစေခြင်း၊ သွေးကြောမကြီးများ ပိတ်ဆို ့့ တင်းမာမှုကို ပြေလျော့စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ ကျောက်ကပ်ထဲရှိ ဆီးကျောက်များကိုကျေစေခြင်း စသည်ဖြင့် ဆေးစွမ်းထက်မြက်လှပါသည်။
မှတ်ချက်။
(၁)ရင့်သောအသီး၏ အပေါ်ယံအခွံသည် လက်သည်းနှင့်ဆိတ်ကြည့်၍ မရနိုင်အောင် ကြမ်းတမ်းမာကျောပြီး၊ အသား မှာဖွယ်၍ အရသာလည်းမကောင်းပါ။ အရွေးမမှားဘို ့လိုပါသည်။
(၂) ပိုးသတ်ဆေးအန္တာရာယ်မှ ကင်းဝေအောင် ဂေါ်ရခါးသီးကို မလှီးချွတ်ခင် ရှေးဦးစွာ ရေစင်စင်ဆေးပေးရပါမည်။ အခွံနွှာသောအခါတွင် အစေးများလက်ကို ကပ်စေးစေတတ်သဖြင့် ရေဘုံပိုင် ဖွင့်၍ အခွံနွှာခြင်းက ပိုမိုုအဆင်ပြေစေ၏။ ဂေါ်ရခါးသီးလေးများသည် လူတန်းစေ့စားနိုင်အောင်စျေးနှုန်းချိုသာသလောက် အရသာလဲချိုကာ၊ ဘေးထွက်ဆိုးကျိုး ကင်းလှပါ သည်။
ထို ့ကြောင့် မိမိလက်တကမ်းမှ အလွယ်တကူရနိုင်သော ဂေါ်ရခါးသီးလေးများကို အစာလည််းဆေး၊ ဆေးလည်းအစာ ဆိုသလို စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဘာသာပြန်သူ (ပေါက်ပေါက်)
ကိုးကား (ekcyclopedia – nutritent Chayote)
Written by admin