မ်က္ေတာင္ေတြပါ ေအးခဲသြားတဲ့ ကမၻာ့အေအးဆံုး ႐ြာေလး…

မ်က္ေတာင္ေတြပါ ေအးခဲသြားတဲ့ ကမၻာ့အေအးဆံုး ႐ြာေလး…

မ်က္ေတာင္ေတြပါ ေအးခဲသြားတဲ့ ကမၻာ့အေအးဆံုး ႐ြာေလး

ကမၻာ့အေအးဆံုး႐ြာေလးဟာ ဇန္နဝါရီလမွာ အပူခ်ိန္ အႏုတ္ ၅၀ ဒီဂရီစင္တီဂရိတ္ကို ေရာက္႐ွိလာပါတယ္။

ေအးလြန္းလို႔ မ်က္ေတာင္ေတြမွာပါ ႏွင္းေတြေအးခဲ ကပ္ေနတဲ့ ေဒသခံတစ္ဦးရဲ႕ပံုေတြကလည္း အင္တာနက္မွာ ပ်ံ႕ႏွံ႕လာပါတယ္။

Oymyakon ဆိုတဲ့ ႐ွ႐ွား႐ြာေလးဟာ ကမၻာေပၚမွာ အေအးဆံုး႐ြာအျဖစ္နဲ႔ သတ္မွတ္ခံထားရတာပါ။

ဒီ႐ြာေလးရဲ႕ ေအးခဲမႈဟာ ဘယ္ေလာက္ေတာင္ျပင္းသလဲဆိုရင္ လွ်ပ္စစ္သာမိုမီတာေတာင္ ပ်က္စီးသြားရတဲ့အထိပါပဲ။

အပူခ်ိန္က အႏုတ္ ၆၂ ဒီဂရီစင္တီဂရိတ္ ႐ွိခဲ့ၿပီး တကယ့္ကို အ႐ိုးကြဲမတတ္ေအးခဲ့တဲ့ေနာက္ မွတ္တမ္းဝင္သြားခဲ့တာပါ။ မွတ္တမ္းတင္ခဲ့တာကေတာ့ ၁၉၃၃ ခုႏွစ္မွာ တင္ခဲ့တာပါ။

Oymyakon ႐ြာသားတစ္ဦးကေတာ့ အပူခ်ိန္ဟာ အႏုတ္ ၆၇ ဒီဂရီစင္တီဂရိတ္အထိ ႐ွိေၾကာင္း မွတ္တင္းယူထားခဲ့ဖူးတယ္။

ေဒသခံ မိုးေလဝသ႐ံုးကေတာ့ အပူခ်ိန္ အႏုတ္ ၅၉ ဒီဂရီစင္တီဂရိတ္သာ ႐ွိတယ္လို႔ ထုတ္ျပန္ခဲ့ၿပီး ျဖစ္စဥ္ကို အျပည့္အဝ ထုတ္ျပန္ခဲ့တာမဟုတ္ေၾကာင္း အဆိုပါ႐ြာသားနဲ႔ ရြာခံအခ်ိဳ႕က ယံုၾကည္ၾကတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက Oymyakon ရြာေလးကို လာေရာက္တဲ့ ခရီးသြားေတြ တပ္ထားခဲ့တဲ့ ဒစ္ဂ်စ္တယ္သာမိုမီတာကေတာ့ အပူခ်ိန္ အႏုတ္ ၆၂ ဒဂရီစင္တီဂရိတ္ေရာက္ေနတယ္လို႔ ျပသေနပါတယ္။

The Siberian Times သတင္းမွာေတာ့ သာမိုမီတာဟာ ေအးလြန္းလို႔ ပ်က္စီးသြားၿပီလို႔ ေဖာ္ျပထားတယ္။

ဆိုက္ေဘးရီးယန္း႐ြာေလးရဲ႕ ေသလုေအာင္ေအးတဲ့ ဒဏ္ကို ခံႏုိင္ရည္ရွိသူက သိပ္မမ်ားပါဘူး။

လူဦးေရ ၅၀၀ ဝန္းက်င္ေလာက္သာ အေျခခ်ေနထိုင္ၾကပါတယ္။ ၁၉၃၃ ခုႏွစ္မွာေတာ့ Oymyakon ရြာေလးရဲ႕ အပူခ်ိန္က အႏုတ္ ၆၇.၇ ဒီဂရီစင္တီဂရိတ္ကို ေရာက္ခဲ့ၿပီး အီေကြတာေျမာက္ဘက္ျခမ္းရဲ႕ အပူခ်ိန္အနိမ့္ဆံုးအျဖစ္ မွတ္တမ္းတင္ခဲ့ပါတယ္။

ေတာင္ဝင္႐ိုးစြန္းေဒသမွာလည္း အပူခ်ိန္က်ဆင္းသြားတာေတြကို မွတ္တမ္းတင္ဖူးပါတယ္။ ဒါေပမဲ့ အဲ့ဒီေဒသေတြရဲ႕ အပူခ်ိန္က်ဆင္းမႈက အၿမဲတမ္းျဖစ္ေနတာေတာ့ မဟုတ္ဘူး။

Oymyakon ရြာသားေတြ ေန႔စဥ္ၾကံဳရတဲ့ ျပႆနာကေတာ့ မွင္အိုးေတြခဲသြားတာ၊ ေသာက္မလို႔လွမ္းယူေနတုန္းမွာပဲ မ်က္ႏွာကိုမေရာက္မီ ဖန္ခြက္က ေအးခဲသြားတာေတြနဲ႔ ဘက္ထရီေတြ အားကုန္သြားတာေတြပါပဲ။

ကားကို စက္ရပ္လိုက္ရင္ ျပန္ႏႈိးလို႔မရေတာ့မွာေၾကာက္လို႔ တစ္ေနကုန္ စက္ဖြင့္ထားရတယ္လို႔လည္း ေျပာၾကတယ္။

ငါးေတြေရာင္းတဲ့အခါ ေအးခဲထားဖုိ႔မလိုဘဲ အလိုလိုခဲေနတာကိုလည္း ေတြ႔ရပါတယ္။

Source : Daily Mail

Duwun
credit

Unicode Version

မျက်တောင်တွေပါ အေးခဲသွားတဲ့ ကမ္ဘာ့အအေးဆုံး ရွာလေး

ကမ္ဘာ့အအေးဆုံးရွာလေးဟာ ဇန်နဝါရီလမှာ အပူချိန် အနုတ် ၅၀ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိလာပါတယ်။

အေးလွန်းလို့ မျက်တောင်တွေမှာပါ နှင်းတွေအေးခဲ ကပ်နေတဲ့ ဒေသခံတစ်ဦးရဲ့ပုံတွေကလည်း အင်တာနက်မှာ ပျံ့နှံ့လာပါတယ်။

Oymyakon ဆိုတဲ့ ရှရှားရွာလေးဟာ ကမ္ဘာပေါ်မှာ အအေးဆုံးရွာအဖြစ်နဲ့ သတ်မှတ်ခံထားရတာပါ။

ဒီရွာလေးရဲ့ အေးခဲမှုဟာ ဘယ်လောက်တောင်ပြင်းသလဲဆိုရင် လျှပ်စစ်သာမိုမီတာတောင် ပျက်စီးသွားရတဲ့အထိပါပဲ။

အပူချိန်က အနုတ် ၆၂ ဒီဂရီစင်တီဂရိတ် ရှိခဲ့ပြီး တကယ့်ကို အရိုးကွဲမတတ်အေးခဲ့တဲ့နောက် မှတ်တမ်းဝင်သွားခဲ့တာပါ။ မှတ်တမ်းတင်ခဲ့တာကတော့ ၁၉၃၃ ခုနှစ်မှာ တင်ခဲ့တာပါ။

Oymyakon ရွာသားတစ်ဦးကတော့ အပူချိန်ဟာ အနုတ် ၆၇ ဒီဂရီစင်တီဂရိတ်အထိ ရှိကြောင်း မှတ်တင်းယူထားခဲ့ဖူးတယ်။

ဒေသခံ မိုးလေဝသရုံးကတော့ အပူချိန် အနုတ် ၅၉ ဒီဂရီစင်တီဂရိတ်သာ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်ကို အပြည့်အဝ ထုတ်ပြန်ခဲ့တာမဟုတ်ကြောင်း အဆိုပါရွာသားနဲ့ ရွာခံအချို့က ယုံကြည်ကြတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Oymyakon ရွာလေးကို လာရောက်တဲ့ ခရီးသွားတွေ တပ်ထားခဲ့တဲ့ ဒစ်ဂျစ်တယ်သာမိုမီတာကတော့ အပူချိန် အနုတ် ၆၂ ဒဂရီစင်တီဂရိတ်ရောက်နေတယ်လို့ ပြသနေပါတယ်။

The Siberian Times သတင်းမှာတော့ သာမိုမီတာဟာ အေးလွန်းလို့ ပျက်စီးသွားပြီလို့ ဖော်ပြထားတယ်။

ဆိုက်ဘေးရီးယန်းရွာလေးရဲ့ သေလုအောင်အေးတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိသူက သိပ်မများပါဘူး။

လူဦးရေ ၅၀၀ ဝန်းကျင်လောက်သာ အခြေချနေထိုင်ကြပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့ Oymyakon ရွာလေးရဲ့ အပူချိန်က အနုတ် ၆၇.၇ ဒီဂရီစင်တီဂရိတ်ကို ရောက်ခဲ့ပြီး အီကွေတာမြောက်ဘက်ခြမ်းရဲ့ အပူချိန်အနိမ့်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

တောင်ဝင်ရိုးစွန်းဒေသမှာလည်း အပူချိန်ကျဆင်းသွားတာတွေကို မှတ်တမ်းတင်ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီဒေသတွေရဲ့ အပူချိန်ကျဆင်းမှုက အမြဲတမ်းဖြစ်နေတာတော့ မဟုတ်ဘူး။

Oymyakon ရွာသားတွေ နေ့စဉ်ကြုံရတဲ့ ပြဿနာကတော့ မှင်အိုးတွေခဲသွားတာ၊ သောက်မလို့လှမ်းယူနေတုန်းမှာပဲ မျက်နှာကိုမရောက်မီ ဖန်ခွက်က အေးခဲသွားတာတွေနဲ့ ဘက်ထရီတွေ အားကုန်သွားတာတွေပါပဲ။

ကားကို စက်ရပ်လိုက်ရင် ပြန်နှိုးလို့မရတော့မှာကြောက်လို့ တစ်နေကုန် စက်ဖွင့်ထားရတယ်လို့လည်း ပြောကြတယ်။

ငါးတွေရောင်းတဲ့အခါ အေးခဲထားဖို့မလိုဘဲ အလိုလိုခဲနေတာကိုလည်း တွေ့ရပါတယ်။

Source : Daily Mail

Duwun
credit

Written by admin