အူဝဲလိုပဲ ဆွဲဆောင်မှုရှိတဲ့ အလှမျိုးပိုင်ဆိုင်ထားတဲ့ အူဝဲရဲ့ တူမလေး မေတိုးခိုင်…

အူဝဲလိုပဲ ဆွဲဆောင်မှုရှိတဲ့ အလှမျိုးပိုင်ဆိုင်ထားတဲ့ အူဝဲရဲ့ တူမလေး မေတိုးခိုင်…

မေတိုးခိုင်ကတော့ လူငယ်ပရိသတ်တွေကြားထဲမှာ အရမ်းကိုရေပန်းစားနေတဲ့ တက်သစ်စ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူလေးကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော်မင်းသမီး တစ်ယောက်ဖြစ်တဲ့ အူဝဲရဲ့ တူမလေးဖြစ်လို့ ပြောစရာတောင် လိုမှာမဟုတ်ပါဘူး။ မေတိုးခိုင်နဲ့ အူဝဲတို့ နှစ်ဦးဟာ အရမ်းကိုပုံစံချင်းတူလွန်းတဲ့ မျက်နာပုံစံရှိပြီး မေတိုးခိုင်ကို ကြည့်ရတာက အူဝဲရဲ့ ငယ်ဘဝကိုတောင် သတိရစေပါတယ်။

မေတိုးခိုင်ကတော့ လတ်တလောမှာ ကြော်ငြာတွေ၊ ဖိုတိုရှုတွေအများကြီး ရိုက်ကူးခဲ့ပြီး ပြီဖြစ်ပါတယ်။ ပွင့်လင်းတဲ့ အပြုံး ၊ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့ ပုံစံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိနေပြီး အူဝဲလိုပဲ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာမယ်လို့ ပရိသတ်တွေကတော့ ခန့်မှန်းနေကြပါတယ်။

ကိုယ်ပိုင်စတိုင်ရှိပြီး ခေတ်ဆန်တဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ မေတိုးခိုင်ရဲ့ ရှေ့မှာဆက်လက် ဆာင်ရွက်မယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

Source: May Toe Khine

Written by admin