ၾကိဳ ့ထိုးျခင္း ေျပေပ်ာက္ေစမယ့္ နည္းလမ္း(၁၄) သြယ္…

ၾကိဳ ့ထိုးျခင္း ေျပေပ်ာက္ေစမယ့္ နည္းလမ္း(၁၄) သြယ္…

အစာေခ်လမ္းေၾကာင္းေပၚမွာ ျပသနာတစ္ခုခုရွိေနျပီျဖစ္ေၾ ကာင္းကို ဦးေႏွာက္က ၀မ္းဗိုက္သို ့ “ၾကိဳ ့ထိုးျခင္း” ျဖင့္ အခ်က္ျပေလ့ ရွိုတယ္လို ့ အေမရိကန္ ေဆးသုေတသီမ်ားကဆိုပါတယ္။
ေလ့လာစမ္းစစ္မႈမ်ားအရ၊ ကေလးငယ္မ်ားတြင္ မၾကာခဏ ၾကိဳ ့ထိုး ေလ ့ရွိၾကျပီး၊ အရြယ္ေရာက္သူမ်ားမွာေတာ့ အနည္းဆံုး တစ္ႏွစ္လွ်င္ ၃-ၾကိမ္ မွ် ၾကိဳ ့ထိုးၾကပါတယ္တဲ့။ ၾကိဳ ့ထိုးျခင္းျဖင့္ အသက္မတိုေစႏိုင္ပါ။ မ်ားေသာအားျဖင့္ ၾကိဳ ့ထိုးျခင္းက မိနစ္္အနည္းငယ္အတြင္း သူ ့အလိုလို ေပ်ာက္သြား ေစေသာ္လဲ၊

တခါတရံမွာေတာ့ ေတာ္ေတာ္နဲ ့မေပ်ာက္လို ့စိတ္ကသိကေအာက္ ျဖစ္ေစပါတယ္။ ေအာက္ပါ နည္းလမ္းမ်ားက ၾကိဳ ့ထိုးျခင္းကို ေျပေပ်ာက္ေစ၍့၊ လိုအပ္သလို ေလ့လာမွတ္သားအသံုးခ်ႏိုင္ပါ တယ္။

(၁) သၾကား(သို ့မဟုတ္)အိုဗာတင္းအမႈန္ ့(သို ့မဟုတ္)ေခ်ာကလက္မႈန္ ့၁-ဇြန္းစာ ပမာဏကို လွွ်ာေပၚတင္၍၊ အာခါင္ႏွင္ ့လွ်ာ ပြတ္တိုက္မ်ိဳခ်ေပးျခင္းက အစာေလျပြန္ကို လႈပ္ရွားေအာင္လွဳံ ့ေဆာ္ ေပးရာေရာက္ကာ ၾကိဳ ့ထိုးေပ်ာက္သြားေစပါတယ္။

(၂) နားႏွစ္ဘက္ထဲ လက္ေခ်ာင္းထဲ့ေပးျခင္းက အၾကားအာရံုေၾကာကို ေခတၱဆိုင္းငံ့ေစကာ ၾကိဳ ့ထိုးျခင္းကို အဆံုးသတ္သြား ေစေၾကာင္း Discovery Fit & Health ဟုအမည္ရေသာ အေမရိကန္ေဆးဂ်ာနယ္တြင္ေဖာ္ျ ပထားပါတယ္။ (နားအတြင္းထဲအထိ လက္ေခ်ာင္းထိုးထဲ့ေပးဖို ့ မလိုအပ္ပါ)

(၃) ၾကိဳ ့ထိုးေနသူကို မထင္မွတ္ေသာစကားျဖင့္ အံံၾသစိတ္တိုေအာင္ေျပာေပးျခ င္းျဖင့္ ၾကိဳ ့ထိုးျခင္းကို ေျပေပ်ာက္သြား ေစပါ တယ္။

(၄) ၾကိဳ ့ထိုးေနစဥ္ ၾကားျဖတ္ျပီး ေသာက္ေရကို ဂလု..ဂလု မ်ိဳခ်ျခင္း (သို ့မဟုတ္) ပလုပ္က်င္းျခင္းတို ့က အာရံုေၾကာ အဖြဲ ့အစည္းကို အေျပာင္းအလဲ သေဘာမ်ိဳးျဖစ္သြားေစပါတယ္။

(၅) လွွ်ာကို ဆတ္ခနဲဆြဲထုတ္ျခင္းကလည္း ၾကိဳ ့ထိုးေပ်ာက္ေစတဲ့ နည္းလမ္းပါဘဲ။

(၆) လွ်ာေပၚရွိ အရသာခံအဖုေလးေတြကို လက္ (သို ့မဟုတ္) ဂြမ္းစျဖင့္ ခပ္ဖြဖြယားယံေအာင္ ျပဳလုပ္ေပးျခင္းကလည္း ၾကိဳ ့ထိုး ျခင္းကို ေျပေပ်ာက္ေစပါတယ္။

(ရ) ႏႈတ္ခမ္း ၂-လႊာတင္းတင္းေစ့ကာ ပါစပ္ပိတ္ျပီး၊ ႏွာေခါင္းကိုလည္း လက္ျဖင့္ညွစ္၍ အသက္မရႈဘဲ ခံႏိုင္ရည္ရွိသေလာက္ အသက္ေအာင့္ထားပါ။ ၾကိဳ ့ထိုးျခင္းက သူ ့အလိုလို ရပ္တန္ ့သြားေစပါလိမ့္္မယ္။

(ဂ) စကၠဴအိတ္တစ္လံုးထဲက ေလကိုျဖည္းျဖည္းႏွင့္ မွန္မွန္ ေလရႈသြင္း/ ရႈထုတ္ပါ။ အခ်ိန္ၾကာလာတာနဲ ့အမွွ် စကၠဴအိတ္ထဲရွိ ကာဗြန္ဒိုင္ေကာ္ကဆိုဒ္ဓာတ္ေငြ ့မ်ားသည္ ႏွာေခ်ာင္းမွတဆင့္ေသြးထဲစို ့စီးဆင္းလာကာ ၾကိဳ ့ထိုးျခင္း ေပ်ာက္သြားပါလိမ့္မယ္။

(၉) ကြ်မ္းက်င္နားလည္သူမ်ား၏ အဆိုအမိန္ ့အရ၊ အစာအိမ္ထဲမွာ အစာမေက်ညက္ေသး၍ ေနာက္ထပ္ အစာထပ္မစားရန္ အခ်က္ျပသေကၤတတစ္ခုအျဖစ္ ၾကိဳ ့ထိုးျပျခင္းျဖစ္တယ္လို ့ ဆိုပါတယ္။ အစာကိုေက်ညက္ေအာင္ မ၀ါးဘဲ အျမန္ျမိဳခ်ျခင္းက အစာႏွင့္အတူေလမ်ားေရာေႏွာကာ ဗိုက္ထဲေရာက္သြားျပီး ၾကိဳ ့ထိုး လာေစပါတယ္။ ထို ့ေၾကာင့္ ထမင္းကို ျဖည္းျဖည္းမွန္မွန္ စားျပီး ေရအနည္းေသာက္၍ မ်ိဳခ်ျခင္းျဖင့္ ဗိုက္ထဲမွာ ေလဟာနယ္ မျဖစ္ေစေတာ့ပါဘူး။

(၁၀) အေဖ်ာ္ယမကာမ်ားႏွင့္ အခ်ိဳ ့ေသာ ဟင္းခတ္အေမႊးအၾကိဳင္မ်ားဟာ အစာျပြန္(လည္ေခ်ာင္း) နဲ ့အစာအိမ္တို ့ကို ကသိကေအာက္ျဖစ္ေစရံုမွ်မက၊ အစာအိမ္မွ အက္ဆစ္မ်ား အစာျပြန္တေလွွ်ာက္ အထက္သို ့ျပန္လည္ဆန္တက္လာေစျပီး ၾကိဳ ့ထိုးျခင္းကို ျဖစ္ေပၚေစပါတယ္။ ထို ့ေၾကာင့္ သင့္တင္မွွ်တရံုသာ မွီ၀ဲေပးပါ။

(၁၁) လၻက္ရည္ဇြန္း ၁-ဇြန္းစာပမာဏရွိေသာ ရွာလကာရည္ ေသာက္သံုးျခင္းက ၾကိဳ ့ထိုးျခင္းကို ရပ္တန္ ့ေစသလို၊ ပ်ားရည္ လၻက္ရည္ဇြန္း ၁-ဇြန္းကို ေရေႏြးျဖင့္ ေရာစပ္ေသာက္ျခင္းကလည္း ၾကိဳ ့ထိုးေနသာ အာရံုခံအေၾကာကို ရပ္တန္ ့ေပးပါတယ္။

(၁၂) သြားျဖင့္ ခဲတံ (သို ့မဟုတ္) ထမင္းစာတူတစ္ေခ်ာင္းကို ခပ္ဖြဖြကိုက္ျပီး၊ ဖန္ခြက္ထဲက ေသာက္ေရကို သြားၾကာထဲကေန ခက္ခက္ခဲခဲ စုပ္ယူေသာက္ေပးျခင္းက လည္မ်ိဳကို ၾကံဳ ့လိုက္ဆန္ ့လိုက္ျဖစ္ေစကာ ၾကိဳ ့ထိုးျခင္းကို ေျပေပ်ာက္သြားေစပါတယ္။

(၁၃) ေရွးျမန္မာေဆးဆရာၾကီးမ်ားက စမုန္စပါး ၀ါးစားမ်ိဳခ်ျခင္းနည္းလမ္းျ ဖင့္ မၾကာခဏၾကိဳ ့ထိုးျခင္းကို ကုသေလ့ရွိပါတယ္။

(၁၄) အိႏိၵယေဆးက်မ္းမ်ားတြင္ ၾကိဳ ့မထိုး ေအာင္ ေျမပဲေထာပတ္ လၻက္ရည္ဇြန္း ၁-ဇြန္းစားေစပါတယ္။

Credit – ေပါက္ေပါက္

Uni

ကြို ့ထိုးခြင်း ပြေပျောက်စေမယ့် နည်းလမ်း(၁၄) သွယ်…

အစာချေလမ်းကြောင်းပေါ်မှာ ပြသနာတစ်ခုခုရှိနေပြီဖြစ်ေြ ကာင်းကို ဦးနှောက်က ၀မ်းဗိုက်သို ့ “ကြို ့ထိုးခြင်း” ဖြင့် အချက်ပြလေ့ ရှိုတယ်လို ့ အမေရိကန် ဆေးသုတေသီများကဆိုပါတယ်။
လေ့လာစမ်းစစ်မှုများအရ၊ ကလေးငယ်များတွင် မကြာခဏ ကြို ့ထိုး လေ ့ရှိကြပြီး၊ အရွယ်ရောက်သူများမှာတော့ အနည်းဆုံး တစ်နှစ်လျှင် ၃-ကြိမ် မျှ ကြို ့ထိုးကြပါတယ်တဲ့။ ကြို ့ထိုးခြင်းဖြင့် အသက်မတိုစေနိုင်ပါ။ များသောအားဖြင့် ကြို ့ထိုးခြင်းက မိနစ််အနည်းငယ်အတွင်း သူ ့အလိုလို ပျောက်သွား စေသော်လဲ၊

တခါတရံမှာတော့ တော်တော်နဲ ့မပျောက်လို ့စိတ်ကသိကအောက် ဖြစ်စေပါတယ်။ အောက်ပါ နည်းလမ်းများက ကြို ့ထိုးခြင်းကို ပြေပျောက်စေ၍့၊ လိုအပ်သလို လေ့လာမှတ်သားအသုံးချနိုင်ပါ တယ်။

(၁) သကြား(သို ့မဟုတ်)အိုဗာတင်းအမှုန် ့(သို ့မဟုတ်)ချောကလက်မှုန် ့၁-ဇွန်းစာ ပမာဏကို လျှှာပေါ်တင်၍၊ အာခါင်နှင် ့လျှာ ပွတ်တိုက်မျိုချပေးခြင်းက အစာလေပြွန်ကို လှုပ်ရှားအောင်လှုံ ့ဆော် ပေးရာရောက်ကာ ကြို ့ထိုးပျောက်သွားစေပါတယ်။

(၂) နားနှစ်ဘက်ထဲ လက်ချောင်းထဲ့ပေးခြင်းက အကြားအာရုံကြောကို ခေတ္တဆိုင်းငံ့စေကာ ကြို ့ထိုးခြင်းကို အဆုံးသတ်သွား စေကြောင်း Discovery Fit & Health ဟုအမည်ရသော အမေရိကန်ဆေးဂျာနယ်တွင်ဖော်ြ ပထားပါတယ်။ (နားအတွင်းထဲအထိ လက်ချောင်းထိုးထဲ့ပေးဖို ့ မလိုအပ်ပါ)

(၃) ကြို ့ထိုးနေသူကို မထင်မှတ်သောစကားဖြင့် အံံသြစိတ်တိုအောင်ပြောပေးခြ င်းဖြင့် ကြို ့ထိုးခြင်းကို ပြေပျောက်သွား စေပါ တယ်။

(၄) ကြို ့ထိုးနေစဉ် ကြားဖြတ်ပြီး သောက်ရေကို ဂလု..ဂလု မျိုချခြင်း (သို ့မဟုတ်) ပလုပ်ကျင်းခြင်းတို ့က အာရုံကြော အဖွဲ ့အစည်းကို အပြောင်းအလဲ သဘောမျိုးဖြစ်သွားစေပါတယ်။

(၅) လျှှာကို ဆတ်ခနဲဆွဲထုတ်ခြင်းကလည်း ကြို ့ထိုးပျောက်စေတဲ့ နည်းလမ်းပါဘဲ။

(၆) လျှာပေါ်ရှိ အရသာခံအဖုလေးတွေကို လက် (သို ့မဟုတ်) ဂွမ်းစဖြင့် ခပ်ဖွဖွယားယံအောင် ပြုလုပ်ပေးခြင်းကလည်း ကြို ့ထိုး ခြင်းကို ပြေပျောက်စေပါတယ်။

(ရ) နှုတ်ခမ်း ၂-လွှာတင်းတင်းစေ့ကာ ပါစပ်ပိတ်ပြီး၊ နှာခေါင်းကိုလည်း လက်ဖြင့်ညှစ်၍ အသက်မရှုဘဲ ခံနိုင်ရည်ရှိသလောက် အသက်အောင့်ထားပါ။ ကြို ့ထိုးခြင်းက သူ ့အလိုလို ရပ်တန် ့သွားစေပါလိမ့််မယ်။

(ဂ) စက္ကူအိတ်တစ်လုံးထဲက လေကိုဖြည်းဖြည်းနှင့် မှန်မှန် လေရှုသွင်း/ ရှုထုတ်ပါ။ အချိန်ကြာလာတာနဲ ့အမျှှ စက္ကူအိတ်ထဲရှိ ကာဗွန်ဒိုင်ကော်ကဆိုဒ်ဓာတ်ငွေ ့များသည် နှာချောင်းမှတဆင့်သွေးထဲစို ့စီးဆင်းလာကာ ကြို ့ထိုးခြင်း ပျောက်သွားပါလိမ့်မယ်။

(၉) ကျွမ်းကျင်နားလည်သူများ၏ အဆိုအမိန် ့အရ၊ အစာအိမ်ထဲမှာ အစာမကျေညက်သေး၍ နောက်ထပ် အစာထပ်မစားရန် အချက်ပြသင်္ကေတတစ်ခုအဖြစ် ကြို ့ထိုးပြခြင်းဖြစ်တယ်လို ့ ဆိုပါတယ်။ အစာကိုကျေညက်အောင် မဝါးဘဲ အမြန်မြိုချခြင်းက အစာနှင့်အတူလေများရောနှောကာ ဗိုက်ထဲရောက်သွားပြီး ကြို ့ထိုး လာစေပါတယ်။ ထို ့ကြောင့် ထမင်းကို ဖြည်းဖြည်းမှန်မှန် စားပြီး ရေအနည်းသောက်၍ မျိုချခြင်းဖြင့် ဗိုက်ထဲမှာ လေဟာနယ် မဖြစ်စေတော့ပါဘူး။

(၁၀) အဖျော်ယမကာများနှင့် အချို ့သော ဟင်းခတ်အမွှေးအကြိုင်များဟာ အစာပြွန်(လည်ချောင်း) နဲ ့အစာအိမ်တို ့ကို ကသိကအောက်ဖြစ်စေရုံမျှမက၊ အစာအိမ်မှ အက်ဆစ်များ အစာပြွန်တလျှှောက် အထက်သို ့ပြန်လည်ဆန်တက်လာစေပြီး ကြို ့ထိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ထို ့ကြောင့် သင့်တင်မျှှတရုံသာ မှီဝဲပေးပါ။

(၁၁) လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာပမာဏရှိသော ရှာလကာရည် သောက်သုံးခြင်းက ကြို ့ထိုးခြင်းကို ရပ်တန် ့စေသလို၊ ပျားရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်းကို ရေနွေးဖြင့် ရောစပ်သောက်ခြင်းကလည်း ကြို ့ထိုးနေသာ အာရုံခံအကြောကို ရပ်တန် ့ပေးပါတယ်။

(၁၂) သွားဖြင့် ခဲတံ (သို ့မဟုတ်) ထမင်းစာတူတစ်ချောင်းကို ခပ်ဖွဖွကိုက်ပြီး၊ ဖန်ခွက်ထဲက သောက်ရေကို သွားကြာထဲကနေ ခက်ခက်ခဲခဲ စုပ်ယူသောက်ပေးခြင်းက လည်မျိုကို ကြုံ ့လိုက်ဆန် ့လိုက်ဖြစ်စေကာ ကြို ့ထိုးခြင်းကို ပြေပျောက်သွားစေပါတယ်။

(၁၃) ရှေးမြန်မာဆေးဆရာကြီးများက စမုန်စပါး ၀ါးစားမျိုချခြင်းနည်းလမ်းြ ဖင့် မကြာခဏကြို ့ထိုးခြင်းကို ကုသလေ့ရှိပါတယ်။

(၁၄) အိန္ဒိယဆေးကျမ်းများတွင် ကြို ့မထိုး အောင် မြေပဲထောပတ် လ္ဘက်ရည်ဇွန်း ၁-ဇွန်းစားစေပါတယ်။

Credit – ပေါက်ပေါက်

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *