မိန်းကလေးတွေလုပ်တတ်တဲ့ အသည်းကွဲခြင်းအတွက် ကုစားနည်းတွေ…

မိန်းကလေးတွေလုပ်တတ်တဲ့ အသည်းကွဲခြင်းအတွက် ကုစားနည်းတွေ…

တစ်သက်လုံးရည်ရွယ်ထားတဲ့သူတစ်ယောက်နဲ့ မပြတ်ချင်ပေမယ့်လည်း ပြတ်ရတဲ့အခိုက်အတန့် ယောင်းတို့ ရှိဖူးမှာပဲနော်။ အချစ်ဦးနဲ့လွဲရင် ပိုဆိုးတာပေါ့နော်။ ဒီလိုလမ်းခွဲတဲ့ကာလတွေမှာ ခံစားရတာအလူးအလဲပါပဲ။ အဲဒီတော့ ဒဏ်ရာတွေပျောက်အောင် အက်မင်တို့မိန်းကလေးတွေကုစားတဲ့နည်းလမ်းရှိအချို့က သူများတွေ အမြင်မှာ နည်းနည်းတော့အူကြောင်ကြောင်နိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဘယ်လိုများကုစားကြလို့လဲတဲ့…

၁) ဆံပင်ပုံစံပြောင်းလဲခြင်း။

စိတ်ဖိစီးမှုရှိတာပဲဖြစ်ဖြစ်၊ စိတ်ညစ်တာပဲဖြစ်ဖြစ် အချို့သောမိန်းကလေးတွေက လူသစ်စိတ်သစ်ဖြစ်အောင် ဆံပင်ပုံစံကိုပြောင်းလေ့ ရှိပါတယ်။ မိန်းကလေးအများစု အသည်းကွဲပြီး ပိုလှလာတယ်ဆိုတာ ဆံပင်ပုံစံ ပြောင်းလိုက်တာလဲ တစ်ခုအပါအဝင်ပေါ့။ အချို့သော မိန်းကလေးတွေဆို စိတ်ဖိစီးမှုရှိုတိုင်း ဆံပင်ကိုကောက်၊ ဖြောင့်၊ ညှပ်၊ ဆေးဆိုးတာတွေလုပ်တာက တစ်ခါတစ်လေဆို လူပုံစံပြောင်းလဲသွားတာမို့ ကောင်းပေမဲ့လည်း ခဏခဏဆိုရင်တော့ ဆံပင်တွေပျက်စီးပြီး ပိုတောင်ရုပ်ဆိုးသွားတတ်ပါတာမို့ သတိထားဖို့လိုတယ်နော်…

၂) အကြောင်းမရှိရယ်ခြင်း။

ဒီလိုမိန်းကလေးတွေကို ရည်းစားနဲ့ပြတ်ပြီး သူငယ်ချင်းမတွေနဲ့တပူးပူး တတွဲတွဲတွေ့ရပါလိမ့်မယ်။ သာမန်အချိန်မှာတည်နေတတ်ပေမဲ့ ဒီလိုကာလမျိုးဆို စားသောက်ဆိုင်မှာ စားချင်တာလျှောက်စား စကားကို အကျယ်ကြီးပြောပြီး ရယ်နေတတ်ပါတယ်။ ရယ်စရာမရှိရင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးကို ရယ်နေကြတာပါ။ သူတို့အတွက် အဲဒီ့အချိန်မှာ အရာအားလုံးဟာ သာမန်ထက်ပိုရယ်စရာကောင်းနေပါတယ်။

၃) မသောက်ဘဲမူးခြင်း။

အက်မင်တွေ့ဖူးတဲ့ တစ်ချို့ကျ အသည်းကွဲရင် မမူးဘဲ ရစ်နေတတ်ပါတယ်။ အထူးသဖြင့် ညဘက်အချိန်မျိုး မှာပေါ့။ ချတ်ဘောက်ကနေ လိုက်စနေမယ်၊ မပြောဖူးမလုပ်ဖူးတာတွေ ပြောနေမယ်၊လုပ်နေမယ်၊ ပေါက်ကရပိုစ့်တွေလျှောက်ပို့ပြီး နောက်နေပါလိမ့်မယ်။ တွေ့တဲ့အချိန်ကျရင်လည်း အကြောင်းအရာ တစ်ခုတည်းကိုပဲ ထပ်ပြောပြီး အရစ်ရှည်နေပါတယ်။ ပြဿနာမရှိ ပြဿနာရှာနေတတ်တဲ့သူမျိုးပါ။ သူ့အနားမှာ နည်းနည်းလေးမှ အချိုးမပြေတဲ့သူစိမ်းတစ်ယောက်ကိုတွေ့တာနဲ့ ရန်စကားပြောပြီးသားပါပဲ။

၎) ဝါသနာပါရာ အလုပ်တစ်ခုထဲ နှစ်မြှုပ်လိုက်ခြင်း။

ဒီလိုအချိန်မျိုးတွေမှာ ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုခုထဲ နှစ်မြှုပ်လိုက်ခြင်းက စိတ်သက်သာရာရအောင် ဖန်တီးပေးနိုင်ပါတယ်။ ဆိုလိုတာက သီချင်းနားထောင်တာ ကြိုက်တဲ့သူတွေက သီချင်းနားထောင်နေမယ်။ စာဖတ်တာ ဝါသနာပါတဲ့သူက စာအုပ်တွေပဲဖတ်နေမယ် စသဖြင့်ပေါ့။ ကိုယ်နှစ်သက်ရာ ကမ္ဘာလေးတစ်ခု ဖန်တီးပြီး ဒီကမ္ဘာလေးထဲမှာ ပျော်စရာတွေ ဖန်တီးလို့ ပျော်မွေ့နေတတ်ကြပါတယ်။

ဒီနေရာမှာ အထူးသဖြင့် ပြောချင်တာကတော့ ကေပေါ့ပါတွေပါ။ အသည်းကွဲကြတဲ့အခါမှာ ကေပေါ့ထဲကို ပိုလို့ စိတ်ဝင်စားလာကြသူတွေပေါ့။ ကေပေါ့ကိုစိတ်ဝင်စားတဲ့သူတွေဟာ များသောအားဖြင့် စင်ဂယ်လ်တွေပဲများပါတယ်။ ဘာလို့ဆို သူတို့ဘဝက အိုင်ဒေါလ်ရှိနေယုံ၊ ချစ်နေရရုံလေးနဲ့ပြီးပြည့်စုံနေလို့ပါ။ တစ်ခါတစ်လေကျ အချစ်ကနာကျင်စေတဲ့အခါ ကေပေါ့သီချင်းတွေနားထောင် bias လေးထား၊ သူတို့ကိုပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ကြပါတယ်။ ကိုယ့်ရဲ့အာရုံကိုလှည့်စားပြီး ပျော်စရာကမ္ဘာလေးတစ်ခု ဖန်တီးလိုက်သလိုပါပဲ။

ကဲ အသည်းကွဲတဲ့အခါ ဒီလိုပုံစံမျိုးနဲ့ကိုယ့်ကိုယ်ကိုပြန်တည်ဆောက်တတ်တဲ့ယောင်းတို့ လက်မလေးတွေ ထောင်သွားကြဦးနော်။ လူတွေအမြင်မှာတော့ ရယ်စရာကောင်းတယ်ထင်ရပေမဲ့ တကယ်ပဲစိတ်သက်သာရာ ရတယ်ဆိုတာ လုပ်ဖူးတဲ့ သူတွေပဲသိပါလိမ့်မယ်။ ဟုတ်တယ်ဟုတ်…

Miko ( For Her Myanmar )

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *