ကျွန်မတို့ မိန်းမသားတွေကခက်တယ် “မောင်” ကိုယ့်ဘက်က ဘယ်လောက်ချစ်ချစ် မောင်တို့ဘက်က မချစ်တော့ဘူးဆိုရင် အရာရာစွန့်လွတ် ချစ်လျှက်နဲ့ လက်ပြနုူတ်ဆက်ပေးခဲ့ရတာ သိစေချင်တယ်💖   💘 …

ကျွန်မတို့ မိန်းမသားတွေကခက်တယ် “မောင်” ကိုယ့်ဘက်က ဘယ်လောက်ချစ်ချစ် မောင်တို့ဘက်က မချစ်တော့ဘူးဆိုရင် အရာရာစွန့်လွတ် ချစ်လျှက်နဲ့ လက်ပြနုူတ်ဆက်ပေးခဲ့ရတာ သိစေချင်တယ်💖 💘 …

“မောင်”…ထံသို့
~~~~~~~~~~~~~

ကျွန်မတို့ မိန်းမသားတွေကခက်တယ် “မောင်”
ကိုယ့်ဘက်က ဘယ်လောက်ချစ်ချစ် မောင်တို့ဘက်က
မချစ်တော့ဘူးဆိုရင် အရာရာစွန့်လွတ် ချစ်လျှက်နဲ့
လက်ပြနုူတ်ဆက်ပေးခဲ့ရတာ သိစေချင်တယ်။

ကျွန်မတို့ မိန်းမသားတွေက ခံစားချက်တွေထိန်းရတယ်
“မောင်”တို့်လို့ အရာရာဖွင့်ဟခွင့်မရှိဘူးလေ ချစ်ပေမဲ့
မုန်းတယ်လို့ ပြောလိုက်ရတဲ့ အခိုက်အတန့်လည်း
ရှိတယ် ယောကျာင်္းလေးတွေက ရင်ထဲကမပါပဲ

ချစ်တယ်လို့ ပြောလို့ရသလို မိန်းကလေးတွေကလည်း
ရင်ထဲက မပါပဲမုန်းတယ်လို့ ပြောခဲ့ရတဲ့အချိန်တွေ
ရှိတတ်တယ်ဆိုတာ နားလည်စေချင်တယ်။

ကျွန်မတို့ မိန်းကလေးတွေက ဆန္ဒထက် သိက္ခာကို
ဦးစားပေးရတယ် “မောင်” ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ

ယှဉ်ပြိုင်လာရင် ဖြစ်သင့်တာကို ရင်နာနာနဲ့ ဆုံးဖြတ်ရတဲ့
အခိုက်အတန့်တွေလည်းရှိတယ် ဆန္ဒထက်သိက္ခာတရား
ကိုဦးစားပေးခဲ့ရတဲ့သူမို့ ဘဝမှာနာကျင်မှုတွေ ဒုနဲ့ဒေး
ဆိုတာ ယုံပါကွယ်။

ကျွန်မတို့မိန်းကလေးတွေက သစ္စာတရားကိုကိုးကွယ်
တတ်တယ်”မောင်”မေတ္တာမှာသစ္စာမစစ်ခဲ့တဲ့သူအတွက် အချစ်ဆိုတာ
ကစားစရာလို့မရည်ရွယ်ခဲ့လေတော့ ထိရှခဲ့သမျှ အရာတိုင်း ဒဏ်ရာတွေပါပဲဆိုတာ မရှင်းပြချင်တော့ဘူးလေ။

နောက်ဆုံး
ကျွန်မတို့်မိန်းကလေးတွေက အရာရာ
အရှုံးပေးခဲ့ရသူပါ မိန်းမတစ်ယောက်က အချစ်ကို
နှလုံးသားနဲ့ပဲရွေးချယ်တတ်ပေမဲ့ ယောကျာင်္းတွေကတော့

အချစ်ကို ကိန်းဂဏန်းတွေနဲ့တွက်ချက်တတ်တယ်လေ
ချစ်ပြီးမှ ပစ်ခဲ့တဲ့ရာဇာဝင်တွေထဲ ဟန်ဆောင်ကောင်းတာ
မိန်းကလေးတွေဆိုပေမဲ့ တကယ်တမ်းရှုံးခဲ့တာ ကျွန်မတို့
မိန်းကလေးတွေပါ “မောင်” ရယ်။

#မိုးရည် စက်များ

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *