ငယ္ေသးလို႔ မိန္းမ မယူေသးတာ လို႔ ေနာက္လိုက္တဲ့ ခန္႔စည္သူ…

ငယ္ေသးလို႔ မိန္းမ မယူေသးတာ လို႔ ေနာက္လိုက္တဲ့ ခန္႔စည္သူ…

သရုပ္ေဆာင္ ခန္႔စည္သူတစ္ေယာက္ကေတာ့ သူဟာ ငယ္ေသးလို႔ မိန္းမမယူေသးဘူးလို႔ ပရိတ္သတ္ေတြကို ခပ္ေနာက္ေနာက္ေလး ေျပာလိုက္ပါတယ္။ ေဖ့စ္ဘြက္ပံုမွန္ အသံုးျပဳတဲ့ ခန္႔စည္သူက သူ႔ရဲ့ ပံုေလးတစ္ပံုရဲ့ ေကာမန္႔မွာ ခပ္ေနာက္ေနာက္ေလး ေျပာလိုက္တာ ျဖစ္ပါတယ္။

ဟာသကားေတြနဲ႔ ခုအခ်ိန္ခုအရြယ္ထိ ပရိတ္သတ္ အားေပးမႈရေနတဲ့ ခန္႔စည္သူက လူႀကီးလူေကာင္းဆန္ဆန္လည္း ေနတတ္သလို အျပင္မွာ တခါတေလလည္း ခပ္ေနာက္ေနာက္ ေနတတ္သူ ျဖစ္ပါတယ္။ ဒီေန႔ (ေဖာ္ေဖာ္ဝါရီလ ၂ ရက္) မွာလည္း မိန္းမေတာ့ ယူသင့္ၿပီလို႔ ေရးထားတဲ့ ေကာမန္႔တစ္ခုကို ငယ္ေသးလို႔ ဆိုၿပီး ျပန္ေရးထားတာ ေတြ႔ရပါတယ္။

ခန္႔စည္သူက ခုေတာ့ ျပင္ဦးလြင္မွာ ေရာက္ရွိေနတယ္လို႔ သိရပါတယ္။ ရုပ္ရွင္အစည္းအရံု ဥကၠ႒တစ္ေယာက္အျဖစ္ ေရြးေကာက္ခံတဲ့ အရြယ္ျဖစ္ေနသည့္တိုင္ေအာင္ ခန္႔စည္သူက အိမ္ေထာင္ျပဳဖို႔အေရးကိုေတာ့ ဇာတ္ျမဳတ္ထားတာကို ေတြ႔ရပါတယ္။ သူ႔ရဲ့ အခ်စ္ေရးကိုလည္း မီဒီယာေတြမွာ ေျဖေလ့မရွိပါဘူး။ ဒါေပမယ့္လည္း အမ်ားကေတာ့ အိေခ်ာပိုနဲ႔ အတဲြအျဖစ္ျမင္ေနၾကပါတယ္။

ခန္႔စည္သူက ၂ဝဝ၈ ခုႏွစ္မွာ “အမ်ားနဲ႔မသက္ဆိုင္ေသာသူ” ဇာတ္ကားနဲ႔ အမ်ိဳးသားဇာတ္ေဆာင္ အကယ္ဒမီ ရခဲ့သူျဖစ္ပါတယ္။ ခုေနာက္ပိုင္းလည္း ႐ုပ္ရွင္ကားေတြ အဆက္မျပတ္ ရိုက္ကူးေနတာ ျဖစ္ပါတယ္။

Unicodeဖြင့် ဖတ်ရန်

သရုပ်ဆောင် ခန့်စည်သူတစ်ယောက်ကတော့ သူဟာ ငယ်သေးလို့ မိန်းမမယူသေးဘူးလို့ ပရိတ်သတ်တွေကို ခပ်နောက်နောက်လေး ပြောလိုက်ပါတယ်။ ဖေ့စ်ဘွက်ပုံမှန် အသုံးပြုတဲ့ ခန့်စည်သူက သူ့ရဲ့ ပုံလေးတစ်ပုံရဲ့ ကောမန့်မှာ ခပ်နောက်နောက်လေး ပြောလိုက်တာ ဖြစ်ပါတယ်။

ဟာသကားတွေနဲ့ ခုအချိန်ခုအရွယ်ထိ ပရိတ်သတ် အားပေးမှုရနေတဲ့ ခန့်စည်သူက လူကြီးလူကောင်းဆန်ဆန်လည်း နေတတ်သလို အပြင်မှာ တခါတလေလည်း ခပ်နောက်နောက် နေတတ်သူ ဖြစ်ပါတယ်။ ဒီနေ့ (ဖော်ဖော်ဝါရီလ ၂ ရက်) မှာလည်း မိန်းမတော့ ယူသင့်ပြီလို့ ရေးထားတဲ့ ကောမန့်တစ်ခုကို ငယ်သေးလို့ ဆိုပြီး ပြန်ရေးထားတာ တွေ့ရပါတယ်။

ခန့်စည်သူက ခုတော့ ပြင်ဦးလွင်မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ရုပ်ရှင်အစည်းအရုံ ဥက္ကဋ္ဌတစ်ယောက်အဖြစ် ရွေးကောက်ခံတဲ့ အရွယ်ဖြစ်နေသည့်တိုင်အောင် ခန့်စည်သူက အိမ်ထောင်ပြုဖို့အရေးကိုတော့ ဇာတ်မြုတ်ထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ အချစ်ရေးကိုလည်း မီဒီယာတွေမှာ ဖြေလေ့မရှိပါဘူး။ ဒါပေမယ့်လည်း အများကတော့ အိချောပိုနဲ့ အတွဲအဖြစ်မြင်နေကြပါတယ်။

ခန့်စည်သူက ၂ဝဝ၈ ခုနှစ်မှာ “အများနဲ့မသက်ဆိုင်သောသူ” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင် အကယ်ဒမီ ရခဲ့သူဖြစ်ပါတယ်။ ခုနောက်ပိုင်းလည်း ရုပ်ရှင်ကားတွေ အဆက်မပြတ် ရိုက်ကူးနေတာ ဖြစ်ပါတယ်။
credit – pannpwint

Written by admin