ကိုးထပ္ႀကီးဘုရား ေဗဒင္ဆရာကိစၥ သမီးျဖစ္သူဘက္ကေန ပါဝင္ၿပီး တရားစဲြသြားမယ္ ဆိုတဲ့ ဒိန္းေဒါင္…

ကိုးထပ္ႀကီးဘုရား ေဗဒင္ဆရာကိစၥ သမီးျဖစ္သူဘက္ကေန ပါဝင္ၿပီး တရားစဲြသြားမယ္ ဆိုတဲ့ ဒိန္းေဒါင္…

နာမည္ေက်ာ္ ဟာသသရုပ္ေဆာင္ ဒိန္းေဒါင္ကေတာ့ အြန္လိုင္းေပၚမွာ နာမည္ႀကီးခဲ့တဲ့ ကိုးထပ္ႀကီးဘုရား ေဗဒင္ဆရာ ေအာင္ခ်စ္ပိုရဲ့ အမႈကိစၥကို ပါဝင္ေျဖရွင္းသြားမယ္လို႔ ေျပာလိုက္ပါတယ္။ ဒီကိစၥမွာ ဒိန္းေဒါင္ရဲ့သမီးျဖစ္သူ ဒိန္းပိုပိုေဒါင္လည္း ပါဝင္လာခဲ့ၿပီး ခုလိုေျပာလာတာ ျဖစ္ပါတယ္။

Image may contain: 2 people

ၿပီးခဲ့တဲ့အပတ္က အြန္လိုင္းစာမ်က္ႏွာမွာ ကိုးထပ္ႀကီးဘုရားမွ ေဗဒင္ဆရာေအာင္ခ်စ္ပိုက ေဗဒင္ေမးတဲ့ အမ်ိဳးသမီးေတြရဲ့ အဂၤါေတြကို ပြတ္သပ္ခဲ့တယ္၊ ကိုင္ခဲ့တယ္ ဆိုၿပီး အမ်ားသမီးေတာ္ေတာ္မ်ားမ်ားက ဖြင့္ခ်ေျပာဆိုလာၾကတာ ျဖစ္ပါတယ္။ ဒါကို ေဗဒင္ဆရာက မဟုတ္ဘူးလို႔ျငင္းကာ သူ႔ကိုစြပ္စဲြသူမ်ားကို ျပန္လည္ တရားစဲြသြားမယ္လို႔ ေျပာလာခဲ့ပါတယ္။

Image may contain: 2 people, people smiling, people standing

ထိုအခ်ိန္မွာ ဒိန္းေဒါင္ရဲ့သမီးျဖစ္သူ ဒိန္းပိုပိုေဒါင္ကလည္း ပါဝင္လာၿပီး သူမ ဆယ္တန္းႏွစ္က ခံခဲ့ရတဲ့ အျဖစ္အပ်က္ကို ဖြင့္ခ်ေျပာဆိုလာပါတယ္။ ဒီသတင္းေတြဟာ နာမည္ႀကီးေနခဲ့ၿပီး ဒီေန႔မွာေတာ့ ဒိန္းေဒါင္က သမီးျဖစ္သူဘက္ကေန ပါဝင္ၿပီး တရားစဲြသြားမယ့္အေၾကာင္း Cele 7 မီဒီယာနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုလာတာကို ေတြ႔ရပါတယ္။ မိဘဆိုတဲ့ အေနအထားနဲ႔ သားသမီးဘက္က မခံမရပ္ႏိုင္ျဖစ္ေၾကာင္း ဒီကိစၥကို ပါဝင္ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းေတြ ဒိန္းေဒါင္က ေျပာခဲ့တာ ျဖစ္ပါတယ္။

Image may contain: 4 people, people smiling, closeup

credit လွေတာသား

=======================

ကိုးထပ်ကြီးဘုရား ဗေဒင်ဆရာကိစ္စ သမီးဖြစ်သူဘက်ကနေ ပါဝင်ပြီး တရားစွဲသွားမယ် ဆိုတဲ့ ဒိန်းဒေါင်

နာမည်ကျော် ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကတော့ အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့တဲ့ ကိုးထပ်ကြီးဘုရား ဗေဒင်ဆရာ အောင်ချစ်ပိုရဲ့ အမှုကိစ္စကို ပါဝင်ဖြေရှင်းသွားမယ်လို့ ပြောလိုက်ပါတယ်။ ဒီကိစ္စမှာ ဒိန်းဒေါင်ရဲ့သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်လည်း ပါဝင်လာခဲ့ပြီး ခုလိုပြောလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အွန်လိုင်းစာမျက်နှာမှာ ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာအောင်ချစ်ပိုက ဗေဒင်မေးတဲ့ အမျိုးသမီးတွေရဲ့ အင်္ဂါတွေကို ပွတ်သပ်ခဲ့တယ်၊ ကိုင်ခဲ့တယ် ဆိုပြီး အများသမီးတော်တော်များများက ဖွင့်ချပြောဆိုလာကြတာ ဖြစ်ပါတယ်။ ဒါကို ဗေဒင်ဆရာက မဟုတ်ဘူးလို့ငြင်းကာ သူ့ကိုစွပ်စွဲသူများကို ပြန်လည် တရားစွဲသွားမယ်လို့ ပြောလာခဲ့ပါတယ်။

ထိုအချိန်မှာ ဒိန်းဒေါင်ရဲ့သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကလည်း ပါဝင်လာပြီး သူမ ဆယ်တန်းနှစ်က ခံခဲ့ရတဲ့ အဖြစ်အပျက်ကို ဖွင့်ချပြောဆိုလာပါတယ်။ ဒီသတင်းတွေဟာ နာမည်ကြီးနေခဲ့ပြီး ဒီနေ့မှာတော့ ဒိန်းဒေါင်က သမီးဖြစ်သူဘက်ကနေ ပါဝင်ပြီး တရားစွဲသွားမယ့်အကြောင်း Cele 7 မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုလာတာကို တွေ့ရပါတယ်။ မိဘဆိုတဲ့ အနေအထားနဲ့ သားသမီးဘက်က မခံမရပ်နိုင်ဖြစ်ကြောင်း ဒီကိစ္စကို ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းတွေ ဒိန်းဒေါင်က ပြောခဲ့တာ ဖြစ်ပါတယ်။

credit လှတောသား

Written by admin