” မြင်သူတိုင်းအားကျနေရတဲ့ သက်မွန်မြင့်ကို နောက်ကွယ်ကနေ ဓာတ်ပုံလှလှလေးရိုက်ပေးနေတဲ့ကင်မရာမန်း”

” မြင်သူတိုင်းအားကျနေရတဲ့ သက်မွန်မြင့်ကို နောက်ကွယ်ကနေ ဓာတ်ပုံလှလှလေးရိုက်ပေးနေတဲ့ကင်မရာမန်း”

အကယ်ဒမီမင်းသမီးချော သက်မွန်မြင့်ကတော့ ဥပ္ပါယ်တံမျဉ် ဇာတ်ကားမှ အနုပညာမောင်နှမတွေနဲ့အတူ မြစ်ကြီးနားကို ခရီးဆက်ခဲ့တာဖြစ်ပါတယ်။

ဒီခရီးမှာတော့ သူမနဲ့အတူ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင် တစ်ယောက်လည်း ပါဝင်ပြီး ပါရမီဖြည့်ပေးနေပုံရပါတယ်။

အိမ်ထောင်ရေးကံကောင်းတဲ့ သက်မွန်မြင့်ကတော့ နားလည်မှုအပြည့်ရှိပြီး သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားရမို့ သူမရဲ့ မိသားစုဘဝလေးက အားကျစရာကောင်းပါတယ်။

ရောက်ခဲ့တဲ့ခရီးစဉ်တစ်လျှောက် သူမကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးနေသူကတော့ ခင်ပွန်းသည်ဖြစ်တယ်ဆိုတာ ပရိသတ်တချို့က သတိမထားမိခဲ့ကြပါဘူး။

မြစ်ကြီးနားက မေခ မလိခ မြစ်ဆုံနားရောက်တုန်း အမှတ်တရပုံလှလှလေးတွေရအောင် ဂိုက်ပေးကြမ်းခဲ့တဲ့ ချစ်သက်ကတော့ ကလေးနှစ်ယောက် မေမေလို့ ထင်ရက်စရာမရှိအောင် နုပျိုလန်းဆန်းနေတာကိုတွေ့ရပါတယ်။

ဒ့ါကြောင့် သူမရဲ့ ပုံလှလှလေးတွေကို စိတ်ရှည်လက်ရှည်နဲ့ ဓာတ်ဖမ်းပေးတဲ့ ဓာတ်ပုံဆရာက ဘယ်သူများလဲဆိုတာ ပရိသတ်တွေလည်း စိတ်ဝင်စားနေတာပါ။

နောက်ကွယ်က ဓာတ်ဖမ်းပေးသူက သူမရဲ့ ချစ်ချစ် ဖြစ်ကြောင်း သူတို့ဇနီးမောင်နှံရဲ့ Snapshot ပုံလေးတွေက သက်သေပြနေပါတယ်။

ဇနီးသည်ကို အရမ်းချစ်ပုံကတော့ အားကျစရာပါပဲ။ သင်တို့ရော ဒီလိုချစ်သူခင်ပွန်းမျိုး ပိုင်ဆိုင်ထားရပြီလား။

Source : myanmarload.com

Written by admin