စိတ္ဓာတ္အဆင့္အတန္းနိမ့္က်တဲ့သူမျဖစ္ေအာင္ ဒါေတြေရွာင္

စိတ္ဓာတ္အဆင့္အတန္းနိမ့္က်တဲ့သူမျဖစ္ေအာင္ ဒါေတြေရွာင္

ေလာကမွာ လူတိုင္းက လူေကာင္းေတြ မဟုတ္ၾကပါဘူး။ လူေကာင္းဟုတ္မဟုတ္ဆိုတာကိုလည္ သူတို႔ရဲ႕ စိတ္ေနစိတ္ထား၊ စိတ္ဓာတ္ေရးရာကို ၾကည့္ရင္ သိႏိုင္ပါတယ္။

အခုေဖာ္ျပေပးမယ့္ အရာေလးေတြကေတာ့ စိတ္ဓာတ္ အဆင့္အတန္းနိမ့္က်တဲ့သူေတြရဲ႕ အက်င့္လကၡဏာေတြပဲျဖစ္ပါတယ္။ သင္ကိုယ္တိုင္လညး္ ဒီလိုထဲမွာ မပါဖို႔ အရမး္ကို အေရးၾကီးပါတယ္။

(၁) ဂုဏ္ေမာက္တယ္

စိတ္ဓာတ္အဆင့္အတန္း နိမ့္တဲ့သူေတြဟာ သူတို႔ရဲ႕ အားသာခ်က္ေတြ၊ ပိုင္ဆိုင္တဲ့ ပစၥည္းေတြ၊ ပညာေတြကို အျမဲတမ္း ဂုဏ္ေမာက္တတ္ၾကပါတယ္။ မျပည့္တဲ့အိုး ေဘာင္ဘင္ခတ္ သလိုပါပဲ။ သူတို႔ရဲ႕ အားသာခ်က္ေတြဟာ သူတစ္ပါးကို အႏိုင္ယူဖို႔၊ သူတစ္ပါးကို ႏွိမ္ဖို႔နဲ႔ သူတစ္ပါးကို တိုက္ခိုက္ဖို႔အတြက္ပဲ အသံုးျပဳၾကပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ ဘယ္ေလာက္ပဲ ခ်မ္းသာခ်မ္းသာ၊ ဘယ္ေလာက္ပဲ ပညာတတ္တတ္ သူတစ္ပါးအတြက္ အသံုးမဝင္တဲ့ ဘဝင္ရူးေတြသာ ျဖစ္ၾကပါတယ္။

(၂) ယွဥ္ျပိဳင္တယ္

*စိတ္ဓာတ္အဆင့္အတန္း နိမ့္က်သူေတြဟာ ကိုယ့္ကုိယ္ကုိ ယွဥ္ျပိဳင္ရမယ့္အစား သူတစ္ပါးကို ယွဥ္ျပိဳင္တတ္ၾကပါတယ္။ သူတစ္ပါးက သူတို႔ထက္ သာသြားရင္ မအိပ္ႏိုင္၊မစားႏိုင္ေတြျဖစ္ျပီး ဘယ္လို အႏိုင္ယူရမလဲဆိုတာကိုသာ အျမဲတမ္း ေတြးေတာေနေလ့ရွိပါတယ္။ သူတစ္ပါးရဲ႕ ပိုင္ဆိုင္မႈ၊ ဂုဏ္ေတြကို အထူးအေလးထားၾကျပီး အျမဲတမ္း ယွဥ္ျပိဳင္တတ္ၾကသလို မနာလိုစိတ္လညး္ အရမး္ကို ၾကီးၾကပါတယ္။

(၃) အပုပ္ခ်တယ္

သူတို႔ဟာ သူတို႔ထက္သာတဲ့သူေတြ၊ သူတို႔မနာလိုတဲ့သူေတြရဲ႕ သတင္းကို မဟုတ္မမွန္ အပုပ္ခ်တတ္ၾကပါတယ္။ သူတို႔ေျပာတဲ့စကား ေတာ္ေတာ္မ်ားမ်ားဟာ သူတစ္ပါးရဲ႕ မေကာင္းေၾကာင္း၊ အပုပ္သတင္းေတြနဲ႔ ေလွာင္ေျပာင္တဲ့ စကားေတြသာ မ်ားပါတယ္။ တစ္ေနကုန္ အက်ိဳးမရွိတဲ့ စကားေတြနဲ႔ အခ်ိန္ျဖဳန္းေနရလည္း အခ်ိန္ကုိ ႏွေျမာရေကာင္းမွန္း မသိတဲ့သူေတြ ျဖစ္တယ္။ ဒီလိုလူေတြဟာ စိတ္ဓာတ္အဆင့္အတနး္ နိမ့္က်တဲ့သူေတြ ျဖစ္တယ္။

(၄) အလိုက္မသိဘူး

အလိုက္မသိတာလည္း စိတ္ဓာတ္အဆင့္အတန္း နိမ့္က်ျခင္းတစ္မ်ဳိးျဖစ္တယ္။ ဘာေၾကာင့္လဲ ဆိုရင္ သူတစ္ပါးရဲ႕ ကိုယ္ေရးကိုယ္တာေတြ၊ သူတစ္ပါးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြ၊ သူတစ္ပါးေျပာဖို႔ အခက္အခဲရွိတဲ့အေၾကာင္းအရာေတြကို အတင္းေမးတာ၊ သူတစ္ပါး မေပးခ်င္တဲ့ ပစၥည္းေတြကုိ အတင္းေတာင္းတာ၊ သူတစ္ပါး နားမေထာင္ခ်င္တဲ့ အရာကို အတင္းသြားေျပာတာ အဲဒါေတြအားလံုးဟာ စိတ္ဓာတ္အဆင့္အတန္း နိမ့္က်ေၾကာငး္ ျပေနတဲ့ လကၡဏာေတြပါပဲ။

(၅)သူတစ္ပါးရဲ႕အရႈံးကို_ေလွာင္ေျပာင္သေရာ္တတ္တယ္

စိတ္ဓာတ္နိမ့္က်တဲ့ သူေတြဟာ သူတစ္ပါးရဲ႕ အားနညး္ခ်က္၊ သူတစ္ပါးရဲ႕ အရႈံးေတြကို သနားကိုယ္ခ်င္းစာရမယ့္အစား ေလွာင္ေျပာင္ရယ္ေမာျပီး ကဲ့ရဲ႕ တတ္ၾကတဲ့သူေတြျဖစ္ပါတယ္။ ဒီလိုလူေတြဟာ ကုိယ္ကိုယ္တိုင္က ဘာမွမဟုတ္ေပမယ့္ သူတစ္ပါးအျပစ္ကုိျမင္ျပီး သူတစ္ပါးကို ကဲ့ရဲ႕ေဝဖန္ရာမွာ တအားကုိ ကၽြမ္းက်င္ၾကပါတယ္။ ဒါေၾကာင့္သူတို႔ကုိ စိတ္ရင္းအမွန္နဲ႔ ေပါငး္တဲ့သူ မရွိတတ္ၾကပါဘူး။

ေမတၱာျဖင့္…

TKW

CREDIT – Original writer & Uploader

စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျတဲ့သူတွေရဲ့ အကျင့်လက္ခဏာ_၅_မျိုး

လောကမှာ လူတိုင်းက လူကောင်းတွေ မဟုတ်ကြပါဘူး။ လူကောင်းဟုတ်မဟုတ်ဆိုတာကိုလည် သူတို့ရဲ့ စိတ်နေစိတ်ထား၊ စိတ်ဓာတ်ရေးရာကို ကြည့်ရင် သိနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် အရာလေးတွေကတော့ စိတ်ဓာတ် အဆင့်အတန်းနိမ့်ကျတဲ့သူတွေရဲ့ အကျင့်လက္ခဏာတွေပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်လညး် ဒီလိုထဲမှာ မပါဖို့ အရမး်ကို အရေးကြီးပါတယ်။

(၁) ဂုဏ်မောက်တယ်

စိတ်ဓာတ်အဆင့်အတန်း နိမ့်တဲ့သူတွေဟာ သူတို့ရဲ့ အားသာချက်တွေ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ ပညာတွေကို အမြဲတမ်း ဂုဏ်မောက်တတ်ကြပါတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် သလိုပါပဲ။ သူတို့ရဲ့ အားသာချက်တွေဟာ သူတစ်ပါးကို အနိုင်ယူဖို့၊ သူတစ်ပါးကို နှိမ်ဖို့နဲ့ သူတစ်ပါးကို တိုက်ခိုက်ဖို့အတွက်ပဲ အသုံးပြုကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ပညာတတ်တတ် သူတစ်ပါးအတွက် အသုံးမဝင်တဲ့ ဘဝင်ရူးတွေသာ ဖြစ်ကြပါတယ်။

(၂) ယှဉ်ပြိုင်တယ်

*စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျသူတွေဟာ ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်ရမယ့်အစား သူတစ်ပါးကို ယှဉ်ပြိုင်တတ်ကြပါတယ်။ သူတစ်ပါးက သူတို့ထက် သာသွားရင် မအိပ်နိုင်၊မစားနိုင်တွေဖြစ်ပြီး ဘယ်လို အနိုင်ယူရမလဲဆိုတာကိုသာ အမြဲတမ်း တွေးတောနေလေ့ရှိပါတယ်။ သူတစ်ပါးရဲ့ ပိုင်ဆိုင်မှု၊ ဂုဏ်တွေကို အထူးအလေးထားကြပြီး အမြဲတမ်း ယှဉ်ပြိုင်တတ်ကြသလို မနာလိုစိတ်လညး် အရမး်ကို ကြီးကြပါတယ်။

(၃) အပုပ်ချတယ်

သူတို့ဟာ သူတို့ထက်သာတဲ့သူတွေ၊ သူတို့မနာလိုတဲ့သူတွေရဲ့ သတင်းကို မဟုတ်မမှန် အပုပ်ချတတ်ကြပါတယ်။ သူတို့ပြောတဲ့စကား တော်တော်များများဟာ သူတစ်ပါးရဲ့ မကောင်းကြောင်း၊ အပုပ်သတင်းတွေနဲ့ လှောင်ပြောင်တဲ့ စကားတွေသာ များပါတယ်။ တစ်နေကုန် အကျိုးမရှိတဲ့ စကားတွေနဲ့ အချိန်ဖြုန်းနေရလည်း အချိန်ကို နှမြောရကောင်းမှန်း မသိတဲ့သူတွေ ဖြစ်တယ်။ ဒီလိုလူတွေဟာ စိတ်ဓာတ်အဆင့်အတနး် နိမ့်ကျတဲ့သူတွေ ဖြစ်တယ်။

(၄) အလိုက်မသိဘူး

အလိုက်မသိတာလည်း စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျခြင်းတစ်မျိုးဖြစ်တယ်။ ဘာကြောင့်လဲ ဆိုရင် သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ သူတစ်ပါးရဲ့ လျှို့ဝှက်ချက်တွေ၊ သူတစ်ပါးပြောဖို့ အခက်အခဲရှိတဲ့အကြောင်းအရာတွေကို အတင်းမေးတာ၊ သူတစ်ပါး မပေးချင်တဲ့ ပစ္စည်းတွေကို အတင်းတောင်းတာ၊ သူတစ်ပါး နားမထောင်ချင်တဲ့ အရာကို အတင်းသွားပြောတာ အဲဒါတွေအားလုံးဟာ စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျကြောငး် ပြနေတဲ့ လက္ခဏာတွေပါပဲ။

(၅)သူတစ်ပါးရဲ့အရှုံးကို_လှောင်ပြောင်သရော်တတ်တယ်

စိတ်ဓာတ်နိမ့်ကျတဲ့ သူတွေဟာ သူတစ်ပါးရဲ့ အားနညး်ချက်၊ သူတစ်ပါးရဲ့ အရှုံးတွေကို သနားကိုယ်ချင်းစာရမယ့်အစား လှောင်ပြောင်ရယ်မောပြီး ကဲ့ရဲ့ တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေဟာ ကိုယ်ကိုယ်တိုင်က ဘာမှမဟုတ်ပေမယ့် သူတစ်ပါးအပြစ်ကိုမြင်ပြီး သူတစ်ပါးကို ကဲ့ရဲ့ဝေဖန်ရာမှာ တအားကို ကျွမ်းကျင်ကြပါတယ်။ ဒါကြောင့်သူတို့ကို စိတ်ရင်းအမှန်နဲ့ ပေါငး်တဲ့သူ မရှိတတ်ကြပါဘူး။

မေတ္တာဖြင့်…

TKW

CREDIT – Original writer & Uploader

Written by admin