ေအာင္လကို အေဖအေမေတြနဲ႔ တန္းတူထား ခ်စ္ရတဲ့အေၾကာင္း ေျပာလာတဲ့ ဝိုင္းစုခိုင္သိန္း

ေအာင္လကို အေဖအေမေတြနဲ႔ တန္းတူထား ခ်စ္ရတဲ့အေၾကာင္း ေျပာလာတဲ့ ဝိုင္းစုခိုင္သိန္း

နာမည္ေက်ာ္ အဆိုေတာ္ ဝိုင္စုခိုင္သိန္း တစ္ေယာက္ကေတာ့ ေအာင္လကို အေဖအေမေတြနဲ႔ တန္းတူခ်စ္ရတဲ့အေၾကာင္း ေလာကမွာ အခ်စ္ရဆံုး ၃ ေယာက္ထဲ ထည့္ၿပီး ေျပာလိုက္ပါတယ္။ ကမာၻေပၚမွာ အခ်စ္ရဆံုးနဲ႔ အေရးအႀကီးဆံုး မရွိမျဖစ္ သံုးေယာက္ရွိပါတယ္ အဲဒီသံုးေယာက္ကေတာ့ ဝိုင္းစုရဲ႕ ေဖႀကီး၊ေမႀကီးနဲေနာက္တေယာက္ကေတာ့ ေျပာျပစရာမလိုေတာ့ဘူး ထင္ပါတယ္လို႔ ဆိုၿပီး သူမရဲ့ ေဖ့စ္ဘြက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ေအာင္လနဲ႔ ဝိုင္းစုခိုင္သိန္းတို႔စံုတဲြ ဇနီးေမာင္နွံ ကေတာ့ ပံုဂံကို ေရာကရွိၿပီး ေပ်ာ္ေနၾကပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ့ ပံုေလးေတြကို ဝိုင္းစုခိုင္သိန္းက သူမရဲ့ ေဖ့စ္ဘြက္စာမ်က္ႏွာမွာ ဒီေန႔ပဲ တင္ထားတာ ျဖစ္ပါတယ္။ ျမန္မာဆန္ဆန္ေလးေတြ ဝတ္စားထားတဲ့ သူတို႔ႏွစ္ေယာက္က နည္းနည္းေလးေတာ့ ယဥ္ယဥ္ဆန္းဆန္းေလးနဲ႔ ၾကည့္ေကာင္းေနၾကပါတယ္။

ေဝဖန္မႈေတြ မ်ားစြာခံခဲ့ရတဲ့ နာမည္ႀကီးအဆိုေတာ္ စံုတဲြျဖစ္ၾကတဲ့ သူတို႔ႏွစ္ေယာက္ရဲ့ ရီေလးရွင္းရွစ္ဟာ ခုေတာ့လည္း ေဝဖန္သံေတြ တိတ္ဆိတ္သြားခဲ့ၿပီး အရာအားလံုးဟာ အဆင္ေျပသြားသလိုပါပဲ။ ခရီးေတြ မ်ားမ်ားထြက္ျဖစ္ေနၿပီး ေဖ်ာ္ေျဖေရးအလုပ္ေတြကလည္း ပံုမွန္ ရွိေနတာ ျဖစ္ပါတယ္။

ဝိုင္းစုခိုင္သိန္းကလည္း ေအာင္လကို တကယ္ခ်စ္ပံုရၿပီး ေအာင္လကလည္း ဝိုင္းစုဟာ သူ႔အတြက္ အနစ္နာခံေၾကာင္း အလုပ္ႀကိဳးစားေၾကာင္းေတြ အင္တာဗ်ဴတစ္ခုမွာ ေျဖထားဖူးပါတယ္။ ဝိုင္းစုနဲ႔ ေအာင္လတို႔ဟာ အိမ္သစ္တစ္လံုးမွ အတူေနၾကပါတယ္။ အိမ္သစ္တက္ပဲြတုန္းကလည္း အတူတူပဲ လင္မယားလို ေရစက္ခ် တရားနာခဲ့ၾကတာကို ေတြ႔ရပါတယ္။

Unicodeဖြင့်ဖတ်ရန်

နာမည်ကျော် အဆိုတော် ဝိုင်စုခိုင်သိန်းတစ်ယောက်ကတော့ အောင်လကို အဖေအမေတွေနဲ့ တန်းတူချစ်ရတဲ့အကြောင်း လောကမှာ အချစ်ရဆုံး ၃ ယောက်ထဲ ထည့်ပြီး ပြောလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ အချစ်ရဆုံးနဲ့ အရေးအကြီးဆုံး မရှိမဖြစ် သုံးယောက်ရှိပါတယ် အဲဒီသုံးယောက်ကတော့ ဝိုင်းစုရဲ့ ဖေကြီး၊မေကြီးနဲနောက်တယောက်ကတော့ ပြောပြစရာမလိုတော့ဘူး ထင်ပါတယ်လို့ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့စုံတွဲ ဇနီးမောင်နှံ ကတော့ ပုံဂံကို ရောကရှိပြီး ပျော်နေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကို ဝိုင်းစုခိုင်သိန်းက သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ဒီနေ့ပဲ တင်ထားတာ ဖြစ်ပါတယ်။ မြန်မာဆန်ဆန်လေးတွေ ဝတ်စားထားတဲ့ သူတို့နှစ်ယောက်က နည်းနည်းလေးတော့ ယဉ်ယဉ်ဆန်းဆန်းလေးနဲ့ ကြည့်ကောင်းနေကြပါတယ်။

ဝေဖန်မှုတွေ များစွာခံခဲ့ရတဲ့ နာမည်ကြီးအဆိုတော် စုံတွဲဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ရီလေးရှင်းရှစ်ဟာ ခုတော့လည်း ဝေဖန်သံတွေ တိတ်ဆိတ်သွားခဲ့ပြီး အရာအားလုံးဟာ အဆင်ပြေသွားသလိုပါပဲ။ ခရီးတွေ များများထွက်ဖြစ်နေပြီး ဖျော်ဖြေရေးအလုပ်တွေကလည်း ပုံမှန် ရှိနေတာ ဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်းကလည်း အောင်လကို တကယ်ချစ်ပုံရပြီး အောင်လကလည်း ဝိုင်းစုဟာ သူ့အတွက် အနစ်နာခံကြောင်း အလုပ်ကြိုးစားကြောင်းတွေ အင်တာဗျူတစ်ခုမှာ ဖြေထားဖူးပါတယ်။ ဝိုင်းစုနဲ့ အောင်လတို့ဟာ အိမ်သစ်တစ်လုံးမှ အတူနေကြပါတယ်။ အိမ်သစ်တက်ပွဲတုန်းကလည်း အတူတူပဲ လင်မယားလို ရေစက်ချ တရားနာခဲ့ကြတာကို တွေ့ရပါတယ်။

Credit; Pann Pwint

Written by admin