




(၂) အတွေးများတယ်။



ချစ်သူနဲ့ ဝေးပြီးလုံးဝမနေနိုင်တာ သူတို့ရဲ့ အားနည်းချက်ပါ။ တစ်ခါတလေ ချစ်သူအနားမှာ နေချင်စိတ်တစ်ခုတည်းနဲ့ သူအနားမှာ တွယ်ကပ်နေတာမျိုးကြောင့် ချစ်သူငြီးငွေ့သွားမှာ၊ စိတ်ညစ်သွားမှာစိုးရိမ်မိပေမယ့် ဘယ်လိုမှလည်း ချစ်တဲ့စိတ်ကို မထိန်းချုပ်နိုင်တာကြောင့် အရမ်းကို စိတ်ပင်ပန်းရပါတယ်။

(၄) နာကျင်ခံစားရတယ်။

အချစ်ကို မထိန်းချုပ်တတ်သေးတဲ့လူတွေဟာ ချစ်သူနဲ့ ဝေးသွားခဲ့ရင် သူများတွေထက် ပိုပြီးနာကျင်ရတဲ့သူတွေ ဖြစ်ပါတယ်။ ချစ်သူကို တစ်ချိန်လုံးအကဲခတ်နေပြီး သူ့အပေါ်ဂရုမစိုက်နိုင်တဲ့အချိန်တွေ၊ ကိုယ်ချစ်သလောက်ကိုယ့်ကို ပြန်မချစ်ဘူးလို့ ခံစားရတဲ့အခါတွေမှာ အရမ်းကိုပူလောင်ပြီး နာကျင်ခံစားရတဲ့သူတွေပါ။

shwemom

Uni

အချစ်စိတ်လွန်ပြီး ထိန်းချုပ်လို့မရတော့တဲ့အထိ ချစ်မိသွားတဲ့လူတွေဆိုတာ..

အချစ်ဆိုတာကြီးကို ခုမှစပြီး ကြုံဖူးသူတွေတော်တော်များများက အချစ်ကို ထိန်းချုပ်လို့မရနိုင်တော့တဲ့အထိ ရူးရူးမူးမူးချစ်တတ်ကြပါတယ်။ အချစ်ဆိုတဲ့အရာကို ထိန်းချုပ်လို့ရပါတယ်..ဒါပေမယ့် မထိန်းချုပ်နိုင်အောင် ချစ်မိသွားပြီဆိုရင် သင်ဟာ သူများတွေထက် ပိုပြီးပင်ပန်းမှုကို ခံစားရပါလိမ့်မယ်။ အချစ်စိတ်တက်ပြီး ထိန်းချုပ်လို့မရတော့တဲ့အထိ ချစ်မိသွားတဲ့လူတွေရဲ့ ခံစားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်..

(၁) ရင်တွင်းမီး အမြဲတမ်းလောင်နေတယ်။

အချစ်စိတ်ကို ထန်းချုပ်လို့မရတဲ့ထိ ချစ်မိသွားတဲ့ လူတွေဟာ မိမိချစ်သူကို ဆက်သွယ်လို့မရတဲ့အခါတွေ၊ တခြားသူတွေနဲ့ တွဲပြီးတွေ့လိုက်ရတဲ့အချိန်တွေမှာ ရင်ထဲမှာ အပူမီးတွေလောက်ကျွမ်းနေတတ်ပြီး တစ်ချို့ကချစ်သူကို ပြဿနာရှာတယ်၊ တစ်ချို့ကျတော့လည်းရင်ထဲမှာ သိမ်းထားပြီး ကြိတ်မှိတ်ခံစားတတ်ကြပါတယ်။

(၂) အတွေးများတယ်။

အချစ်ကို မထိန်းချုပ်တတ်သေးတဲ့သူတွေက မဖြစ်သေးတဲ့အရာတွေ၊ ဖြစ်လာနိုင်ခြေရှိတဲ့ အရာတွေကို တောင်တွေးမြောက်တွေး လျှောက်စဉ်းစားပြီး ဘာဆက်လုပ်ရမှန်း မသိရအောင် ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ ချစ်သူနဲ့များ ဝေးခဲ့ရရင် ဘယ်လို ရှေ့ဆက်ရမလဲဆိုတာတွေးပြီး စိတ်ပင်ပန်းဆင်းရဲမှုကို ခံစားနေရတတ်ပါတယ်။

(၃) ချစ်သူအနားမှာဘဲနေချင်တယ်။

ချစ်သူနဲ့ ဝေးပြီးလုံးဝမနေနိုင်တာ သူတို့ရဲ့ အားနညး်ချက်ပါ။ တစ်ခါတလေ ချစ်သူအနားမှာ နေချင်စိတ်တစ်ခုတည်းနဲ့ သူအနားမှာ တွယ်ကပ်နေတာမျိုးကြောင့် ချစ်သူငြီးငွေ့သွားမှာ၊ စိတ်ညစ်သွားမှာစိုးရိမ်မိပေမယ့် ဘယ်လိုမှလည်း ချစ်တဲ့စိတ်ကို မထိန်းချုပ်နို်င်တာကြောင့် အရမး်ကို စိတ်ပင်ပန်းရပါတယ်။

(၄) နာကျင်ခံစားရတယ်။

အချစ်ကို မထိန်းချုပ်တတ်သေးတဲ့လူတွေဟာ ချစ်သူနဲ့ ဝေးသွားခဲ့ဲရင် သူများတွေထက် ပိုပြီးနာကျင်ရတဲ့သူတွေ ဖြစ်ပါတယ်။ ချစ်သူကို တစ်ချိန်လုံးအကဲခတ်နေပြီး သူ့အပေါ်ဂရုမစိုက်နိုင်တဲ့အချိန်တွေ၊ ကိုယ်ချစ်သလောက်ကိုယ့်ကို ပြန်မချစ်ဘူးလို့ ခံစားရတဲ့အခါတွေမှာ အရမး်ကိုပူလောင်ပြီး နာကျင်ခံစားရတဲ့သူတွေပါ။

shwemom

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *