လာဘသိဒၶိ ေပါၾကြယ္ဝေသာ ေႁမြမ်ားထံုကူးျခင္းမွ ျဖစ္ေပၚလာေသာ ေႁမြၿမီးကြင္းႏွင့္ သူ၏ စြမ္းအင္

လာဘသိဒၶိ ေပါၾကြယ္ဝေသာ ေႁမြမ်ားထံုကူးျခင္းမွ ျဖစ္ေပၚလာေသာ ေႁမြၿမီးကြင္းႏွင့္ သူ၏ စြမ္းအင္

ေျမြသည္လည္း ဂမၻီရႏြယ္ဝင္ သတၱဝါတို႕တြင္ ထူးဆန္းဆံုးသတၱဝါ တစ္ေကာင္ ျဖစ္သည္။ သဘာဝလြန္ျဖစ္ရပ္ ေတာ္ေတာ္မ်ားမ်ားတြင္ ေျမြသည္ အမ်ားဆံုး ပက္သက္ေနတတ္သည္။ ေျမြႏွင့္ပက္သက္ေသာ ထူးဆန္းဖြယ္ရာမ်ားကို ေရးမည္ဆိုပါက အေတာ္ပင္ ရွည္လ်ားေပလိမ့္မည္။ သုိ႕ေၾကာင့္ လိုရင္းႏွင့္ ပက္သက္သည္မ်ားကိုသာ ထိထိမိမိေရးသားပါမည္။

ေျမြျမီးကြင္းျဖစ္ေပၚပံုမွာ သာမန္အခ်ိန္မ်ား၌ ျမင္ေလ့ျမင္ထရွိရန္ ခက္ခဲၿပီး ေျမြမ်ား လွ်ိဳ႕ဝွက္စြာ ထံုကူး ျခင္း ျဖစ္ေပသည္။ေျမြျမီးကြင္းျဖစ္လာပံုမွာ ေျမြသည္ မိမိအၿမီးကို မိမိ ျပန္လည္မ်ိဳရေပသည္။ ၎ကို ယေန႕ေခတ္လူမ်ားက ေျမြမွာ ဆာလြန္းေသာ ေၾကာင့္ မိမိအၿမီးကိုပင္ မသိေတာ့ပဲ ျပန္လည္မ်ိဳသည္ဟု ထင္ၾကေပသည္။ ေရွး အယူအဆေျပာၾကသည္မွာ ေျမြလိုအရည္ခြံလဲမလား၊ ဖားလို ေျခႏွစ္ေခ်ာင္း စင္းေသမလားဟု ေမးခြန္းတြင္ ကမၻာဦးလူတို႕က ဖားလို ေျခဆင္းေသမယ္လို႕ ေရြးေသာေၾကာင့္ လူတို႕သည္ ေသမ်ိဳးအျဖစ္ ျဖစ္လာၾကသည္ဟု ဆိုသည္။

[ မွတ္ခ်က္။ ။အဆိုစကား တခုကို ေျပာျပျခင္းသာျဖစ္သည္။ ဗုဒၶဘာသာတို႕ အယူအဆ မဟုတ္။ ]

ေျပာခ်င္သည္မွာ ေျမြတို႕သည္ အေရခြံလဲ၍ အသက္ ရွည္တတ္ေသာ သတၱဝါျဖစ္သည္။ေျမြတို႕ ထံုကူးရာတြင္ တစ္ေကာင္ခ်င္း ကူးသကဲ့သို႕ ႏွစ္ေကာင္ေပါင္း၍လည္း ကူးတတ္သည္။တစ္ေကာင္တည္း ကူးရာတြင္ မိမိအၿမီးကို မိမိျပန္မ်ိဳ၍လည္းေကာင္း၊ ႏွစ္ေကာင္ကူးရာတြင္ တစ္ေကာင္အၿမီးကို တစ္ေကာင္ကမ်ိဳ၍လည္းေကာင္း ကူးၾကသည္။တျဖည္းျဖည္း မ်ိဳရာတြင္ ေျမြၿမီးကြင္းသည္ တျဖည္းျဖည္း အဝိုင္းက်ဥ္းသထက္ က်ဥ္းလာၿပီး က်ံဳ႕လာမည္။

ေတာေတာင္ထဲတြင္ ေျမြၿမီးကြင္းကို ေတြ႕ပါက အကြင္းအလည္ တည့္တည့္တြင္ ဝါးတစ္ေခ်ာင္းကို ေျမႀကီးတြင္ ရိုက္၍ စိုက္ထားလိုက္ရမည္။ ေျမြျမီးကြင္းမွာ တျဖည္းျဖည္းက်ဥ္းလာရာမွ ဝါးလံုးကို ထိမိသည္တြင္ ဆက္လက္၍မက်ဥ္းေတာ့ပဲ ဝါးလံုးအရြယ္၌သာ တံ့ေနေပမည္။ ေျမြလည္း ထံုမေအာင္သျဖင့္ အလိုအေလ်ာက္ ေသဆံုးသြားမည္။ ၎ေျမြျမီးကြင္းကို သစ္ေဆးသုတ္ ေရႊခ်ၿပီး ေဆာင္ႏိုင္သည္။ လာဘသိဒၶိ ေပါၾကြယ္ဝ၏။သြားေလရာ ကူညီေစာင္မမည့္သူေပါ၏။

အေမွာင့္ပေယာဂမ်ားကို ႏိုင္၏။ အကယ္၍ ေျမြသည္ တျခားတစံုတစ္ရာ အေႏွာင့္အယွက္မရွိပါက အဆိုပါေျမြျမီးကြင္းသည္ ဝလံုး သ႑ာန္ဝိုင္းစက္လာၿပီး စက္ဝိုင္းကိုေထာင္ထားသကဲ့သို႕ ေျမျပင္တြင္ ေထာင္ မတ္ေနမည္။ ေနာက္တေန႕နံနက္အာရုဏ္လာခ်ိန္တြင္ ထံုကူးျခင္း ၿပီးေျမာက္ပါက ေပ်ာက္ကြယ္သြားေပမည္။ ထိုသို႕ ထံုကူးၿပီး ေအာင္ျမင္ေသာ ေျမြမ်ား မည္သည့္ေနရာသို႕ ေရာက္ရွိသြားသည္ကို တပ္အပ္ေသခ်ာ မသိႏိုင္ေပ။ ေျမြသည္လည္း နဂါးမ်ိဳးႏြယ္ပင္ျဖစ္ေပရာ ေျမြႀကီးေတာ့ နဂါးဟု လည္း ဆိုစကားရွိေပသည္။

Ctedit : မိုးၾကယ္စင္

Unicode

မြွေများထုံကူးခြင်းမှ ဖြစ်ပေါ်လာသော မြွေမြီးကွင်းနှင့် သူ၏ စွမ်းအင်

မြွေသည်လည်း ဂမ္ဘီရနွယ်ဝင် သတ္တဝါတို့တွင် ထူးဆန်းဆုံးသတ္တဝါ တစ်ကောင် ဖြစ်သည်။ သဘာဝလွန်ဖြစ်ရပ် တော်တော်များများတွင် မြွေသည် အများဆုံး ပက်သက်နေတတ်သည်။ မြွေနှင့်ပက်သက်သော ထူးဆန်းဖွယ်ရာများကို ရေးမည်ဆိုပါက အတော်ပင် ရှည်လျားပေလိမ့်မည်။ သို့ကြောင့် လိုရင်းနှင့် ပက်သက်သည်များကိုသာ ထိထိမိမိရေးသားပါမည်။

မြွေမြီးကွင်းဖြစ်ပေါ်ပုံမှာ သာမန်အချိန်များ၌ မြင်လေ့မြင်ထရှိရန် ခက်ခဲပြီး မြွေများ လျှို့ဝှက်စွာ ထုံကူး ခြင်း ဖြစ်ပေသည်။မြွေမြီးကွင်းဖြစ်လာပုံမှာ မြွေသည် မိမိအမြီးကို မိမိ ပြန်လည်မျိုရပေသည်။ ၎င်းကို ယနေ့ခေတ်လူများက မြွေမှာ ဆာလွန်းသော ကြောင့် မိမိအမြီးကိုပင် မသိတော့ပဲ ပြန်လည်မျိုသည်ဟု ထင်ကြပေသည်။ ရှေး အယူအဆပြောကြသည်မှာ မြွေလိုအရည်ခွံလဲမလား၊ ဖားလို ခြေနှစ်ချောင်း စင်းသေမလားဟု မေးခွန်းတွင် ကမ္ဘာဦးလူတို့က ဖားလို ခြေဆင်းသေမယ်လို့ ရွေးသောကြောင့် လူတို့သည် သေမျိုးအဖြစ် ဖြစ်လာကြသည်ဟု ဆိုသည်။

[ မှတ်ချက်။ ။အဆိုစကား တခုကို ပြောပြခြင်းသာဖြစ်သည်။ ဗုဒ္ဓဘာသာတို့ အယူအဆ မဟုတ်။ ]

ပြောချင်သည်မှာ မြွေတို့သည် အရေခွံလဲ၍ အသက် ရှည်တတ်သော သတ္တဝါဖြစ်သည်။မြွေတို့ ထုံကူးရာတွင် တစ်ကောင်ချင်း ကူးသကဲ့သို့ နှစ်ကောင်ပေါင်း၍လည်း ကူးတတ်သည်။တစ်ကောင်တည်း ကူးရာတွင် မိမိအမြီးကို မိမိပြန်မျို၍လည်းကောင်း၊ နှစ်ကောင်ကူးရာတွင် တစ်ကောင်အမြီးကို တစ်ကောင်ကမျို၍လည်းကောင်း ကူးကြသည်။တဖြည်းဖြည်း မျိုရာတွင် မြွေမြီးကွင်းသည် တဖြည်းဖြည်း အဝိုင်းကျဉ်းသထက် ကျဉ်းလာပြီး ကျုံ့လာမည်။

တောတောင်ထဲတွင် မြွေမြီးကွင်းကို တွေ့ပါက အကွင်းအလည် တည့်တည့်တွင် ဝါးတစ်ချောင်းကို မြေကြီးတွင် ရိုက်၍ စိုက်ထားလိုက်ရမည်။ မြွေမြီးကွင်းမှာ တဖြည်းဖြည်းကျဉ်းလာရာမှ ဝါးလုံးကို ထိမိသည်တွင် ဆက်လက်၍မကျဉ်းတော့ပဲ ဝါးလုံးအရွယ်၌သာ တံ့နေပေမည်။ မြွေလည်း ထုံမအောင်သဖြင့် အလိုအလျောက် သေဆုံးသွားမည်။ ၎င်းမြွေမြီးကွင်းကို သစ်ဆေးသုတ် ရွှေချပြီး ဆောင်နိုင်သည်။ လာဘသိဒ္ဓိ ပေါကြွယ်ဝ၏။သွားလေရာ ကူညီစောင်မမည့်သူပေါ၏။

အမှောင့်ပယောဂများကို နိုင်၏။ အကယ်၍ မြွေသည် တခြားတစုံတစ်ရာ အနှောင့်အယှက်မရှိပါက အဆိုပါမြွေမြီးကွင်းသည် ဝလုံး သဏ္ဍာန်ဝိုင်းစက်လာပြီး စက်ဝိုင်းကိုထောင်ထားသကဲ့သို့ မြေပြင်တွင် ထောင် မတ်နေမည်။ နောက်တနေ့နံနက်အာရုဏ်လာချိန်တွင် ထုံကူးခြင်း ပြီးမြောက်ပါက ပျောက်ကွယ်သွားပေမည်။ ထိုသို့ ထုံကူးပြီး အောင်မြင်သော မြွေများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို တပ်အပ်သေချာ မသိနိုင်ပေ။ မြွေသည်လည်း နဂါးမျိုးနွယ်ပင်ဖြစ်ပေရာ မြွေကြီးတော့ နဂါးဟု လည်း ဆိုစကားရှိပေသည်။

Ctedit : မိုးကြယ်စင်

Written by admin