စြာတဲ့ေကာင္မေလးေတြ တကယ္ခ်စ္မိျပီဆိုရင္ ဒီလိုေလးေတြ ရွိတတ္ပါတယ္..

စြာတဲ့ေကာင္မေလးေတြ တကယ္ခ်စ္မိျပီဆိုရင္ ဒီလိုေလးေတြ ရွိတတ္ပါတယ္

ပင္ကိုယ္စိတ္ရင္းေကာင္းတဲ့ ခပ္စြာစြာေကာင္မေလးေတြဟာ တကယ္ခ်စ္ဖို႔ေကာင္းပါတယ္။ သူတုိ႔ေလးေတြ တကယ္ခ်စ္မိသြားရင္ အလြဲေလးေတြလည္း အမ်ားၾကီးရွိသလို ရယ္စရာေလးေတြလည္း ရွိပါတယ္။ တကယ္လို႔ ဒီအခ်က္ေလးေတြနဲ႔ သင္တို႔ျဖစ္ေနတာေလးေတြ ေတာ္ေတာ္မ်ားမ်ားကိုက္ညီေနရင္ေတာ့ ၾကည္ႏူးစရာေကာင္းတဲ့ အတြဲတစ္တြဲဆိုတာ ေသခ်ာပါတယ္။

(၁) ထစ္ခနဲရွိစိတ္ေကာက္

စြာတဲ့ေကာင္မေလးေတြဟာ ထစ္ခနဲရွိစိတ္ေကာက္တတ္တဲ့ သူေလးေတြပါ။ ဘာအေၾကာင္းရင္းမွ ေသခ်ာမသိလည္း စိတ္ေကာက္ပစ္လုိက္တဲ့ ေကာင္မေလးတြပါ။ ခ်စ္သူက အၾကီးအက်ယ္ျပန္ေခ်ာ႔ၿပီး သူတို႔စိတ္ေျပသြားေတာ့မွ အေၾကာင္းရငး္ကို ေမးတတ္ၾကပါတယ္။ သိသြားတဲ့ အခါမွာလညး္ သူတုိ႔အမွားျဖစ္ေနတဲ့အခါ ခ်စ္သူကို သနားျပီး စိတ္မေကာင္းေတြ ျပန္ျဖစ္ေနတတ္ၾကတဲ့ သူမ်ိဳးေတြ ျဖစ္ပါတယ္။

(၂) ရစ္တယ္
ဒီလိုေကာင္မေလးေတြဟာ ရစ္တဲ့ေနရာမွာေတာ့ မူလီထက္ေတာင္ ဆိုးပါေသးတယ္။ ခ်စ္သူကို နည္းနည္းေလး အလိုမက်တာနဲ႔ အေတာမသတ္ႏိုင္ေအာင္ ရစ္တတ္ၾကပါတယ္။ တစ္ခါတေလရစ္လြန္းလို႔ ကိုယ့္ဘာသာကိုယ္ေတာင္ မူးသြားတတ္ပါေသးတယ္။ ဒါေပမယ့္လည္း သူတုိ႔လိုခ်င္တဲ့ အေျဖမရမခ်င္း အဆံုးအထိရစ္တတ္တဲ့သူေလးေတြပါ။ အသည္းအသန္ စိတ္ရွည္စြာ ရွင္းျပေပးေနတဲ့ ခ်စ္သူကိုၾကည့္ျပီး စိတ္ေျပသြားတဲ့အခါ ျပန္သနားေနတတ္ပါေသးတယ္။

(၃) ေဒါသၾကီးတယ္

စြာတယ္ဆိုကတည္းက ေဒါသၾကီးတယ္ဆိုတာ ေျပာစရာတာင္မလိုေတာ့ပါဘူး။ ဒီလိုေကာင္မေလးေတြဟာ ေဒါသအရမး္ၾကီးျပီး ေပါက္ကြဲလြယ္ပါတယ္။ တစ္ခါတေလ ေဒါသၾကီးလြန္းလို႔ သူူတို႔ပဲ အရမး္ပင္ပန္းရပါတယ္။ ခဏေနရင္ ျပန္ေျပလည္သြားမယ္ဆိုတာကို သိေပမယ့္ ေဒါသမထိန္းႏိုင္ၾကပဲ စကားေတြကၽြံတဲ့အထိေျပာျပီး ခ်စ္သူကို နာက်င္ေအာင္ လုပ္တတ္ၾကပါေသးတယ္။ စိတ္ထဲမွာေတာ့ ခ်စ္သူတကယ္စိတ္နာသြားမွာကိုလည္း စိုးရိမ္ၾကပါေသးတယ္။


(၄) စိတ္ေျပလြယ္တယ္
စြာတဲ့ေကာင္မေလးေတြဟာ စိတ္ေျပတာလည္း အရမး္လြယ္ပါတယ္။ သူတုိ႔ေဒါသထြက္ေနတဲ့အခ်ိန္၊ သူတို႔ဘယ္ေလာက္ ေအာ္ဟစ္ေျပာဆိုေနပါေစ ဘာတစ္ခြနး္မွ ျပန္မေျပာပဲ မ်က္ႏွာငယ္ေလးနဲ႔ ေနၾကည့္လိုက္ပါ။ ဒါဆိုရင္ေတာ့ သူတို႔ဘာသူတို႔ေတာင္ စိတ္ျပန္ေျပသြားပါလိမ့္မယ္။ ဒါေၾကာင့္ သူတုိ႔စိတ္ဆိုးေနတဲ့အခ်ိန္၊ ေဒါသထြက္ေနတဲ့ အခ်ိန္မွာ ဘာမွျပန္မေျပာ၊ စိတ္ထဲလည္း မထားပဲ ျငိမ္ေနတာ အေကာငး္ဆံုးပါပဲ။

(၅) ပြင့္လင္းတယ္

စြာတဲ့ေကာင္မေလးေတြဟာ ပြင့္လင္းျပီး စကားေျပာရင္ပဲျဖစ္ျဖစ္၊ ဘာပဲလုပ္လုပ္ ပြင့္ပြင့္လင္းလင္းပဲ ေျပာဆုိလုပ္ကိုုင္တတ္ၾကတဲ့ သူေတြျဖစ္ပါတယ္။ သူတုိ႔ဟာ ရွငး္ရွင္းပဲေနတတ္တဲ့အတြက္ ဘယ္လို အရႈပ္ဇယားေတြကိုမွ ခင္းေလ့မရွိသလို ေခါင္းရႈပ္လည္း မခံခ်င္ၾကတဲ့သူေတြပါ။ တစ္ခါတေလ ပြင့္လင္းလြနး္လို႔ ရိုင္းသလုိျဖစ္သြားတတ္ေပမယ့္ သူတို႔မွာ မုသားဆိုတာ မရွိပါဘူး။

Em Em (Shwemom)

Uni

စွာတဲ့ကောင်မလေးတွေ တကယ်ချစ်မိပြီဆိုရင် ဒီလိုလေးတွေ ရှိတတ်ပါတယ်

ပင်ကိုယ်စိတ်ရင်းကောင်းတဲ့ ခပ်စွာစွာကောင်မလေးတွေဟာ တကယ်ချစ်ဖို့ကောင်းပါတယ်။ သူတို့လေးတွေ တကယ်ချစ်မိသွားရင် အလွဲလေးတွေလည်း အများကြီးရှိသလို ရယ်စရာလေးတွေလည်း ရှိပါတယ်။ တကယ်လို့ ဒီအချက်လေးတွေနဲ့ သင်တို့ဖြစ်နေတာလေးတွေ တော်တော်များများကိုက်ညီနေရင်တော့ ကြည်နူးစရာကောင်းတဲ့ အတွဲတစ်တွဲဆိုတာ သေချာပါတယ်။


(၁) ထစ်ခနဲရှိစိတ်ကောက်

စွာတဲ့ကောင်မလေးတွေဟာ ထစ်ခနဲရှိစိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ဘာအကြောင်းရင်းမှ သေချာမသိလည်း စိတ်ကောက်ပစ်လိုက်တဲ့ ကောင်မလေးတွပါ။ ချစ်သူက အကြီးအကျယ်ပြန်ချော့ပြီး သူတို့စိတ်ပြေသွားတော့မှ အကြောင်းရငး်ကို မေးတတ်ကြပါတယ်။ သိသွားတဲ့ အခါမှာလညး် သူတို့အမှားဖြစ်နေတဲ့အခါ ချစ်သူကို သနားပြီး စိတ်မကောင်းတွေ ပြန်ဖြစ်နေတတ်ကြတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။

(၂) ရစ်တယ်
ဒီလိုကောင်မလေးတွေဟာ ရစ်တဲ့နေရာမှာတော့ မူလီထက်တောင် ဆိုးပါသေးတယ်။ ချစ်သူကို နည်းနည်းလေး အလိုမကျတာနဲ့ အတောမသတ်နိုင်အောင် ရစ်တတ်ကြပါတယ်။ တစ်ခါတလေရစ်လွန်းလို့ ကိုယ့်ဘာသာကိုယ်တောင် မူးသွားတတ်ပါသေးတယ်။ ဒါပေမယ့်လည်း သူတို့လိုချင်တဲ့ အဖြေမရမချင်း အဆုံးအထိရစ်တတ်တဲ့သူလေးတွေပါ။ အသည်းအသန် စိတ်ရှည်စွာ ရှင်းပြပေးနေတဲ့ ချစ်သူကိုကြည့်ပြီး စိတ်ပြေသွားတဲ့အခါ ပြန်သနားနေတတ်ပါသေးတယ်။

(၃) ဒေါသကြီးတယ်

စွာတယ်ဆိုကတည်းက ဒေါသကြီးတယ်ဆိုတာ ပြောစရာတာင်မလိုတော့ပါဘူး။ ဒီလိုကောင်မလေးတွေဟာ ဒေါသအရမး်ကြီးပြီး ပေါက်ကွဲလွယ်ပါတယ်။ တစ်ခါတလေ ဒေါသကြီးလွန်းလို့ သူူတို့ပဲ အရမး်ပင်ပန်းရပါတယ်။ ခဏနေရင် ပြန်ပြေလည်သွားမယ်ဆိုတာကို သိပေမယ့် ဒေါသမထိန်းနိုင်ကြပဲ စကားတွေကျွံတဲ့အထိပြောပြီး ချစ်သူကို နာကျင်အောင် လုပ်တတ်ကြပါသေးတယ်။ စိတ်ထဲမှာတော့ ချစ်သူတကယ်စိတ်နာသွားမှာကိုလည်း စိုးရိမ်ကြပါသေးတယ်။

(၄) စိတ်ပြေလွယ်တယ်
စွာတဲ့ကောင်မလေးတွေဟာ စိတ်ပြေတာလည်း အရမး်လွယ်ပါတယ်။ သူတို့ဒေါသထွက်နေတဲ့အချိန်၊ သူတို့ဘယ်လောက် အော်ဟစ်ပြောဆိုနေပါစေ ဘာတစ်ခွနး်မှ ပြန်မပြောပဲ မျက်နှာငယ်လေးနဲ့ နေကြည့်လိုက်ပါ။ ဒါဆိုရင်တော့ သူတို့ဘာသူတို့တောင် စိတ်ပြန်ပြေသွားပါလိမ့်မယ်။ ဒါကြောင့် သူတို့စိတ်ဆိုးနေတဲ့အချိန်၊ ဒေါသထွက်နေတဲ့ အချိန်မှာ ဘာမှပြန်မပြော၊ စိတ်ထဲလည်း မထားပဲ ငြိမ်နေတာ အကောငး်ဆုံးပါပဲ။

(၅) ပွင့်လင်းတယ်

စွာတဲ့ကောင်မလေးတွေဟာ ပွင့်လင်းပြီး စကားပြောရင်ပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုလုပ်ကိုုင်တတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဟာ ရှငး်ရှင်းပဲနေတတ်တဲ့အတွက် ဘယ်လို အရှုပ်ဇယားတွေကိုမှ ခင်းလေ့မရှိသလို ခေါင်းရှုပ်လည်း မခံချင်ကြတဲ့သူတွေပါ။ တစ်ခါတလေ ပွင့်လင်းလွနး်လို့ ရိုင်းသလိုဖြစ်သွားတတ်ပေမယ့် သူတို့မှာ မုသားဆိုတာ မရှိပါဘူး။

Em Em (Shwemom)

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *