ခ်စ္သူရဲ႕ႏွလံုးသားတစ္ခုလံုးကို အခ်ိန္ျပည့္ ဖမ္းစားထားႏိုင္မယ့္နည္းလမ္းမ်ား

ခ်စ္သူရဲ႕ႏွလံုးသားတစ္ခုလံုးကို အခ်ိန္ျပည့္ ဖမ္းစားထားႏိုင္မယ့္နည္းလမ္းမ်ား

ခ်စ္သူရွိတဲ့ မိန္းကေလးေတာ္ေတ္ာမ်ားမ်ားဟာ ခ်စ္သူရဲ႕ အခ်စ္ေလ်ာ႔သြားမွာ၊ မခ်စ္ေတာ့မွာကို အေၾကာက္ဆံုးပါပဲ။ ခ်စ္သူက ကိုယ့္အနားမွာ ရွိရင္ပဲျဖစ္ျဖစ္၊ အေဝးေရာက္ေနရင္ပဲျဖစ္ျဖစ္ သူတို႔ရဲ႕ အေတြးေတြအားလံုးနဲ႔ ႏွလံုးသားတစ္ခုလံုးကို ပိုင္ဆိုင္ခ်င္ၾကတဲ့သူေတြပါ။ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြကေတာ့ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ခ်စ္သူရဲ႕ ႏွလံုးသားတစ္ခုလံုးကုိ ဖမ္းစားထားႏိုင္မယ့္ နည္းလမ္းေလးေတြပဲ ျဖစ္ပါတယ္။

(၁) ခ်ိဳခ်ိဳသာသာ ေျပာဆိုပါ

ေယာက်္ားေလးေတြဟာ အရမး္ကို အေခ်ာ႔ႀကိဳက္ၾကပါတယ္။ ဒါေၾကာင့္ သင့္ခ်စ္သူကို စကားေျပာတဲ့အခါေတြ၊ အကူအညီေတာင္းတဲ့ အခါေတြက်ရင္ သင္သိထားဖို႔က အၿမဲတမ္း သင့္ရဲ႕ အသံေလးကို ပ်ားသကာလို ခ်ိဳေနေစဖို႔ပါပဲ။ ဒါဆိုရင္ သူ႔ရဲ႕စိတ္ထဲမွာ သင့္ကို အရမး္ပိုခ်စ္သြားမယ့္အျပင္ သင္နဲ႔ေဝးတဲ့ အခ်ိန္ေတြဆိုရင္လညး္ သင့္စကားသံေလးေတြကို နားထဲမွာၾကားေယာင္ၿပီး အလြမး္ႀကီးလြမ္းေနမွာ ျဖစ္ပါတယ္။ ဒါဟာ သူ႔ႏွလံုးသားတစ္ခုလံုးကို ဖမ္းစားထားႏုိင္မယ့္ အဓိကေသာ့ခ်က္လည္း ျဖစ္ပါတယ္။

(၂) စိတ္ပူေအာင္လုပ္ပါ
သင့္ခ်စ္သူက သင့္ကို အရမး္စိတ္ခ်သြားတာလညး္ သိပ္ေတာ့မေကာင္းပါဘူးေနာ္။ ဒါေၾကာင့္ သူ႔ႏွလံုးသားတစ္ခုလံုးကို ဖမ္းစားထားခ်င္ရင္ေတာ့ စိတ္ပူေအာင္လုပ္တတ္ဖို႔လည္း လိုပါေသးတယ္။ အၿမဲတမ္းလွပေအာင္ေနတာ၊ သူ႔႔ကို တြယ္ကပ္မေနတာ၊ ကိုယ့္ကုိယ္ကို ဂ႐ုစိုက္တာ၊ အခ်ဳပ္အေႏွာင္ မခံတာေတြက သင့္ကို သူစိတ္ပူေစမယ့္ နညး္လမ္းေတြပါပဲ။ ဒီလိုမ်ိဳးေတြ သင္လုပ္ေနသေရြ႕ သင့္ကို သူ ႐ိုးသြားမွာလည္း မဟုတ္ေတာ့ပါဘူး။

(၃) ေမတၱာျပပါ

ေယာက်္ားေလးေတြဟာ သူတို႔အေပၚ ေမတၱာစစ္၊ ေမတၱာမွန္နဲ႔ ခ်စ္တဲ့သူေတြကို တူညီေသာ ေမတၱာတရားေတြ ျပန္ေပးတတ္ၾကပါတယ္။ ဒါေၾကာင့္ သူ႔ကုိ သင့္ရဲ႕ေမတၱာေတြကို အၿမဲတမ္းျပပါ။ မုန္႔လုပ္ေကၽြးတာ၊ ဖ်ားေနတုန္း ဂ႐ုစိုက္ေပးတာ၊ သူ႔ကို လက္ေဆာင္ တိုလီမုတ္စေလးေတြ မၾကာခဏေပးတာေတြနဲ႔ ျပသပါ။ သူ႔အေပၚမွာထားတဲ့ သင့္ရဲ႕ ေမတၱာေတြကို ျမင္တဲ့အခါမွာ သူ႔ရဲ႕ ႏွလံုးသားတစ္ခုလံုးကို သင္ဖမ္းစားႏိုင္ခဲ့ၿပီဆိုတာ မေမ့ပါနဲ႔။

(၄) အားေပးပါ

ေယာက်္ားေလးေတြဟာ သန္မာတယ္လို႔ထင္ရေပမယ့္ သူတို႔စိတ္ဟာ တစ္ခါတေလ မိန္းကေလးေတြေလာက္ေတာင္ ခံႏိုင္ရည္ မရွိပါဘူး။ ဒါေၾကာင့္ သူ အားငယ္ေနတဲ့အခ်ိန္၊ က်႐ႈံးေနတဲ့အခ်ိန္၊ မေအာင္ျမင္ေသးတဲ့အခ်ိန္ေတြမွာ သူ႔ကို အၿမဲတမ္း အားေပးပါ။ သူ႔ရဲ႕ အားသာခ်က္ေတြကို ထုတ္ေဖာ္ခ်ီးမြမ္းပါ၊ သူ႔ကို အားကိုးျပလိုက္ပါ။ ဒါဆိုရင္ သင့္ကို အရမး္တြယ္တာ႐ံုသာမက သူ႔ႏွလံုးသားတစ္ခုလံုးနဲ႔ သင့္ကုိ ခ်စ္မယ့္သူပါ။

(၅) မ်ားမ်ား ထိေတြ႕ပါ

သင့္ခ်စ္သူနဲ႔ အတူတူ ထိုင္ေနတဲ့ အခ်ိန္မွာ ႐ုတ္တရက္ သူ႔ပါးကို နမး္လုိက္တာေတြ၊ သူ႔ကို လွမ္းဖက္လိုက္တာေတြ မၾကာခဏ လုပ္ေပးပါ။ အထိအေတြ႕မ်ားေလ၊ သံေယာဇဥ္ႀကီးေလ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူနဲ႔ အတူရွိတဲ့ အခ်ိန္ေတြမွာ မ်ားမ်ားထိေတြ႕ေပးပါ။ ဒါဆိုရင္ သူ႔ႏွလံုးသားတစ္ခုလံုးကို သင္ ပိုင္ဆိုင္သြားပါၿပီ။

Em Em(Shwemom)

Uni

ချစ်သူရဲ့နှလုံးသားတစ်ခုလုံးကို အချိန်ပြည့် ဖမ်းစားထားနိုင်မယ့်နည်းလမ်းများ

ချစ်သူရှိတဲ့ မိန်းကလေးတော်တေ်ာများများဟာ ချစ်သူရဲ့ အချစ်လျော့သွားမှာ၊ မချစ်တော့မှာကို အကြောက်ဆုံးပါပဲ။ ချစ်သူက ကိုယ့်အနားမှာ ရှိရင်ပဲဖြစ်ဖြစ်၊ အဝေးရောက်နေရင်ပဲဖြစ်ဖြစ် သူတို့ရဲ့ အတွေးတွေအားလုံးနဲ့ နှလုံးသားတစ်ခုလုံးကို ပိုင်ဆိုင်ချင်ကြတဲ့သူတွေပါ။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ချစ်သူရဲ့ နှလုံးသားတစ်ခုလုံးကို ဖမ်းစားထားနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

(၁) ချိုချိုသာသာ ပြောဆိုပါ

ယောကျ်ားလေးတွေဟာ အရမး်ကို အချော့ကြိုက်ကြပါတယ်။ ဒါကြောင့် သင့်ချစ်သူကို စကားပြောတဲ့အခါတွေ၊ အကူအညီတောင်းတဲ့ အခါတွေကျရင် သင်သိထားဖို့က အမြဲတမ်း သင့်ရဲ့ အသံလေးကို ပျားသကာလို ချိုနေစေဖို့ပါပဲ။ ဒါဆိုရင် သူ့ရဲ့စိတ်ထဲမှာ သင့်ကို အရမး်ပိုချစ်သွားမယ့်အပြင် သင်နဲ့ဝေးတဲ့ အချိန်တွေဆိုရင်လညး် သင့်စကားသံလေးတွေကို နားထဲမှာကြားယောင်ပြီး အလွမး်ကြီးလွမ်းနေမှာ ဖြစ်ပါတယ်။ ဒါဟာ သူ့နှလုံးသားတစ်ခုလုံးကို ဖမ်းစားထားနိုင်မယ့် အဓိကသော့ချက်လည်း ဖြစ်ပါတယ်။

(၂) စိတ်ပူအောင်လုပ်ပါ
သင့်ချစ်သူက သင့်ကို အရမး်စိတ်ချသွားတာလညး် သိပ်တော့မကောင်းပါဘူးနော်။ ဒါကြောင့် သူ့နှလုံးသားတစ်ခုလုံးကို ဖမ်းစားထားချင်ရင်တော့ စိတ်ပူအောင်လုပ်တတ်ဖို့လည်း လိုပါသေးတယ်။ အမြဲတမ်းလှပအောင်နေတာ၊ သူ့့ကို တွယ်ကပ်မနေတာ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်တာ၊ အချုပ်အနှောင် မခံတာတွေက သင့်ကို သူစိတ်ပူစေမယ့် နညး်လမ်းတွေပါပဲ။ ဒီလိုမျိုးတွေ သင်လုပ်နေသရွေ့ သင့်ကို သူ ရိုးသွားမှာလည်း မဟုတ်တော့ပါဘူး။

(၃) မေတ္တာပြပါ

ယောကျ်ားလေးတွေဟာ သူတို့အပေါ် မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်တဲ့သူတွေကို တူညီသော မေတ္တာတရားတွေ ပြန်ပေးတတ်ကြပါတယ်။ ဒါကြောင့် သူ့ကို သင့်ရဲ့မေတ္တာတွေကို အမြဲတမ်းပြပါ။ မုန့်လုပ်ကျွေးတာ၊ ဖျားနေတုန်း ဂရုစိုက်ပေးတာ၊ သူ့ကို လက်ဆောင် တိုလီမုတ်စလေးတွေ မကြာခဏပေးတာတွေနဲ့ ပြသပါ။ သူ့အပေါ်မှာထားတဲ့ သင့်ရဲ့ မေတ္တာတွေကို မြင်တဲ့အခါမှာ သူ့ရဲ့ နှလုံးသားတစ်ခုလုံးကို သင်ဖမ်းစားနိုင်ခဲ့ပြီဆိုတာ မမေ့ပါနဲ့။

(၄) အားပေးပါ

ယောကျ်ားလေးတွေဟာ သန်မာတယ်လို့ထင်ရပေမယ့် သူတို့စိတ်ဟာ တစ်ခါတလေ မိန်းကလေးတွေလောက်တောင် ခံနိုင်ရည် မရှိပါဘူး။ ဒါကြောင့် သူ အားငယ်နေတဲ့အချိန်၊ ကျရှုံးနေတဲ့အချိန်၊ မအောင်မြင်သေးတဲ့အချိန်တွေမှာ သူ့ကို အမြဲတမ်း အားပေးပါ။ သူ့ရဲ့ အားသာချက်တွေကို ထုတ်ဖော်ချီးမွမ်းပါ၊ သူ့ကို အားကိုးပြလိုက်ပါ။ ဒါဆိုရင် သင့်ကို အရမး်တွယ်တာရုံသာမက သူ့နှလုံးသားတစ်ခုလုံးနဲ့ သင့်ကို ချစ်မယ့်သူပါ။

(၅) များများ ထိတွေ့ပါ

သင့်ချစ်သူနဲ့ အတူတူ ထိုင်နေတဲ့ အချိန်မှာ ရုတ်တရက် သူ့ပါးကို နမး်လိုက်တာတွေ၊ သူ့ကို လှမ်းဖက်လိုက်တာတွေ မကြာခဏ လုပ်ပေးပါ။ အထိအတွေ့များလေ၊ သံယောဇဉ်ကြီးလေ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူနဲ့ အတူရှိတဲ့ အချိန်တွေမှာ များများထိတွေ့ပေးပါ။ ဒါဆိုရင် သူ့နှလုံးသားတစ်ခုလုံးကို သင် ပိုင်ဆိုင်သွားပါပြီ။

Em Em(Shwemom)

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *