သင့္ေကာင္မေလး အရမ္းအံ့ၾသၿပီးေပ်ာ္သြားေစမယ့္ Surprise လုပ္နည္း(၅)မ်ိဳး💖   💘 …

သင့္ေကာင္မေလး အရမ္းအံ့ၾသၿပီးေပ်ာ္သြားေစမယ့္ Surprise လုပ္နည္း(၅)မ်ိဳး💖 💘 …

ဘယ္သူမဆုိ ကုိယ့္ခ်စ္ရတဲ့သူေတြကို Surprise လုပ္ရတာႀကိဳက္ၾကတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကုိယ့္ခ်စ္ရတဲ့သူေတြေပ်ာ္တာကိုျမင္ခ်င္လုိ႔ပါ။ ကုိယ္ Surprise လုပ္လုိက္လို႔ အရမ္းေပ်ာ္သြားတာကို ျမင္ခ်င္ၾကလို႔ပါ။

၁။ သူမနာမည္ထြင္းထားတဲ့ ဆဲြႀကိဳး
ဆဲြႀကိဳးလွလွေလးေတြကို ႀကိဳက္တတ္ၾကတာ မိန္းကေလးေတြရဲ႕ သဘာ၀ပါ။ ေနာက္ၿပီး သူမရဲ႕နာမည္ေလးနဲ႔လုပ္ေပးထားတဲ့ ဆဲြႀကိဳးေလးေပးမယ္ဆုိရင္ေတာ့ ေပ်ာ္သြားမွာေသခ်ာပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူမရဲ႕နာမည္ေလးနဲ႔ သီးသီးသန္႔သန္႔လုပ္ထားေပးလို႔ပါ။

၂။ Cosmetics

သင့္ေကာင္မေလးက မိတ္ကပ္ၾကိဳက္တတ္တဲ့သူဆုိရင္ေတာ့ cosmetics ေလးေတြကိုေပးသင့္ပါတယ္။ ေယာက်ာ္းေလးတစ္ေယာက္အေနနဲ႔ မိန္းကေလးတစ္ေယာက္သုံးတဲ့ cosmetics ၀ယ္ဖုိ႔ဆုိတာ မလြယ္ပါဘူး။ ဒါေပမယ့္ သင္သာ သူမအတြက္ cosmetics ၀ယ္ေပးလုိက္မယ္ဆုိရင္ အ့ံၾသသြားၿပီးေပ်ာ္သြားမွာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ မိန္းကေလးအလွကုန္ပစၥည္းေတြကို တစ္ေယာက္တည္း သြား၀ယ္ႏုိင္ခဲ့တဲ့ သတၱိေၾကာင့္ပါ။

၃။ အခန္းျပည့္ ေဘာလုံး

သူမရဲ႕ေမြးေန႔ပဲျဖစ္ျဖစ္၊ သူမအတြက္ ဂုဏ္ျပဳပါတီပဲျဖစ္ျဖစ္ သူမရဲ႕အခန္းထဲမွာ ေဘာလုံးေတြနဲ႔ အလွဆင္ထားတာလည္း သူမကုိ အံ့ၾသသြားေစမွာပါ။ သူမရဲ႕အခန္းထဲမွာ ေဘာလုံးေတြ အမ်ားႀကီးနဲ႔အျပည့္စီစဥ္တာတုိ႔၊ စားေသာက္ဆုိင္တစ္ဆုိင္ရဲ႕အခန္းထဲမွာ ေဘာလုံးေတြအျပည့္နဲ႔ အလွဆင္ထားတာတုိ႔က သူမအတြက္ အရမ္းအ့ံအားသင့္ေစၿပီး ေပ်ာ္လည္းေပ်ာ္သြားမွာပါ။

၄။ ၀က္၀ံ႐ုပ္နဲဲ႔ ပန္းစည္း

မိန္းကေလးအမ်ားစုႀကိဳက္ၾကတာ ၀က္၀ံ႐ုပ္နဲ႔ ပန္းစည္းေတြပါ။ ၀က္၀ံ႐ုပ္အႀကီးႀကီးနဲ႔ ပန္းအမ်ားႀကီးနဲ႔ surprise လုပ္မယ္ဆုိရင္ သူမ အရမ္းကုိေပ်ာ္သြားမွာပါ။ ပန္းစည္းကို ပန္းေတြအမ်ားႀကီးနဲ႔ ကုိယ္တုိင္လုပ္ေပးႏုိင္ရင္ သူမအတြက္ ဂုဏ္ယူစရာတစ္ခုလုိျဖစ္သြားမွာပါ။

၅။ စိန္လက္စြပ္
စိန္ဆုိတာ မိနး္ကေလးေတြအႀကိဳက္ဆုံးလက္၀တ္ရတနာတစ္ခုပါ။ မိန္းကေလးတိုင္း မ၀တ္မျဖစ္၀တ္ၾကတာကလည္း လက္စြပ္ပါ။ မိန္းကေလးေတာ္ေတာ္မ်ားမ်ား လက္စြပ္၀တ္ရတာကိုႀကိဳက္ၾကတယ္။ သူမအႀကိဳက္ဒီဇုိင္းကုိလုပ္ေပးလုိက္ရင္လည္း အရမ္းေပ်ာ္သြားမွာ ေသခ်ာပါတယ္။ ကုိယ့္ခ်စ္သူဆီက စိန္လက္စြပ္ရလုိ႔ မေပ်ာ္တဲ့မိနး္ကေလး ဘယ္သူရွိမလဲ။

မွတ္ခ်က္။ ။ သူမလုိခ်င္တာေလးေတြကို သူမရဲ႕ဖုန္းထဲကေန တိတ္တဆိတ္ၾကည့္ၿပီး ၀ယ္ေပးလုိ႔ရပါတယ္။ မိန္းကေလးေတြက သူတုိ႔လုိခ်င္တာေလးေတြကို screenshot ႐ိုက္ၿပီး သိမ္းထားတတ္ၾကတယ္။
Hannwe Soe (Shwemom)

Uni

သင့်ကောင်မလေး အရမ်းအံ့သြပြီးပျော်သွားစေမယ့် Surprise လုပ်နည်း(၅)မျိုး💖 💘 …

ဘယ်သူမဆို ကိုယ့်ချစ်ရတဲ့သူတွေကို Surprise လုပ်ရတာကြိုက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ချစ်ရတဲ့သူတွေပျော်တာကိုမြင်ချင်လို့ပါ။ ကိုယ် Surprise လုပ်လိုက်လို့ အရမ်းပျော်သွားတာကို မြင်ချင်ကြလို့ပါ။

၁။ သူမနာမည်ထွင်းထားတဲ့ ဆွဲကြိုး
ဆွဲကြိုးလှလှလေးတွေကို ကြိုက်တတ်ကြတာ မိန်းကလေးတွေရဲ့ သဘာဝပါ။ နောက်ပြီး သူမရဲ့နာမည်လေးနဲ့လုပ်ပေးထားတဲ့ ဆွဲကြိုးလေးပေးမယ်ဆိုရင်တော့ ပျော်သွားမှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့နာမည်လေးနဲ့ သီးသီးသန့်သန့်လုပ်ထားပေးလို့ပါ။

၂။ Cosmetics

သင့်ကောင်မလေးက မိတ်ကပ်ကြိုက်တတ်တဲ့သူဆိုရင်တော့ cosmetics လေးတွေကိုပေးသင့်ပါတယ်။ ယောကျာ်းလေးတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်သုံးတဲ့ cosmetics ၀ယ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် သင်သာ သူမအတွက် cosmetics ၀ယ်ပေးလိုက်မယ်ဆိုရင် အ့ံသြသွားပြီးပျော်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးအလှကုန်ပစ္စည်းတွေကို တစ်ယောက်တည်း သွားဝယ်နိုင်ခဲ့တဲ့ သတ္တိကြောင့်ပါ။

၃။ အခန်းပြည့် ဘောလုံး

သူမရဲ့မွေးနေ့ပဲဖြစ်ဖြစ်၊ သူမအတွက် ဂုဏ်ပြုပါတီပဲဖြစ်ဖြစ် သူမရဲ့အခန်းထဲမှာ ဘောလုံးတွေနဲ့ အလှဆင်ထားတာလည်း သူမကို အံ့သြသွားစေမှာပါ။ သူမရဲ့အခန်းထဲမှာ ဘောလုံးတွေ အများကြီးနဲ့အပြည့်စီစဉ်တာတို့၊ စားသောက်ဆိုင်တစ်ဆိုင်ရဲ့အခန်းထဲမှာ ဘောလုံးတွေအပြည့်နဲ့ အလှဆင်ထားတာတို့က သူမအတွက် အရမ်းအ့ံအားသင့်စေပြီး ပျော်လည်းပျော်သွားမှာပါ။

၄။ ၀က်ဝံရုပ်နဲဲ့ ပန်းစည်း

မိန်းကလေးအများစုကြိုက်ကြတာ ၀က်ဝံရုပ်နဲ့ ပန်းစည်းတွေပါ။ ၀က်ဝံရုပ်အကြီးကြီးနဲ့ ပန်းအများကြီးနဲ့ surprise လုပ်မယ်ဆိုရင် သူမ အရမ်းကိုပျော်သွားမှာပါ။ ပန်းစည်းကို ပန်းတွေအများကြီးနဲ့ ကိုယ်တိုင်လုပ်ပေးနိုင်ရင် သူမအတွက် ဂုဏ်ယူစရာတစ်ခုလိုဖြစ်သွားမှာပါ။

၅။ စိန်လက်စွပ်
စိန်ဆိုတာ မိနး်ကလေးတွေအကြိုက်ဆုံးလက်ဝတ်ရတနာတစ်ခုပါ။ မိန်းကလေးတိုင်း မဝတ်မဖြစ်ဝတ်ကြတာကလည်း လက်စွပ်ပါ။ မိန်းကလေးတော်တော်များများ လက်စွပ်ဝတ်ရတာကိုကြိုက်ကြတယ်။ သူမအကြိုက်ဒီဇိုင်းကိုလုပ်ပေးလိုက်ရင်လည်း အရမ်းပျော်သွားမှာ သေချာပါတယ်။ ကိုယ့်ချစ်သူဆီက စိန်လက်စွပ်ရလို့ မပျော်တဲ့မိနး်ကလေး ဘယ်သူရှိမလဲ။

မှတ်ချက်။ ။ သူမလိုချင်တာလေးတွေကို သူမရဲ့ဖုန်းထဲကနေ တိတ်တဆိတ်ကြည့်ပြီး ၀ယ်ပေးလို့ရပါတယ်။ မိန်းကလေးတွေက သူတို့လိုချင်တာလေးတွေကို screenshot ရိုက်ပြီး သိမ်းထားတတ်ကြတယ်။
Hannwe Soe (Shwemom)

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *