မိန္းကေလးတစ္ေယာက္ တစ္ပတ္ကိုအနည္းဆံုးတစ္ခါေလာက္တစ္ခါေတာ့ လုပ္သင့္သည့္အရာမ်ား

မိန္းကေလးတစ္ေယာက္ တစ္ပတ္ကိုအနည္းဆံုးတစ္ခါေလာက္တစ္ခါေတာ့ လုပ္သင့္သည့္အရာမ်ား

ပရိသတ္ၾကီးေရ…

ပ်င္းစရာေကာင္းျပီး တစ္သမတ္တည္းျဖစ္ေနတဲ့ ဘဝမ်ိဳးကို ဘယ္သူမွလိုခ်င္မွာ မဟုတ္ပါဘူး။ ဘဝကိုရုန္းကန္ဖို႔လိုတာမွန္ေပမယ့္ ဘဝကို ေလးေလးကန္ကန္ၾကီးပဲ ျဖတ္သန္းေနရင္ လန္းဆန္းေနမွာမဟုတ္ပါဘူး။ သင့္ေန႔ရက္ေတြကို ေပါ့ပါးေပ်ာ္ရႊင္ေနေစဖို႔ သင္ကိုယ္တိုင္ဖန္တီးရမွာျဖစ္ပါတယ္။ မိန္းကေလးတစ္ေယာက္ရဲ႕ေန႔စဥ္ဘဝကို ေပါ့ပါးစြာျဖတ္သန္းႏိုင္ဖို႔ တစ္ပတ္မွာ တစ္ခါေလာက္ေတာ့ လုပ္သင့္တဲ့ အလုပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေလ့က်င့္ခန္းလုပ္ပါ။

က်န္းမာတဲ့ဘဝတစ္ခုကို ပိုင္ဆိုင္ဖို႔အတြက္ တစ္ပတ္မွာတစ္ခါေလာက္ေတာ့ ေလ့က်င့္ခန္းလုပ္သင့္ပါတယ္။ ေန႔တုိင္းေျပးဖို႔ အခ်ိန္မရွိဘူးဆိုရင္ေတာင္ တစ္ပတ္ကိုတစ္ခါေလာက္ေတာ့ အေျပးက်င့္သင့္ပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ က်န္းမာသြက္လက္တဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ေစပါတယ္။

၂။ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ပါ။

တစ္ေန႔တစ္ေန႔ အလုပ္ေတြအလ်ဥ္မွီေအာင္လုပ္ရင္း သင့္စိတ္ေရာကိုယ္ပါ ပင္ပန္းႏြမ္းနယ္ေနတာပါ။ ဒါ့ေၾကာင့္တစ္ပတ္မွာတစ္ရက္ေတာ့ သင့္အရင္းႏွီးဆံုးသူငယ္ခ်င္းေတြနဲ႔ သင္စိတ္လြတ္ကိုယ္လြတ္ေနပစ္လိုက္ပါ။

၃။ စိတ္လြတ္ကိုယ္လြတ္ ေနပစ္လိုက္ပါ။

ဆပ္ျပာျမွဳပ္ေလးေတြမွာ ေရစိ္မ္ေနရင္း စာဖတ္ခ်င္ဖတ္ သင္ၾကိဳက္တဲ့ဇာတ္ကားကိုၾကည့္ေနလိုက္ပါ။ ဒါမွမဟုတ္သင့္လက္သည္းေတြကို ေတာက္ပရႊန္းစိုတဲ့ အေရာင္ေလးဆိုးလိုက္ပါ။ တစ္ပတ္လံုးက သယ္လာခဲ့တဲ့ သင့္စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါလိ္မ့္မယ္။ ဤေဆာင္းပါးကို ဂႏၲဝင္ မဂၢဇင္းမွ ေရးသားတင္ဆက္ျခင္း ျဖစ္သည္။

၄။ စာဖတ္ပါ။

ဖုန္းေတြကြန္ပ်ဴတာေတြနဲ႔ ခဏကင္းကြာျပီး သင္ႏွစ္သက္တဲ့ စာေပေတြ၊ စာအုပ္ေလးေတြကို လက္မွာကိုင္ျပီး ဖတ္ၾကည့္လိုက္ပါ။ စာအုပ္ေတြက ခံစားမႈအသစ္ေတြေပးႏိုင္တာေတြ႔ပါလိမ့္မယ္။

၅။ တစ္ပါးသူေတြကိုကူညီပါ။

သစ္ပင္စိုက္ပါ။ ကိုယ့္အငယ္ေတြကို အိမ္စာကူလုပ္ေပးပါ။ အဲဒီအရာေလးေတြက ကိစၥေသးေသးေလးေတြေပမယ့္ အမ်ားအတြက္တစ္ေထာင့္တစ္ေနရာက ကူညီေပးႏိုင္တဲ့အတြက္ သင့္ကိုသင္ယံုၾကည္မႈေတြပိုေစမွာပါ။

၆။ ခ်က္ျပဳတ္ပါ။

သင္ဟာေန႔တိုင္း ထမင္းဟင္းခ်က္ရတဲ့သူမဟုတ္ဘူးဆိုရင္ေတာ့ တစ္ပတ္တစ္ခါေလာက္ လက္တည့္စမ္းၾကည့္သင့္ပါတယ္။ အရသာမေကာင္းခဲ့ရင္ေတာင္ သင့္လက္ရာဟင္းေလးေတြကို စားၾကည့္္ရင္း ေပ်ာ္ရႊင္လာမွာျဖစ္ပါတယ္။ ခ်က္ျပဳတ္ရင္း အသားက်လာတဲ့အခါ သင့္လက္ရာလည္းတိုးတက္လာပါတယ္။

၇။ စာေရးပါ။

ဝတၳဳေတြ ကဗ်ာေတြေဝေဝဆာဆာ ေရးခိုင္းေနတာမဟုတ္ပါဘူး။ သင့္စိတ္ထဲမွာ သိုဝွက္ထားရတဲ့ အရာမွန္သမွ်ကို အိတ္သြန္ဖာေမွာက္ေရးထားလိုက္ပါ။ အခ်ိန္ၾကာလာတဲ့အခါ အဲဒီစာေတြကိုဖတ္ရင္း သင့္ဘဝကိုဘယ္လိုျဖတ္သန္းလာခဲ့လဲဆိုတာကို သိလာမွာပါ။

မိန္းကေလးေတြဟာ မိမိတို႔ရဲ႕ေန႔စဥ္ဘဝကို ေပါ့ပါးစြာျဖတ္သန္းႏိုင္ဖို႔ အထက္ပါနည္းေတြကို တစ္ပတ္တစ္ခါေလာက္ေတာ့ စမ္းလုပ္ၾကည့္သင့္ပါတယ္။

ပရိတ္သတ္ၾကီး လုပ္ေလ့ရွိတဲ့အျခားနည္းေတြရွိရင္လည္း comment box မွာေရးေပးခဲ့ပါဦး။

Credit..

ပရိသတ်ကြီးရေ…

ပျင်းစရာကောင်းပြီး တစ်သမတ်တည်းဖြစ်နေတဲ့ ဘဝမျိုးကို ဘယ်သူမှလိုချင်မှာ မဟုတ်ပါဘူး။ ဘဝကိုရုန်းကန်ဖို့လိုတာမှန်ပေမယ့် ဘဝကို လေးလေးကန်ကန်ကြီးပဲ ဖြတ်သန်းနေရင် လန်းဆန်းနေမှာမဟုတ်ပါဘူး။ သင့်နေ့ရက်တွေကို ပေါ့ပါးပျော်ရွှင်နေစေဖို့ သင်ကိုယ်တိုင်ဖန်တီးရမှာဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့နေ့စဉ်ဘဝကို ပေါ့ပါးစွာဖြတ်သန်းနိုင်ဖို့ တစ်ပတ်မှာ တစ်ခါလောက်တော့ လုပ်သင့်တဲ့ အလုပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ပါ။

ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် တစ်ပတ်မှာတစ်ခါလောက်တော့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ နေ့တိုင်းပြေးဖို့ အချိန်မရှိဘူးဆိုရင်တောင် တစ်ပတ်ကိုတစ်ခါလောက်တော့ အပြေးကျင့်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကျန်းမာသွက်လက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေပါတယ်။

၂။ သူငယ်ချင်းတွေနဲ့ တွေ့ပါ။

တစ်နေ့တစ်နေ့ အလုပ်တွေအလျဉ်မှီအောင်လုပ်ရင်း သင့်စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတာပါ။ ဒါ့ကြောင့်တစ်ပတ်မှာတစ်ရက်တော့ သင့်အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ သင်စိတ်လွတ်ကိုယ်လွတ်နေပစ်လိုက်ပါ။

၃။ စိတ်လွတ်ကိုယ်လွတ် နေပစ်လိုက်ပါ။

ဆပ်ပြာမြှုပ်လေးတွေမှာ ရေစိ်မ်နေရင်း စာဖတ်ချင်ဖတ် သင်ကြိုက်တဲ့ဇာတ်ကားကိုကြည့်နေလိုက်ပါ။ ဒါမှမဟုတ်သင့်လက်သည်းတွေကို တောက်ပရွှန်းစိုတဲ့ အရောင်လေးဆိုးလိုက်ပါ။ တစ်ပတ်လုံးက သယ်လာခဲ့တဲ့ သင့်စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါလိ်မ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၄။ စာဖတ်ပါ။

ဖုန်းတွေကွန်ပျူတာတွေနဲ့ ခဏကင်းကွာပြီး သင်နှစ်သက်တဲ့ စာပေတွေ၊ စာအုပ်လေးတွေကို လက်မှာကိုင်ပြီး ဖတ်ကြည့်လိုက်ပါ။ စာအုပ်တွေက ခံစားမှုအသစ်တွေပေးနိုင်တာတွေ့ပါလိမ့်မယ်။

၅။ တစ်ပါးသူတွေကိုကူညီပါ။

သစ်ပင်စိုက်ပါ။ ကိုယ့်အငယ်တွေကို အိမ်စာကူလုပ်ပေးပါ။ အဲဒီအရာလေးတွေက ကိစ္စသေးသေးလေးတွေပေမယ့် အများအတွက်တစ်ထောင့်တစ်နေရာက ကူညီပေးနိုင်တဲ့အတွက် သင့်ကိုသင်ယုံကြည်မှုတွေပိုစေမှာပါ။

၆။ ချက်ပြုတ်ပါ။

သင်ဟာနေ့တိုင်း ထမင်းဟင်းချက်ရတဲ့သူမဟုတ်ဘူးဆိုရင်တော့ တစ်ပတ်တစ်ခါလောက် လက်တည့်စမ်းကြည့်သင့်ပါတယ်။ အရသာမကောင်းခဲ့ရင်တောင် သင့်လက်ရာဟင်းလေးတွေကို စားကြည့််ရင်း ပျော်ရွှင်လာမှာဖြစ်ပါတယ်။ ချက်ပြုတ်ရင်း အသားကျလာတဲ့အခါ သင့်လက်ရာလည်းတိုးတက်လာပါတယ်။

၇။ စာရေးပါ။

ဝတ္ထုတွေ ကဗျာတွေဝေဝေဆာဆာ ရေးခိုင်းနေတာမဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ သိုဝှက်ထားရတဲ့ အရာမှန်သမျှကို အိတ်သွန်ဖာမှောက်ရေးထားလိုက်ပါ။ အချိန်ကြာလာတဲ့အခါ အဲဒီစာတွေကိုဖတ်ရင်း သင့်ဘဝကိုဘယ်လိုဖြတ်သန်းလာခဲ့လဲဆိုတာကို သိလာမှာပါ။

မိန်းကလေးတွေဟာ မိမိတို့ရဲ့နေ့စဉ်ဘဝကို ပေါ့ပါးစွာဖြတ်သန်းနိုင်ဖို့ အထက်ပါနည်းတွေကို တစ်ပတ်တစ်ခါလောက်တော့ စမ်းလုပ်ကြည့်သင့်ပါတယ်။

ပရိတ်သတ်ကြီး လုပ်လေ့ရှိတဲ့အခြားနည်းတွေရှိရင်လည်း comment box မှာရေးပေးခဲ့ပါဦး။

Credit…

Written by admin