တရုတ္ရုိးရာ(၁၂)ရာသီခြင္စက္၀န္းက ေျပာျပမယ့္ သင့္အေၾကာင္း

တရုတ္ရုိးရာ(၁၂)ရာသီခြင္စက္၀န္းက ေျပာျပမယ့္ သင့္အေၾကာင္း

တရုတ္ရုိးရာျပကၡဒိန္မွာ တစ္ႏွစ္စာကို ရာသီခြင္စက္၀န္း တိရစာၦန္(၁၂)ေကာင္ထဲက တစ္ေကာင္နဲ႔ သတ္မွတ္ၾကေလ့ရွိပါတယ္။ တရုတ္လူမ်ိဳးေတြရဲ႕ ျပကၡဒိန္ဟာ လ,အေပၚမွာ အေျခခံၿပီးတြက္ခ်က္ၾကတာေၾကာင့္ တစ္ႏွစ္နဲ႔တစ္ႏွစ္ က်တဲ့အေကာင္မတူပါဘူး။ ႏွစ္သစ္ကူးပြဲေတာ္ကိုေတာ့ မ်ားေသာအားျဖင့္ ဇန္န၀ါရီ(၂၁) ရက္ကေန ေဖေဖာ္၀ါရီ(၂၀) အတြင္းက်င္းပၾကေလ့ရွိပါတယ္။ ယခုႏွစ္မွာေတာ့ ေဖေဖာ္၀ါရီ(၁၆) ဟာ ပြဲေတာ္ေနာက္ဆံုးရက္ျဖစ္ၿပီး မနက္ျဖန္ဆိုရင္ တရုတ္ႏွစ္ဆန္းတစ္ရက္ေန႔ ျဖစ္ပါတယ္။

မႏွစ္က ၾကက္ႏွစ္ျဖစ္ခဲ့ၿပီး ေနာက္ႏွစ္ဟာ ၀က္ႏွစ္ျဖစ္ပါမယ္။ ယခုႏွစ္ကေတာ့ ၿပီးခဲ့တဲ့(၂၀၀၆) ၊ (၁၉၉၄) ၊ (၁၉၈၂) ခုႏွစ္ေတြကလိုပဲ ေခြးႏွစ္ျဖစ္ပါတယ္။ တရုတ္ရုိးရာအရ တကယ္လို႔ စာဖတ္သူသာ ေခြးႏွစ္ေမြးသူျဖစ္ခဲ့ရင္ ဒီတစ္ႏွစ္လံုးရဲ႕ ကံအေျခအေနဟာ ေမွ်ာ္မွန္းထားသေလာက္ အဆင္မေျပႏိုင္ဘူးလို႔ သိရပါတယ္။ ေအာက္ဘက္မွာေတာ့ တရုတ္(၁၂)ရာသီစက္၀န္းရဲ႕ေမြးႏွစ္အေကာင္ေလးေတြနဲ႔ ေမြးႏွစ္အလိုက္ ရွိတတ္ၾကတဲ့ ကိုယ္ရည္ကိုယ္ေသြးေလးေတြကို စာဖတ္သူေတြအတြက္ တင္ျပေပးလိုက္ပါတယ္။

ၾကြက္ႏွစ္

ေမြးႏွစ္ : ၂၀၀၈ ၊ ၁၉၉၆ ၊ ၁၉၈၄ ၊ ၁၉၇၂ ၊ ၁၉၆၀ ၊ ၁၉၄၈ ၊ ၁၉၃၆ ၊ ၁၉၂၄ ၊ ၁၉၁၂

ၾကြက္ႏွစ္တြင္ေမြးဖြားသူမ်ားဟာ ဇ၀နဥာဏ္ရႊင္ကာ ဥာဏ္ထက္သူမ်ားျဖစ္ၾကပါတယ္။ ပတ္၀န္းက်င္နဲ႔ လိုက္ေလ်ာညီေထြမႈရွိေအာင္ ေနထိုင္ေလ့ရွိသူမ်ား ျဖစ္တဲ့အျပင္ ခ်စ္စရာေကာင္းၿပီး အႏုပညာဆန္တဲ့ႏွလံုးသား ပိုင္ရွင္ေတြျဖစ္ပါတယ္။ ၾကြက္ႏွစ္ဖြား ထင္ရွားေက်ာ္ၾကားသူ(၂)ဦးကေတာ့ Katy Perry (၁၉၈၄) နဲ႔ Eminem (၁၉၇၂) တို႔ပဲျဖစ္ပါတယ္။
ႏြားႏွစ္

ေမြးႏွစ္ : ၂၀၀၉ ၊ ၁၉၉၇ ၊ ၁၉၈၅ ၊ ၁၉၇၃ ၊ ၁၉၆၁ ၊ ၁၉၄၉ ၊ ၁၉၃၇ ၊ ၁၉၂၅ ၊ ၁၉၁၃

ႏြားႏွစ္ဖြားမ်ားေတြဟာ သမာသမတ္ရွိသူမ်ားျဖစ္ၿပီး သစၥာထားတတ္သူမ်ား ျဖစ္ပါတယ္။ အေမွ်ာ္အျမင္နဲ႔ျပည့္စံုတဲ့သူေတြျဖစ္သလို စိတ္ဓာတ္ခိုင္မာၿပီး ဇြဲနပဲၾကီးစြာ လုပ္ကိုင္တတ္သူမ်ားလည္း ျဖစ္ၾကပါတယ္။ ႏြားႏွစ္ဖြား ေက်ာ္ၾကားသူေတြကေတာ့ Wayne Rooney (၁၉၈၅)နဲ႔ Barack Obama(၁၉၆၁) တို႔႔ ျဖစ္ပါတယ္။

က်ားႏွစ္

ေမြးႏွစ္ : ၂၀၁၀ ၊ ၁၉၉၈ ၊ ၁၉၈၆ ၊ ၁၉၇၄ ၊ ၁၉၆၂ ၊ ၁၉၅၀ ၊ ၁၉၃၈ ၊ ၁၉၂၆ ၊ ၁၉၁၄

က်ားႏွစ္ဖြားေတြကေတာ့ ရဲရင့္ထက္ျမက္ၿပီး ရည္မွန္းခ်က္ ႀကီးသူမ်ားျဖစ္ၾကပါတယ္။ ယံုၾကည္ခ်က္ ျပည့္၀သူမ်ားလည္းျဖစ္တာေၾကာင့္ ၾသဇာတိကၠမၾကီးကာ ဦးေဆာင္ႏိုင္စြမ္း ျမင့္မားသူေတြလို႔လည္း ဆိုႏိုင္ပါတယ္။ က်ားႏွစ္ဖြား ေက်ာ္ၾကားသူေတြကေတာ့ Leonardo DiCaprio (၁၉၇၄) ၊ Bill Murray (၁၉၅၀) နဲ႔ အဲလီဇဘက္ဘုရင္မၾကီး (၁၉၂၆) တို႔ျဖစ္ပါတယ္။

ယုန္ႏွစ္

ေမြးႏွစ္ : ၂၀၁၁ ၊ ၁၉၉၉ ၊ ၁၉၈၇ ၊ ၁၉၇၅ ၊ ၁၉၆၃ ၊ ၁၉၅၁ ၊ ၁၉၃၉ ၊ ၁၉၂၇ ၊ ၁၉၁၅

ယုန္ႏွစ္ဖြားေတြဟာ ယံုၾကည္ထိုက္သူမ်ားျဖစ္ၿပီး ဂရုဏာစိတ္ ႀကီးမားတဲ့သူပါ။ လိမၼာပါးနပ္သူမ်ားျဖစ္သလို ႏွိမ့္ခ်ရို႕က်ိဳးတတ္တဲ့ စိတ္ထားပိုင္ရွင္မ်ားလည္းျဖစ္ပါတယ္။ လူေတြနဲ႔ခ်စ္ခင္ရင္းႏွီးစြာ ေနထိုင္တတ္သူျဖစ္ၿပီး ေႏြးေထြးစြာေစာင့္ေရွာက္တတ္သူေတြဟာ ယုန္ႏွစ္ဖြားေတြပါ။ ယုန္ႏွစ္ဖြားေက်ာ္ၾကားသူမ်ားကေတာ့ Angelina Jolie (၁၉၇၅)၊ Robin Williams (၁၉၅၁)၊ ဗုိလ္ခ်ဳပ္ေအာင္ဆန္း (၁၉၁၅) တို႔ျဖစ္ပါတယ္။

နဂါးႏွစ္

ေမြးႏွစ္ : ၂၀၁၂ ၊ ၂၀၀၀ ၊ ၁၉၈၈ ၊ ၁၉၇၆ ၊ ၁၉၆၄ ၊ ၁၉၅၂ ၊ ၁၉၄၀ ၊ ၁၉၂၈ ၊ ၁၉၁၆

နဂါးႏွစ္တြင္ေမြးဖြားသူေတြဟာ ကံေကာင္းၾကသူေတြလို႔ဆုိပါတယ္။ ထူးျခားတဲ့စရုိက္ရွိသူမ်ားျဖစ္ၿပီး စိတ္သေဘာထားေပ်ာ့ေျပာင္းသူေတြပါ။ စိတ္ကူးတီထြင္ႏိုင္စြမ္းနဲ႔ အႏုပညာပါရမီရွိတဲ့အျပင္ ၾသဇာၾကီးတဲ့သူေတြလည္းျဖစ္ၾကပါတယ္။ နဂါးႏွစ္ဖြား ထင္ရွားသူေတြကေတာ့ Benedict Cumberbatch (၁၉၇၆) ၊ Keanu Reeves (၁၉၆၄) တို႔ပဲျဖစ္ပါတယ္။

ေျမြႏွစ္

ေမြးႏွစ္ : ၂၀၁၃ ၊ ၂၀၀၁ ၊ ၁၉၈၉ ၊ ၁၉၇၇ ၊ ၁၉၆၅ ၊ ၁၉၅၃ ၊ ၁၉၄၁ ၊ ၁၉၂၉ ၊ ၁၉၁၇

ေျမြႏွစ္ဖြားေတြဟာ ဒႆနဆန္သူမ်ားျဖစ္ပါတယ္။ ထိုးထြင္းႏိုင္စြမ္းျမင့္မားၾကၿပီး သိုသိပ္သပ္ရပ္စြာ ေနထိုင္တတ္သူမ်ားလည္းျဖစ္ၾကပါတယ္။ အာရံုစူးစိုက္မႈ အားေကာင္းၿပီး ဆံုးျဖတ္ခ်က္ျပတ္သားသူေတြဟာ ေျမြႏွစ္ဖြားေတြပဲ ျဖစ္ၾကပါတယ္။ ထင္ရွားတဲ့ေျမြႏွစ္ဖြားေတြကေတာ့ Taylor Swift(၁၉၈၉) နဲ႔ Sir Alex Ferguson (၁၉၄၁) တို႔ျဖစ္ပါတယ္။

ျမင္းႏွစ္

ေမြးႏွစ္ : ၂၀၁၄ ၊ ၂၀၀၂ ၊ ၁၉၉၀ ၊ ၁၉၇၈ ၊ ၁၉၆၆ ၊ ၁၉၅၄ ၊ ၁၉၄၂ ၊ ၁၉၃၀ ၊ ၁၉၁၈

ျမင္းႏွစ္ဖြားေတြဟာ အေျခအေနနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနထိုင္တတ္သူမ်ားျဖစ္ပါတယ္။ သစၥာထားတတ္သူမ်ားျဖစ္သလို ရဲရင့္ၾကသူေတြပါ။ ဥာဏ္ရည္ဥာဏ္ေသြး ေကာင္းမြန္သူမ်ားျဖစ္ၾကၿပီး ရည္မွန္းခ်က္ၾကီးၾကီးနဲ႔ ၾက့ံၾကံ့ခိုင္စြန္႔စားတတ္ၾကသူေတြဟာ ျမင္းႏွ္စ္ဖြားေတြပဲျဖစ္ပါတယ္။ ျမင္းႏွစ္ဖြားထင္ရွားသူေတြကေတာ့ James Corden (၁၉၇၈) နဲ႔ Emma Watson (၁၉၉၀) တို႔႔႔ပဲျဖစ္ပါတယ္။

သိုးႏွစ္

ေမြးႏွစ္ : ၂၀၁၅ ၊ ၂၀၀၃ ၊ ၁၉၉၁ ၊ ၁၉၇၉ ၊ ၁၉၆၇ ၊ ၁၉၅၅ ၊ ၁၉၄၃ ၊ ၁၉၃၁ ၊ ၁၉၁၉

သိုးႏွစ္ဖြားတို႔ဟာ အဆင္းအဂၤါလွပသူမ်ားျဖစ္ၾကၿပီး ပါးရည္နပ္ရည္နဲ႔ လည္လည္၀ယ္၀ယ္ ရွိသူမ်ားျဖစ္ပါတယ္။ ေအးေဆးေႏြးေထြးၿပီး ခ်စ္စရာေကာင္းသူမ်ားျဖစ္ၾကသလို ဆဌမအာရံုပိုင္ရွင္မ်ားလည္းျဖစ္ၾကပါတယ္။ ထင္ရွားတဲ့သိုးႏွစ္ဖြားမ်ားဟာ Chris Pratt(၁၉၇၉) နဲ႔ Bill Gates (၁၉၅၅) တို႔ျဖစ္ပါတယ္။

ေမ်ာက္ႏွစ္

ေမြးႏွစ္ : ၂၀၁၆ ၊ ၂၀၀၄ ၊ ၁၉၉၂ ၊ ၁၉၈၀ ၊ ၁၉၆၈ ၊ ၁၉၅၆ ၊ ၁၉၄၄ ၊ ၁၉၃၂ ၊ ၁၉၂၀

ေမ်ာက္ႏွစ္ဖြားေတြဟာ ဥာဏ္ရႊင္သူမ်ားျဖစ္ၾကၿပီး သြက္လက္ခ်က္ခ်ာၾကသူေတြျဖစ္ပါတယ္။ ႏွစ္လိုဖြယ္ေကာင္းၿပီး ဗဟုသုတၾကြယ္၀သူမ်ားလည္းျဖစ္ၾကပါတယ္။ ထက္ျမက္ၿပီး ကံေကာင္းတတ္သူေတြထဲမွာ ေမ်ာက္ႏွစ္ဖြားေတြလည္းအပါအ၀င္ပါ။ ေက်ာ္ၾကားတဲ့ ေမ်ာက္ႏွစ္ဖြားေတြဟာ Kim Kardashian (၁၉၈၀) နဲ႔ Hugh Jackman (၁၉၆၈) နဲ႔ George Lucas (၁၉၄၄) တို႔ျဖစ္ပါတယ္။

ၾကက္ႏွစ္

ေမြးႏွစ္ : ၂၀၁၇ ၊ ၂၀၀၅ ၊ ၁၉၉၃ ၊ ၁၉၈၁ ၊ ၁၉၆၉ ၊ ၁၉၅၇ ၊ ၁၉၄၅ ၊ ၁၉၃၃ ၊ ၁၉၂၁

ၾကက္ႏွစ္ဖြားေတြဟာ ရိုးသားတက္ၾကြသူေတြပါ။ ဥာဏ္ေကာင္းၿပီး ၀ါၾကြားလိုစိတ္ ရွိသူမ်ားလည္းျဖစ္ပါတယ္။ ယံုၾကည္ခ်က္ျပည့္၀သူမ်ားျဖစ္ၿပီး အမ်ားတကာလိုမဟုတ္ပဲ တမူထူးျခားတဲ့ ဗီဇပိုင္ရွင္မ်ားျဖစ္ပါတယ္။ ၾကက္ႏွစ္ဖြားေက်ာ္ၾကားသူေတြကေတာ့ Beyonce (၁၉၈၁)နဲ႔ Jack Black (၁၉၆၉) တို႔ျဖစ္ပါတယ္။

ေခြးႏွစ္

ေမြးႏွစ္ : ၂၀၁၈ ၊ ၂၀၀၆ ၊ ၁၉၉၄ ၊ ၁၉၈၂ ၊ ၁၉၇၀ ၊ ၁၉၅၈ ၊ ၁၉၄၆ ၊ ၁၉၃၄ ၊ ၁၉၂၂

ေခြးႏွစ္ဖြားေတြဟာ သစၥာရွိသူမ်ားျဖစ္ပါတယ္။ ရဲရင့္သူေတြ ျဖစ္ၾကသလို လူမႈဆက္ဆံေရး ေကာင္းမြန္သူမ်ားလည္းျဖစ္ပါတယ္။ ၾကံ့ခိုင္ၿပီး ဘ၀ကိုေပ်ာ္ေပ်ာ္ေနလိုစိတ္ရွိသူေတြဟာ ေခြးႏွစ္ဖြားေတြပါ။ လံု႔လ၀ီရီယရွိသူမ်ားျဖစ္ၾကၿပီး သိလြယ္တတ္လြယ္သူမ်ားလည္းျဖစ္ပါတယ္။ ထင္ရွားတဲ့ေခြးႏွစ္ဖြားေတြကေတာ့ Matt Damon(၁၉၇၀) နဲ႔ Michael Jackson (၁၉၅၈) တို႔ျဖစ္ပါတယ္။

၀က္ႏွစ္

ေမြးႏွစ္ : ၂၀၁၉ ၊ ၂၀၀၇ ၊ ၁၉၉၅ ၊ ၁၉၈၃ ၊ ၁၉၇၁ ၊ ၁၉၅၉ ၊ ၁၉၄၇ ၊ ၁၉၃၅ ၊ ၁၉၂၃

၀က္ႏွစ္သမားေတြဟာ ရိုးသားၿပီး အေကာင္းျမင္စိတ္ထားရွိၾကသူေတြပါ။ ဆံုးျဖတ္ခ်က္ခိုင္မာတဲ့သူမ်ားျဖစ္တဲ့အျပင္ အမ်ားနဲ႔ သဟဇာတျဖစ္ေအာင္ ေနထိုင္တတ္သူမ်ားလည္းျဖစ္ပါတယ္။ ဟန္ေဆာင္မႈကင္းၿပီး ႏွစ္လိုဖြယ္ရာ စိတ္ထားပိုင္ရွင္ေတြကေတာ့ ၀က္ႏွစ္ဖြားေတြပဲျဖစ္ပါတယ္။ ထင္ရွားတဲ့၀က္ႏွစ္ဖြားေတြကေတာ့ David Walliams (၁၉၇၁) နဲ႔ Simon Cowell (၁၉၅၉) တို႔ျဖစ္ၾကပါတယ္။

Credit:လင္းလင္း (ShweMom)

Unicodeဖြင့်ဖတ်ရန်

တရုတ်ရိုးရာ(၁၂)ရာသီခွင်စက်ဝန်းက ပြောပြမယ့် သင့်အကြောင်း

တရုတ်ရိုးရာပြက္ခဒိန်မှာ တစ်နှစ်စာကို ရာသီခွင်စက်ဝန်း တိရစ္ဆာန်(၁၂)ကောင်ထဲက တစ်ကောင်နဲ့ သတ်မှတ်ကြလေ့ရှိပါတယ်။ တရုတ်လူမျိုးတွေရဲ့ ပြက္ခဒိန်ဟာ လ,အပေါ်မှာ အခြေခံပြီးတွက်ချက်ကြတာကြောင့် တစ်နှစ်နဲ့တစ်နှစ် ကျတဲ့အကောင်မတူပါဘူး။ နှစ်သစ်ကူးပွဲတော်ကိုတော့ များသောအားဖြင့် ဇန်နဝါရီ(၂၁) ရက်ကနေ ဖေဖော်ဝါရီ(၂၀) အတွင်းကျင်းပကြလေ့ရှိပါတယ်။ ယခုနှစ်မှာတော့ ဖေဖော်ဝါရီ(၁၆) ဟာ ပွဲတော်နောက်ဆုံးရက်ဖြစ်ပြီး မနက်ဖြန်ဆိုရင် တရုတ်နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပါတယ်။

မနှစ်က ကြက်နှစ်ဖြစ်ခဲ့ပြီး နောက်နှစ်ဟာ ဝက်နှစ်ဖြစ်ပါမယ်။ ယခုနှစ်ကတော့ ပြီးခဲ့တဲ့(၂၀၀၆) ၊ (၁၉၉၄) ၊ (၁၉၈၂) ခုနှစ်တွေကလိုပဲ ခွေးနှစ်ဖြစ်ပါတယ်။ တရုတ်ရိုးရာအရ တကယ်လို့ စာဖတ်သူသာ ခွေးနှစ်မွေးသူဖြစ်ခဲ့ရင် ဒီတစ်နှစ်လုံးရဲ့ ကံအခြေအနေဟာ မျှော်မှန်းထားသလောက် အဆင်မပြေနိုင်ဘူးလို့ သိရပါတယ်။ အောက်ဘက်မှာတော့ တရုတ်(၁၂)ရာသီစက်ဝန်းရဲ့မွေးနှစ်အကောင်လေးတွေနဲ့ မွေးနှစ်အလိုက် ရှိတတ်ကြတဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို စာဖတ်သူတွေအတွက် တင်ပြပေးလိုက်ပါတယ်။

ကြွက်နှစ်

မွေးနှစ် : ၂၀၀၈ ၊ ၁၉၉၆ ၊ ၁၉၈၄ ၊ ၁၉၇၂ ၊ ၁၉၆၀ ၊ ၁၉၄၈ ၊ ၁၉၃၆ ၊ ၁၉၂၄ ၊ ၁၉၁၂

ကြွက်နှစ်တွင်မွေးဖွားသူများဟာ ဇဝနဉာဏ်ရွှင်ကာ ဉာဏ်ထက်သူများဖြစ်ကြပါတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိအောင် နေထိုင်လေ့ရှိသူများ ဖြစ်တဲ့အပြင် ချစ်စရာကောင်းပြီး အနုပညာဆန်တဲ့နှလုံးသား ပိုင်ရှင်တွေဖြစ်ပါတယ်။ ကြွက်နှစ်ဖွား ထင်ရှားကျော်ကြားသူ(၂)ဦးကတော့ Katy Perry (၁၉၈၄) နဲ့ Eminem (၁၉၇၂) တို့ပဲဖြစ်ပါတယ်။
နွားနှစ်

မွေးနှစ် : ၂၀၀၉ ၊ ၁၉၉၇ ၊ ၁၉၈၅ ၊ ၁၉၇၃ ၊ ၁၉၆၁ ၊ ၁၉၄၉ ၊ ၁၉၃၇ ၊ ၁၉၂၅ ၊ ၁၉၁၃

နွားနှစ်ဖွားများတွေဟာ သမာသမတ်ရှိသူများဖြစ်ပြီး သစ္စာထားတတ်သူများ ဖြစ်ပါတယ်။ အမျှော်အမြင်နဲ့ပြည့်စုံတဲ့သူတွေဖြစ်သလို စိတ်ဓာတ်ခိုင်မာပြီး ဇွဲနပဲကြီးစွာ လုပ်ကိုင်တတ်သူများလည်း ဖြစ်ကြပါတယ်။ နွားနှစ်ဖွား ကျော်ကြားသူတွေကတော့ Wayne Rooney (၁၉၈၅)နဲ့ Barack Obama(၁၉၆၁) တို့ ဖြစ်ပါတယ်။

ကျားနှစ်

မွေးနှစ် : ၂၀၁၀ ၊ ၁၉၉၈ ၊ ၁၉၈၆ ၊ ၁၉၇၄ ၊ ၁၉၆၂ ၊ ၁၉၅၀ ၊ ၁၉၃၈ ၊ ၁၉၂၆ ၊ ၁၉၁၄

ကျားနှစ်ဖွားတွေကတော့ ရဲရင့်ထက်မြက်ပြီး ရည်မှန်းချက် ကြီးသူများဖြစ်ကြပါတယ်။ ယုံကြည်ချက် ပြည့်ဝသူများလည်းဖြစ်တာကြောင့် သြဇာတိက္ကမကြီးကာ ဦးဆောင်နိုင်စွမ်း မြင့်မားသူတွေလို့လည်း ဆိုနိုင်ပါတယ်။ ကျားနှစ်ဖွား ကျော်ကြားသူတွေကတော့ Leonardo DiCaprio (၁၉၇၄) ၊ Bill Murray (၁၉၅၀) နဲ့ အဲလီဇဘက်ဘုရင်မကြီး (၁၉၂၆) တို့ဖြစ်ပါတယ်။

ယုန်နှစ်

မွေးနှစ် : ၂၀၁၁ ၊ ၁၉၉၉ ၊ ၁၉၈၇ ၊ ၁၉၇၅ ၊ ၁၉၆၃ ၊ ၁၉၅၁ ၊ ၁၉၃၉ ၊ ၁၉၂၇ ၊ ၁၉၁၅

ယုန်နှစ်ဖွားတွေဟာ ယုံကြည်ထိုက်သူများဖြစ်ပြီး ဂရုဏာစိတ် ကြီးမားတဲ့သူပါ။ လိမ္မာပါးနပ်သူများဖြစ်သလို နှိမ့်ချရို့ကျိုးတတ်တဲ့ စိတ်ထားပိုင်ရှင်များလည်းဖြစ်ပါတယ်။ လူတွေနဲ့ချစ်ခင်ရင်းနှီးစွာ နေထိုင်တတ်သူဖြစ်ပြီး နွေးထွေးစွာစောင့်ရှောက်တတ်သူတွေဟာ ယုန်နှစ်ဖွားတွေပါ။ ယုန်နှစ်ဖွားကျော်ကြားသူများကတော့ Angelina Jolie (၁၉၇၅)၊ Robin Williams (၁၉၅၁)၊ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅) တို့ဖြစ်ပါတယ်။

နဂါးနှစ်

မွေးနှစ် : ၂၀၁၂ ၊ ၂၀၀၀ ၊ ၁၉၈၈ ၊ ၁၉၇၆ ၊ ၁၉၆၄ ၊ ၁၉၅၂ ၊ ၁၉၄၀ ၊ ၁၉၂၈ ၊ ၁၉၁၆

နဂါးနှစ်တွင်မွေးဖွားသူတွေဟာ ကံကောင်းကြသူတွေလို့ဆိုပါတယ်။ ထူးခြားတဲ့စရိုက်ရှိသူများဖြစ်ပြီး စိတ်သဘောထားပျော့ပြောင်းသူတွေပါ။ စိတ်ကူးတီထွင်နိုင်စွမ်းနဲ့ အနုပညာပါရမီရှိတဲ့အပြင် သြဇာကြီးတဲ့သူတွေလည်းဖြစ်ကြပါတယ်။ နဂါးနှစ်ဖွား ထင်ရှားသူတွေကတော့ Benedict Cumberbatch (၁၉၇၆) ၊ Keanu Reeves (၁၉၆၄) တို့ပဲဖြစ်ပါတယ်။

မြွေနှစ်

မွေးနှစ် : ၂၀၁၃ ၊ ၂၀၀၁ ၊ ၁၉၈၉ ၊ ၁၉၇၇ ၊ ၁၉၆၅ ၊ ၁၉၅၃ ၊ ၁၉၄၁ ၊ ၁၉၂၉ ၊ ၁၉၁၇

မြွေနှစ်ဖွားတွေဟာ ဒဿနဆန်သူများဖြစ်ပါတယ်။ ထိုးထွင်းနိုင်စွမ်းမြင့်မားကြပြီး သိုသိပ်သပ်ရပ်စွာ နေထိုင်တတ်သူများလည်းဖြစ်ကြပါတယ်။ အာရုံစူးစိုက်မှု အားကောင်းပြီး ဆုံးဖြတ်ချက်ပြတ်သားသူတွေဟာ မြွေနှစ်ဖွားတွေပဲ ဖြစ်ကြပါတယ်။ ထင်ရှားတဲ့မြွေနှစ်ဖွားတွေကတော့ Taylor Swift(၁၉၈၉) နဲ့ Sir Alex Ferguson (၁၉၄၁) တို့ဖြစ်ပါတယ်။

မြင်းနှစ်

မွေးနှစ် : ၂၀၁၄ ၊ ၂၀၀၂ ၊ ၁၉၉၀ ၊ ၁၉၇၈ ၊ ၁၉၆၆ ၊ ၁၉၅၄ ၊ ၁၉၄၂ ၊ ၁၉၃၀ ၊ ၁၉၁၈

မြင်းနှစ်ဖွားတွေဟာ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်သူများဖြစ်ပါတယ်။ သစ္စာထားတတ်သူများဖြစ်သလို ရဲရင့်ကြသူတွေပါ။ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်သူများဖြစ်ကြပြီး ရည်မှန်းချက်ကြီးကြီးနဲ့ ကြံ့ကြံ့ခိုင်စွန့်စားတတ်ကြသူတွေဟာ မြင်းနှ်စ်ဖွားတွေပဲဖြစ်ပါတယ်။ မြင်းနှစ်ဖွားထင်ရှားသူတွေကတော့ James Corden (၁၉၇၈) နဲ့ Emma Watson (၁၉၉၀) တို့ပဲဖြစ်ပါတယ်။

သိုးနှစ်

မွေးနှစ် : ၂၀၁၅ ၊ ၂၀၀၃ ၊ ၁၉၉၁ ၊ ၁၉၇၉ ၊ ၁၉၆၇ ၊ ၁၉၅၅ ၊ ၁၉၄၃ ၊ ၁၉၃၁ ၊ ၁၉၁၉

သိုးနှစ်ဖွားတို့ဟာ အဆင်းအင်္ဂါလှပသူများဖြစ်ကြပြီး ပါးရည်နပ်ရည်နဲ့ လည်လည်ဝယ်ဝယ် ရှိသူများဖြစ်ပါတယ်။ အေးဆေးနွေးထွေးပြီး ချစ်စရာကောင်းသူများဖြစ်ကြသလို ဆဌမအာရုံပိုင်ရှင်များလည်းဖြစ်ကြပါတယ်။ ထင်ရှားတဲ့သိုးနှစ်ဖွားများဟာ Chris Pratt(၁၉၇၉) နဲ့ Bill Gates (၁၉၅၅) တို့ဖြစ်ပါတယ်။

မျောက်နှစ်

မွေးနှစ် : ၂၀၁၆ ၊ ၂၀၀၄ ၊ ၁၉၉၂ ၊ ၁၉၈၀ ၊ ၁၉၆၈ ၊ ၁၉၅၆ ၊ ၁၉၄၄ ၊ ၁၉၃၂ ၊ ၁၉၂၀

မျောက်နှစ်ဖွားတွေဟာ ဉာဏ်ရွှင်သူများဖြစ်ကြပြီး သွက်လက်ချက်ချာကြသူတွေဖြစ်ပါတယ်။ နှစ်လိုဖွယ်ကောင်းပြီး ဗဟုသုတကြွယ်ဝသူများလည်းဖြစ်ကြပါတယ်။ ထက်မြက်ပြီး ကံကောင်းတတ်သူတွေထဲမှာ မျောက်နှစ်ဖွားတွေလည်းအပါအဝင်ပါ။ ကျော်ကြားတဲ့ မျောက်နှစ်ဖွားတွေဟာ Kim Kardashian (၁၉၈၀) နဲ့ Hugh Jackman (၁၉၆၈) နဲ့ George Lucas (၁၉၄၄) တို့ဖြစ်ပါတယ်။

ကြက်နှစ်

မွေးနှစ် : ၂၀၁၇ ၊ ၂၀၀၅ ၊ ၁၉၉၃ ၊ ၁၉၈၁ ၊ ၁၉၆၉ ၊ ၁၉၅၇ ၊ ၁၉၄၅ ၊ ၁၉၃၃ ၊ ၁၉၂၁

ကြက်နှစ်ဖွားတွေဟာ ရိုးသားတက်ကြွသူတွေပါ။ ဉာဏ်ကောင်းပြီး ဝါကြွားလိုစိတ် ရှိသူများလည်းဖြစ်ပါတယ်။ ယုံကြည်ချက်ပြည့်ဝသူများဖြစ်ပြီး အများတကာလိုမဟုတ်ပဲ တမူထူးခြားတဲ့ ဗီဇပိုင်ရှင်များဖြစ်ပါတယ်။ ကြက်နှစ်ဖွားကျော်ကြားသူတွေကတော့ Beyonce (၁၉၈၁)နဲ့ Jack Black (၁၉၆၉) တို့ဖြစ်ပါတယ်။

ခွေးနှစ်

မွေးနှစ် : ၂၀၁၈ ၊ ၂၀၀၆ ၊ ၁၉၉၄ ၊ ၁၉၈၂ ၊ ၁၉၇၀ ၊ ၁၉၅၈ ၊ ၁၉၄၆ ၊ ၁၉၃၄ ၊ ၁၉၂၂

ခွေးနှစ်ဖွားတွေဟာ သစ္စာရှိသူများဖြစ်ပါတယ်။ ရဲရင့်သူတွေ ဖြစ်ကြသလို လူမှုဆက်ဆံရေး ကောင်းမွန်သူများလည်းဖြစ်ပါတယ်။ ကြံ့ခိုင်ပြီး ဘဝကိုပျော်ပျော်နေလိုစိတ်ရှိသူတွေဟာ ခွေးနှစ်ဖွားတွေပါ။ လုံ့လဝီရီယရှိသူများဖြစ်ကြပြီး သိလွယ်တတ်လွယ်သူများလည်းဖြစ်ပါတယ်။ ထင်ရှားတဲ့ခွေးနှစ်ဖွားတွေကတော့ Matt Damon(၁၉၇၀) နဲ့ Michael Jackson (၁၉၅၈) တို့ဖြစ်ပါတယ်။

ဝက်နှစ်

မွေးနှစ် : ၂၀၁၉ ၊ ၂၀၀၇ ၊ ၁၉၉၅ ၊ ၁၉၈၃ ၊ ၁၉၇၁ ၊ ၁၉၅၉ ၊ ၁၉၄၇ ၊ ၁၉၃၅ ၊ ၁၉၂၃

ဝက်နှစ်သမားတွေဟာ ရိုးသားပြီး အကောင်းမြင်စိတ်ထားရှိကြသူတွေပါ။ ဆုံးဖြတ်ချက်ခိုင်မာတဲ့သူများဖြစ်တဲ့အပြင် အများနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်သူများလည်းဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းပြီး နှစ်လိုဖွယ်ရာ စိတ်ထားပိုင်ရှင်တွေကတော့ ဝက်နှစ်ဖွားတွေပဲဖြစ်ပါတယ်။ ထင်ရှားတဲ့ဝက်နှစ်ဖွားတွေကတော့ David Walliams (၁၉၇၁) နဲ့ Simon Cowell (၁၉၅၉) တို့ဖြစ်ကြပါတယ်။

Credit:လင်းလင်း (ShweMom)

Written by admin