မမုန္းနိုင္တဲ့ မိန္းကေလးတေယာက္ကို လမ္းခြဲစကား  မေျပာပါနဲ႔

မိန္းကေလးဆိုတာ

(၁) ေယာက်ာ္းေတြကို မုန္းတယ္လို႔ ခဏခဏ ထုတ္ေဖာ္ေျပာတတ္တဲ့ ေကာင္မေလးမွာ အရမ္းခ်စ္ခဲ့ရတဲ့ ေယာက်ာ္းတေယာက္ ရွိခဲ့ဖူးတယ္ …

(၂) ခ်စ္တဲ့သူကို လြန္လြန္ကဲကဲ မ်က္စိေအာက္က အေပ်ာက္မခံတြယ္တာတတ္ စကားတခြန္းေလးေတာင္ အမွားမခံ ဝမ္းနည္းေၾကကြဲတတ္တဲ့ မိန္းကေလးေတြဟာ ကေလးဆန္တာလို႔ ထင္ရေကာင္း ထင္ရေပမယ့္ တကယ္ေတာ့ သူ႔ဘဝမွာ လူမသိသူမသိ ၾကိတ္ခံစားေနရတဲ့ ဆံုးရံႈးမႈေတြ အားငယ္မႈေတြ မျပည့္စံုမႈေတြ ရွိခဲ့ဖူးတတ္တယ္ … ဒါေၾကာင့္လည္း ကိုယ္ခ်စ္တဲ့သူကို လိုတာထက္ပိုျပီး ဆံုးရႈံးရမွာ ေၾကာက္ေနတတ္တာပါ …

(၃) သင္ထင္မွတ္ မထားေလာက္ေအာင္အထိ မိန္းကေလးေတြက ထိရွလြယ္တယ္ …သင့္ရဲ့ ဘာမဟုတ္တ့ဲ စကားလံုး ဒါမွမဟုတ္ အျပဳအမူေလးတခုေၾကာင့္ အရမ္းေပ်ာ္ေနတတ္သလို အရမ္းလည္း ေၾကကြဲေနတတ္တယ္ … ဘာမဟုတ္တာေလးကို အဲ့ေလာက္ထိခံစားမေနပါနဲ႔ကြာလို႔ သေဘာပါတဲ့ စကားလံုး / အျပဳအမူနဲ႔ မတံု႔ျပန္ပါနဲ႔ … သူသင့္အခ်စ္ကို မယံုမၾကည္ ျဖစ္တတ္တယ္ … ပိုဝမ္းနည္းသြားတတ္တယ္ …

(၄) တခါတေလ သင့္ေကာင္မေလးက မ်က္နွာလည္းမေကာင္း စကားလည္းမေျပာဘဲ မ်က္ရည္က်ေနတ့ဲအခ်ိန္ ဘာေတြခံစားေနရလည္း ကို႔ကိုေျပာေလ လို႔ ေမးၾကည့္မိလိမ့္မယ္ … သူ႔ဘက္က ဘာမွမျဖစ္ပါဘူး လို႔ေျပာျပီး သူတေယာက္တည္း ဆက္ခံစားေနတဲ့အခါ ငါကမင္းခ်စ္သူပဲ ဘာျဖစ္လို႔တေယာက္တည္း က်ိတ္ခံစားေနရမွာလဲ ငါ့ကိုေျပာဆိုျပီး သြားမေပါက္ကြဲလိုက္နဲ႔ဦး … အေျခအေန ပိုဆိုးသြားမယ္ … ဘာမွဆက္မေျပာဘဲ သူ႔ကို ေဖးေဖးမမ ေထြးေပြ႔ထားလိုက္ပါ … Ok သြားပါလိမ့္မယ္ …

(၅) Facebook ေပၚ သူတင္ထားတဲ့post ေတြ photo ေတြမွာ သူသင့္ကို ေျပာျပခ်င္တဲ့ ခံစားခ်က္ေတြ ရွိေနတတ္တယ္ ဆိုတာကိုလည္း မေမ့ပါနဲ႔ဦး …

(၆) သင့္ဂရုစိုက္မႈကို ရဖို႔အတြက္ သင့္ခ်စ္သူေကာင္မေလးက နည္းလမ္းမ်ိဳးစံု သံုးတတ္တယ္ (မ်ားလြန္းလို႔ ေရးမျပေတာ့ဘူး) … တခ်ိဳ႔မိန္းကေလးေတြက ပညာသားပါပါသံုးတတ္သလို … တခ်ိဳ႔မိန္းကေလးေတြက မိုက္ရူးရဲဆန္တတ္ၾကတယ္ …(ကိုယ့္ကိုယ္ကို အနစ္နာခံအထိခိုက္ခံျပီး လုပ္တာမ်ိဳးေတြေပါ့)ပထမနည္းကသာ အေကာင္းဆံုး ျဖစ္ပါတယ္

(၇) တခ်ိဳ႕မိန္းကေလးေတြကအခ်စ္စမ္းတတ္တယ္ … သူ႔သူငယ္ခ်င္းကို အကူအညီေတာင္းျပီး သင့္အခ်စ္ကို စမ္းတတ္တာမ်ိဳးေပါ့ … ငါ့အခ်စ္ကို မယံုတာလား ဘာညာဘာညာ မျဖစ္နဲ႔တသက္လံုးေပါင္းရမယ့္ ေယာက်ာ္းအေပၚ ယံုၾကည္သင့္ မယံုၾကည္သင့္ ဒီေလာက္ေတာ့ သူစမ္းသင့္တယ္ မဟုတ္လား …

(၈) မိန္းကေလးတေယာက္ ေပ်ာ္ရႊင္ဖို႔ လက္ေဆာင္ေလးေတြလည္း လိုအပ္ပါတယ္ … သင့္ဘက္က မတတ္နိုင္တာမ်ိဳးေတြကို သူ႔ဘက္ကေတာင္းဆိုမွာေတာ့ မဟုတ္ပါဘူး … ဒါေပမယ့္ ဒါငါ့ေကာင္ေလးေပးတာေလဆိုျပီး ၾကြားခ်င္တတ္ေလေတာ့ နည္းနည္းေတာ့ ပိုက္ပိုက္အကုန္ခံရမွာ ျဖစ္ပါတယ္ …

(၉) သင့္ကိုေခါက္ျပီး ေနာက္တေယာက္ တြဲသြားတယ္ဆိုတာ သင္ေကာင္းေပမယ့္ သူသစၥာမရွိတာျဖစ္နိုင္သလို … သင့္ရဲ့ ဥေပကၡာျပဳမႈေတြ အေပၚ သည္းခံမႈ ကုန္ဆံုးသြားတာလည္း ျဖစ္နိုင္ပါတယ္ … သင္ေကာင္းရဲ့သားနဲ႔ သူေနာက္တေယာက္တြဲတာအတြက္ ေၾကကြဲေနဖို႔ မလိုသလို သင္မေကာင္းလို႔ ေနာက္တေယာက္ရွာတဲ့ သူကိုလည္း သစၥာမရွိတဲ့မိန္းမလို႔ ေခါင္းစဥ္တတ္ေနစရာမလိုပါဘူး … ကိုယ့္အေပၚ မေကာင္းတဲ့လူတေယာက္အေပၚ ဘယ္သူမွ ေ႐ွည္ သည္းခံ မေပါင္းနိုင္ဘူးေလ …

(၁၀) သင့္ဘက္က မခ်စ္နိုင္တဲ့ မိန္းကေလးတေယာက္ကိုလည္း ေမ်ွာ္လင့္ခ်က္သြားမေပးသင့္သလိုသင့္ဘက္က မမုန္းနိုင္တဲ့ မိန္းကေလးတေယာက္ကိုလည္းလမ္းခြဲစကား သြားမေျပာပါနဲ႔ …

Credit To Myanmar Ask Online News

မိန်းကလေးဆိုတာ

————————

(၁) ယောကျာ်းတွေကို မုန်းတယ်လို့ ခဏခဏ ထုတ်ဖော်ပြောတတ်တဲ့ ကောင်မလေးမှာ အရမ်းချစ်ခဲ့ရတဲ့ ယောကျာ်းတယောက် ရှိခဲ့ဖူးတယ် …

(၂) ချစ်တဲ့သူကို လွန်လွန်ကဲကဲ မျက်စိအောက်က အပျောက်မခံတွယ်တာတတ် စကားတခွန်းလေးတောင် အမှားမခံ ဝမ်းနည်းကြေကွဲတတ်တဲ့ မိန်းကလေးတွေဟာ ကလေးဆန်တာလို့ ထင်ရကောင်း ထင်ရပေမယ့် တကယ်တော့ သူ့ဘဝမှာ လူမသိသူမသိ ကြိတ်ခံစားနေရတဲ့ ဆုံးရှုံးမှုတွေ အားငယ်မှုတွေ မပြည့်စုံမှုတွေ ရှိခဲ့ဖူးတတ်တယ် … ဒါကြောင့်လည်း ကိုယ်ချစ်တဲ့သူကို လိုတာထက်ပိုပြီး ဆုံးရှုံးရမှာ ကြောက်နေတတ်တာပါ …


(၃) သင်ထင်မှတ် မထားလောက်အောင်အထိ မိန်းကလေးတွေက ထိရှလွယ်တယ် …သင့်ရဲ့ ဘာမဟုတ်တဲ့ စကားလုံး ဒါမှမဟုတ် အပြုအမူလေးတခုကြောင့် အရမ်းပျော်နေတတ်သလို အရမ်းလည်း ကြေကွဲနေတတ်တယ် … ဘာမဟုတ်တာလေးကို အဲ့လောက်ထိခံစားမနေပါနဲ့ကွာလို့ သဘောပါတဲ့ စကားလုံး / အပြုအမူနဲ့ မတုံ့ပြန်ပါနဲ့ … သူသင့်အချစ်ကို မယုံမကြည် ဖြစ်တတ်တယ် … ပိုဝမ်းနည်းသွားတတ်တယ် …

(၄) တခါတလေ သင့်ကောင်မလေးက မျက်နှာလည်းမကောင်း စကားလည်းမပြောဘဲ မျက်ရည်ကျနေတဲ့အချိန် ဘာတွေခံစားနေရလည်း ကို့ကိုပြောလေ လို့ မေးကြည့်မိလိမ့်မယ် … သူ့ဘက်က ဘာမှမဖြစ်ပါဘူး လို့ပြောပြီး သူတယောက်တည်း ဆက်ခံစားနေတဲ့အခါ ငါကမင်းချစ်သူပဲ ဘာဖြစ်လို့တယောက်တည်း ကျိတ်ခံစားနေရမှာလဲ ငါ့ကိုပြောဆိုပြီး သွားမပေါက်ကွဲလိုက်နဲ့ဦး … အခြေအနေ ပိုဆိုးသွားမယ် … ဘာမှဆက်မပြောဘဲ သူ့ကို ဖေးဖေးမမ ထွေးပွေ့ထားလိုက်ပါ … Ok သွားပါလိမ့်မယ် …

(၅) Facebook ပေါ် သူတင်ထားတဲ့post တွေ photo တွေမှာ သူသင့်ကို ပြောပြချင်တဲ့ ခံစားချက်တွေ ရှိနေတတ်တယ် ဆိုတာကိုလည်း မမေ့ပါနဲ့ဦး …

(၆) သင့်ဂရုစိုက်မှုကို ရဖို့အတွက် သင့်ချစ်သူကောင်မလေးက နည်းလမ်းမျိုးစုံ သုံးတတ်တယ် (များလွန်းလို့ ရေးမပြတော့ဘူး) … တချို့မိန်းကလေးတွေက ပညာသားပါပါသုံးတတ်သလို … တချို့မိန်းကလေးတွေက မိုက်ရူးရဲဆန်တတ်ကြတယ် …(ကိုယ့်ကိုယ်ကို အနစ်နာခံအထိခိုက်ခံပြီး လုပ်တာမျိုးတွေပေါ့)ပထမနည်းကသာ အကောင်းဆုံး ဖြစ်ပါတယ်

(၇) တချို့မိန်းကလေးတွေကအချစ်စမ်းတတ်တယ် … သူ့သူငယ်ချင်းကို အကူအညီတောင်းပြီး သင့်အချစ်ကို စမ်းတတ်တာမျိုးပေါ့ … ငါ့အချစ်ကို မယုံတာလား ဘာညာဘာညာ မဖြစ်နဲ့တသက်လုံးပေါင်းရမယ့် ယောကျာ်းအပေါ် ယုံကြည်သင့် မယုံကြည်သင့် ဒီလောက်တော့ သူစမ်းသင့်တယ် မဟုတ်လား …

(၈) မိန်းကလေးတယောက် ပျော်ရွှင်ဖို့ လက်ဆောင်လေးတွေလည်း လိုအပ်ပါတယ် … သင့်ဘက်က မတတ်နိုင်တာမျိုးတွေကို သူ့ဘက်ကတောင်းဆိုမှာတော့ မဟုတ်ပါဘူး … ဒါပေမယ့် ဒါငါ့ကောင်လေးပေးတာလေဆိုပြီး ကြွားချင်တတ်လေတော့ နည်းနည်းတော့ ပိုက်ပိုက်အကုန်ခံရမှာ ဖြစ်ပါတယ် …

(၉) သင့်ကိုခေါက်ပြီး နောက်တယောက် တွဲသွားတယ်ဆိုတာ သင်ကောင်းပေမယ့် သူသစ္စာမရှိတာဖြစ်နိုင်သလို … သင့်ရဲ့ ဥပေက္ခာပြုမှုတွေ အပေါ် သည်းခံမှု ကုန်ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ် … သင်ကောင်းရဲ့သားနဲ့ သူနောက်တယောက်တွဲတာအတွက် ကြေကွဲနေဖို့ မလိုသလို သင်မကောင်းလို့ နောက်တယောက်ရှာတဲ့ သူကိုလည်း သစ္စာမရှိတဲ့မိန်းမလို့ ခေါင်းစဉ်တတ်နေစရာမလိုပါဘူး … ကိုယ့်အပေါ် မကောင်းတဲ့လူတယောက်အပေါ် ဘယ်သူမှ ရှေည် သည်းခံ မပေါင်းနိုင်ဘူးလေ …

(၁၀) သင့်ဘက်က မချစ်နိုင်တဲ့ မိန်းကလေးတယောက်ကိုလည်း မျှော်လင့်ချက်သွားမပေးသင့်သလိုသင့်ဘက်က မမုန်းနိုင်တဲ့ မိန်းကလေးတယောက်ကိုလည်းလမ်းခွဲစကား သွားမပြောပါနဲ့ …

Credit To Myanmar Ask Online News

Written by admin