Single မိန္းကေလးေတြအတြက္ RS အၾကံေပးခ်က္ ၇ ခ်က္

Single မိန္းကေလးေတြအတြက္ RS အၾကံေပးခ်က္ ၇ ခ်က္

စုံတြဲေတြနဲ႔ ျပည့္နွက္ေနတဲ့ ေလာကၾကီးထဲမွာ single မိန္းကေလး တေယာက္ျဖစ္ရတာဟာ တကယ္ေတာ့ စိတ္ထဲ ကသိကေအာက္ ျဖစ္စရာေကာင္းလွပါတယ္။ တခါတရံမွာ “ငါမ်ား ကံမေကာင္းလို႔ ဘယ္သူမွမၾကိဳက္တာလား” လို႔ေတာင္ ေတြးထင္မိစရာပါပဲ။ ဒါေပမယ့္ ကိုယ့္ကုိကုိယ္ ျပန္ၾကည့္လုိက္ေတာ့လဲ ကုိယ္ဟာ အျပစ္အနာဆာလဲ မရွိ။ ဒီလိုဆိုရင္ေတာ့ ဒီ အၾကံေပးခ်က္ေလးေတြအတုိင္း လုိက္လုပ္ၾကည့္လို႔ မမွားဘူးေနာ္..။

၁။ အမ်ားၾကီးမေတြးနဲ႔

Sis တို႔ single ျဖစ္ေနတဲ့ အခ်ိန္မွာ သူငယ္ခ်င္း ကာပယ္ေတြက ၾကည္နဴးေနတာျမင္ရတဲ့အခါ “ဘာေၾကာင့္မ်ား ငါနဲ႔ သင့္ေတာ္တဲ့သူတေယာက္ကို ရွာဖုိ႔ မလုပ္မိတာပါလိမ့္” လို႔ တခါတရံမွာ ေတြးေနမိတတ္ပါတယ္။ အမ်ားၾကီး မေတြးပဲနဲ႔ ကိုယ့္ကုိ တြဲဖို႔ လာေျပာတဲ့သူရွိရင္ အရမ္းၾကီး မေ၀ဖန္ပစ္ပဲ ၊ အေရြးလြန္မေနပဲ သူနဲ႔ တခါေလာက္ ခ်ိန္းေတြ႔ၾကည့္လုိက္သင့္ပါတယ္။ စိတ္ကို လြတ္လပ္ေအာင္ထားပါ။ ေနာက္ ပိုျပီးအေရးၾကီးတာက ဘာမဟုတ္တဲ့ အေသးေလးေတြကအစ လုိက္ျပီး မစီစစ္ေနပါနဲ႔။ ဒါ အပ်ိဳၾကီးအက်င့္ေတြပါ။ ဒီအတိုင္း ရိုးရိုးေလးနဲ႔ ပထမ ေလး ငါး ပတ္ေလာက္ကို တြဲၾကည့္လိုက္ပါ။

၂။ သူ႔ကုိ ထိန္းခ်ဳပ္ခြင့္ေလး အနည္းငယ္ေပးလုိက္ပါ

အခုလို႔ ကိုယ့္နဲ႔ စတြဲေနတဲ့ ေကာင္ေလးကို ထိန္းခ်ဳပ္ခြင့္ အနည္းငယ္ေပးလုိက္ျခင္းဟာ ဘာမွ မၾကီးက်ယ္လြန္းလွပါဘူး။ ေယာက်္ားတေယာက္အတြက္ေတာ့ Sis တုိ႔ကို ဂရုတစိုက္နဲ႔ လိုက္ျပီး ၾကည့္ရွဳေပးေနရတာကိုက သူတို႔ကို ေယာက္်ားဆန္ခြင့္ေပးလိုက္တာပါပဲ။ သူ႔ကို သင့္အေပၚ ခ်စ္လာေစခ်င္ရင္ ထိန္းခ်ဳပ္ခြင့္အနည္းငယ္ေပးလိုက္ပါ။ သင့္အနားမွာလာေနတဲ့အခါ သူ႔ကိုသူ အသုံးမက်ျဖစ္ေစမယ့္ ခံစားမႈမ်ိဳးကို မေပးပါနဲ႔။

၃။ မနႈိင္းပါနဲ႔

ဒီ တေယာက္နဲ႔ တြဲေနျပီးေတာ့ အရင္က တေယာက္နဲ႔ တြဲသလို RS မ်ိဳးကို တပုံစံထဲ မဖန္တီးခ်င္ပါနဲ႔။ ဒါဟာ သူ႔ကုိ ေစာ္ကားလုိက္တာနဲ႔အတူတူပါပဲ။ အကယ္လို႔ အရင္ရည္းစားေဟာငး္နဲ႔ တပုံစံထဲတူတဲ့ သူကို ရွာေနမယ္ဆုိရင္ အရင္ရည္းစားေဟာင္းလို အခ်ိဳးမ်ိဳးနဲ႔ပဲ Sis တို႔ ၾကဳံေတြ႔ရပါလိမ့္မယ္။ ဒါေတြအစား အခုတြဲေနတဲ့သူဆီမွာ Sis တုိ႔ စိတ္ကူးထဲက ေယာက်္ားရဲ႕ အရည္ခ်င္းေလးေတြရွိေနမလား ရွာၾကည့္လိုက္ပါ။

၄။ စိတ္ထင္ရာေတြနဲ႔ ဒရမ္မာမခ်ိဳးပါနဲ႔

ဘယ္ေတာ့မွ စိတ္ထင္ရာေတြနဲ႔ လိုက္မစြပ္ဆြဲလုိက္ပါနဲ႔ ၊ ဒရမ္မာခ်ိဳးေတြ အရမ္းမခ်ိဳးပါနဲ႔။ အဲ့လိုလုပ္တာဟာ သူ႔ကုိ အာရုံေတြ အသားကုန္ေနာက္ေစျပီး ေနာက္ဆုံး Sis တုိ႔ကုိ ထားသြားပါလိမ့္မယ္။ ဒါေတြအစား သိခ်င္တာကို တည့္တည့္သာေမးပါ။ ဘယ္လိုခံစားေနရသလဲကို တည့္တည့္သာေျပာပါ။ (အမွန္တိုင္း၀န္ခံပါ့မယ္ ၊ ေယာက်္ားအမ်ားစုဟာ မိန္းကေလးစိတ္နဲ႔ ပတ္သတ္ရင္ ခပ္တုံးတုံးခပ္အအ ေတြက မ်ားပါတယ္။ ဒီေတာ့ ျဖစ္နုိင္ရင္ တည့္တည့္သာေျပာပါ။)

၅။ အရမ္းအလိုလိုက္ခံခ်င္ျခင္း

ဒါမ်ိဳးဘယ္ေတာ့မွ မလုပ္ပါနဲ႔။ အေၾကာင္းက ေယာက်ာ္းေလးေတြက သူတုိ႔ သေဘာက်တဲ့ေကာင္မေလးကို အလုိလုိက္ေပးရတာ စိတ္ခ်မ္းသာတတ္ၾကပါတယ္။ ၾကည္လဲၾကည္နူးၾကပါတယ္။ ကုိ္ယ့္တဖက္ထဲပဲ ၾကည့္ျပီး အသားလြတ္ၾကီး အလုိလိုက္ခံခ်င္ေနတာမ်ိဳးကိုေတာ့ ဘယ္ေယာက်္ားေလးမွ မခံခ်င္ပါဘူး။ အဲ့လို ေယာက်္ားကို ေမွ်ာ္ေနရင္ေတာ့ Sis ေရ သီလရွင္သာ ၀တ္လိုက္ပါ။

၆။ အတက္အက် အနိမ့္အျမင့္ကို လက္ခံပါ

မိန္းကေလးေတြရဲ႕ ဘ၀မွာ စစ္မွန္တဲ့ မင္းသားေလးနဲ႔ မေတြ႔ရခင္ ဖားျပဳတ္ၾကီးေတြကုိ မင္းသားအမွတ္နဲ႔ နမ္းရွိဳက္ခဲ့ၾကဖူးပါတယ္။ ဒါဟာ အမွန္တရားပါ။ အဲ့ ဖားျပဳပ္ေတြကုိ နမ္းခဲ့ရလုိ႔ ေယာက္်ားေတြအေပၚ အျမင္ေစာင္းေနမယ္ဆိုရင္ေတာ့ အဆင္မေျပလွပါဘူး။ Sis တုိ႔စိတ္ကူးထားသလို ကုိယ္နဲ႔တြဲတဲ့ ေကာင္ေလးတိုင္းဟာ ဒစ္စေန ကာတြန္း မင္းသားေလးေတြလို ျဖစ္မယ္လို႔ ေတြးထင္ေနရင္ေတာ့ Sis တုိ႔ ရည္းစားမရွာသင့္ပါဘူး။ စိတ္က်န္းမာေရး ဆရာ၀န္ရွာဖုိ႔ လိုေနပါျပီ။

အတတ္နိုင္ဆုံး လက္ေတြ႔က်ပါေစ ။ တျပိဳင္နက္ထဲမွာပဲ အေကာင္းျမင္တတ္ပါေစ။ အရင္က မေကာင္းခဲ့တဲ့ Ex ေတြနဲ႔ အေတြ႔အၾကဳံ ေတြကုိ မေကာင္းတဲ့ သင္ခန္းစာလို႔မွတ္ျပီး ေရွ႕ဆက္ပါလုိ႔ပဲ ဆိုခ်င္ပါတယ္။

၇။ ကုိယ့္ရဲ႕ ေနထိုင္မႈပုံစံကုိ အတုမလုပ္ပါနဲ႔

ကုိယ့္ရဲ႕ ဘ၀ေနထုိင္မႈပုံစံကို အတုလုပ္ျပီး ေကာင္ေလး တေယာက္ကိုခ်ဥ္းကပ္တာက အစပုိင္းေတာ့ အဆင္ေျပေစလိ့မ္မွာျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ ဘယ္လိုမွ အဆင္ေျပလာမွမဟုတ္ပါဘူး။ တဦးနဲ႔ တဦးပုံစံမတူတဲ့အခါ ဘယ္ေလာက္ပဲ အခ်စ္လုိ႔ နာမည္တပ္တပ္ ေရွ႕ဆက္လုိ႔ မရေတာ့တာေတြ အမ်ားၾကီးပါ။ ဒီေတာ့ Sis တုိ႔ ျဖစ္နုိင္မယ္ဆိုရင္ ဘယ္ေတာ့မွ ဟန္မေဆာင္ပါနဲ႔။

Single မမေတြကို mention လုိက္ဦးေနာ္..

#RayDaniel_IV

===[Unicode Version]===

စုံတွဲတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ single မိန်းကလေး တယောက်ဖြစ်ရတာဟာ တကယ်တော့ စိတ်ထဲ ကသိကအောက် ဖြစ်စရာကောင်းလှပါတယ်။ တခါတရံမှာ “ငါများ ကံမကောင်းလို့ ဘယ်သူမှမကြိုက်တာလား” လို့တောင် တွေးထင်မိစရာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့လဲ ကိုယ်ဟာ အပြစ်အနာဆာလဲ မရှိ။ ဒီလိုဆိုရင်တော့ ဒီ အကြံပေးချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်လို့ မမှားဘူးနော်..။

၁။ အများကြီးမတွေးနဲ့

Sis တို့ single ဖြစ်နေတဲ့ အချိန်မှာ သူငယ်ချင်း ကာပယ်တွေက ကြည်နူးနေတာမြင်ရတဲ့အခါ “ဘာကြောင့်များ ငါနဲ့ သင့်တော်တဲ့သူတယောက်ကို ရှာဖို့ မလုပ်မိတာပါလိမ့်” လို့ တခါတရံမှာ တွေးနေမိတတ်ပါတယ်။ အများကြီး မတွေးပဲနဲ့ ကိုယ့်ကို တွဲဖို့ လာပြောတဲ့သူရှိရင် အရမ်းကြီး မဝေဖန်ပစ်ပဲ ၊ အရွေးလွန်မနေပဲ သူနဲ့ တခါလောက် ချိန်းတွေ့ကြည့်လိုက်သင့်ပါတယ်။ စိတ်ကို လွတ်လပ်အောင်ထားပါ။ နောက် ပိုပြီးအရေးကြီးတာက ဘာမဟုတ်တဲ့ အသေးလေးတွေကအစ လိုက်ပြီး မစီစစ်နေပါနဲ့။ ဒါ အပျိုကြီးအကျင့်တွေပါ။ ဒီအတိုင်း ရိုးရိုးလေးနဲ့ ပထမ လေး ငါး ပတ်လောက်ကို တွဲကြည့်လိုက်ပါ။

၂။ သူ့ကို ထိန်းချုပ်ခွင့်လေး အနည်းငယ်ပေးလိုက်ပါ

အခုလို့ ကိုယ့်နဲ့ စတွဲနေတဲ့ ကောင်လေးကို ထိန်းချုပ်ခွင့် အနည်းငယ်ပေးလိုက်ခြင်းဟာ ဘာမှ မကြီးကျယ်လွန်းလှပါဘူး။ ယောကျ်ားတယောက်အတွက်တော့ Sis တို့ကို ဂရုတစိုက်နဲ့ လိုက်ပြီး ကြည့်ရှုပေးနေရတာကိုက သူတို့ကို ယောက်ျားဆန်ခွင့်ပေးလိုက်တာပါပဲ။ သူ့ကို သင့်အပေါ် ချစ်လာစေချင်ရင် ထိန်းချုပ်ခွင့်အနည်းငယ်ပေးလိုက်ပါ။ သင့်အနားမှာလာနေတဲ့အခါ သူ့ကိုသူ အသုံးမကျဖြစ်စေမယ့် ခံစားမှုမျိုးကို မပေးပါနဲ့။

၃။ မနှိုင်းပါနဲ့

ဒီ တယောက်နဲ့ တွဲနေပြီးတော့ အရင်က တယောက်နဲ့ တွဲသလို RS မျိုးကို တပုံစံထဲ မဖန်တီးချင်ပါနဲ့။ ဒါဟာ သူ့ကို စော်ကားလိုက်တာနဲ့အတူတူပါပဲ။ အကယ်လို့ အရင်ရည်းစားဟောင်းနဲ့ တပုံစံထဲတူတဲ့ သူကို ရှာနေမယ်ဆိုရင် အရင်ရည်းစားဟောင်းလို အချိုးမျိုးနဲ့ပဲ Sis တို့ ကြုံတွေ့ရပါလိမ့်မယ်။ ဒါတွေအစား အခုတွဲနေတဲ့သူဆီမှာ Sis တို့ စိတ်ကူးထဲက ယောကျ်ားရဲ့ အရည်ချင်းလေးတွေရှိနေမလား ရှာကြည့်လိုက်ပါ။

၄။ စိတ်ထင်ရာတွေနဲ့ ဒရမ်မာမချိုးပါနဲ့

ဘယ်တော့မှ စိတ်ထင်ရာတွေနဲ့ လိုက်မစွပ်ဆွဲလိုက်ပါနဲ့ ၊ ဒရမ်မာချိုးတွေ အရမ်းမချိုးပါနဲ့။ အဲ့လိုလုပ်တာဟာ သူ့ကို အာရုံတွေ အသားကုန်နောက်စေပြီး နောက်ဆုံး Sis တို့ကို ထားသွားပါလိမ့်မယ်။ ဒါတွေအစား သိချင်တာကို တည့်တည့်သာမေးပါ။ ဘယ်လိုခံစားနေရသလဲကို တည့်တည့်သာပြောပါ။ (အမှန်တိုင်းဝန်ခံပါ့မယ် ၊ ယောကျ်ားအများစုဟာ မိန်းကလေးစိတ်နဲ့ ပတ်သတ်ရင် ခပ်တုံးတုံးခပ်အအ တွေက များပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် တည့်တည့်သာပြောပါ။)

၅။ အရမ်းအလိုလိုက်ခံချင်ခြင်း

ဒါမျိုးဘယ်တော့မှ မလုပ်ပါနဲ့။ အကြောင်းက ယောကျာ်းလေးတွေက သူတို့ သဘောကျတဲ့ကောင်မလေးကို အလိုလိုက်ပေးရတာ စိတ်ချမ်းသာတတ်ကြပါတယ်။ ကြည်လဲကြည်နူးကြပါတယ်။ ကိုယ့်တဖက်ထဲပဲ ကြည့်ပြီး အသားလွတ်ကြီး အလိုလိုက်ခံချင်နေတာမျိုးကိုတော့ ဘယ်ယောကျ်ားလေးမှ မခံချင်ပါဘူး။ အဲ့လို ယောကျ်ားကို မျှော်နေရင်တော့ Sis ရေ သီလရှင်သာ ဝတ်လိုက်ပါ။

၆။ အတက်အကျ အနိမ့်အမြင့်ကို လက်ခံပါ

မိန်းကလေးတွေရဲ့ ဘဝမှာ စစ်မှန်တဲ့ မင်းသားလေးနဲ့ မတွေ့ရခင် ဖားပြုတ်ကြီးတွေကို မင်းသားအမှတ်နဲ့ နမ်းရှိုက်ခဲ့ကြဖူးပါတယ်။ ဒါဟာ အမှန်တရားပါ။ အဲ့ ဖားပြုပ်တွေကို နမ်းခဲ့ရလို့ ယောက်ျားတွေအပေါ် အမြင်စောင်းနေမယ်ဆိုရင်တော့ အဆင်မပြေလှပါဘူး။ Sis တို့စိတ်ကူးထားသလို ကိုယ်နဲ့တွဲတဲ့ ကောင်လေးတိုင်းဟာ ဒစ်စနေ ကာတွန်း မင်းသားလေးတွေလို ဖြစ်မယ်လို့ တွေးထင်နေရင်တော့ Sis တို့ ရည်းစားမရှာသင့်ပါဘူး။ စိတ်ကျန်းမာရေး ဆရာဝန်ရှာဖို့ လိုနေပါပြီ။

အတတ်နိုင်ဆုံး လက်တွေ့ကျပါစေ ။ တပြိုင်နက်ထဲမှာပဲ အကောင်းမြင်တတ်ပါစေ။ အရင်က မကောင်းခဲ့တဲ့ Ex တွေနဲ့ အတွေ့အကြုံ တွေကို မကောင်းတဲ့ သင်ခန်းစာလို့မှတ်ပြီး ရှေ့ဆက်ပါလို့ပဲ ဆိုချင်ပါတယ်။

၇။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို အတုမလုပ်ပါနဲ့

ကိုယ့်ရဲ့ ဘဝနေထိုင်မှုပုံစံကို အတုလုပ်ပြီး ကောင်လေး တယောက်ကိုချဉ်းကပ်တာက အစပိုင်းတော့ အဆင်ပြေစေလိ့မ်မှာဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘယ်လိုမှ အဆင်ပြေလာမှမဟုတ်ပါဘူး။ တဦးနဲ့ တဦးပုံစံမတူတဲ့အခါ ဘယ်လောက်ပဲ အချစ်လို့ နာမည်တပ်တပ် ရှေ့ဆက်လို့ မရတော့တာတွေ အများကြီးပါ။ ဒီတော့ Sis တို့ ဖြစ်နိုင်မယ်ဆိုရင် ဘယ်တော့မှ ဟန်မဆောင်ပါနဲ့။

Single မမတွေကို mention လိုက်ဦးနော်..

#RayDaniel_IV

=========================

လူငယ်တို့အတွက် လူငယ်မီဒီယာ (lunge.media)

သင်ဟာလူငယ်တစ်ယောက်ဆိုရင် Lunge.media လူငယ်မီဒီယာ page ကို Like လုပ်ထားလိုက်ပါ။ သင့်အတွက် ရသဖြစ်စေမယ့် ဆောင်းပါးတွေကို နေ့စဉ်တင်ဆက်ပေးသွားမှာပါ။

Written by admin