သူမကိုချစ်နေမိပြီ”ဆိုတာကို ဘယ်လိုအချိန်တွေမှာ ဖွင့်ပြောသင့်သလဲ

သူမကိုချစ်နေမိပြီ”ဆိုတာကို ဘယ်လိုအချိန်တွေမှာ ဖွင့်ပြောသင့်သလဲ

မိန်းကလေးတစ်ယောက်ကို ချစ်တော့ချစ်နေပြီး ဖွင့်မပြောရဲသေးတဲ့သူတွေအတွက် ဘယ်လိုအချိန်တွေမှာ ဖွင့်ပြောဖို့ အသင့်တော်ဆုံးလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

သူမ စိတ်ကြည်နေတဲ့အချိန်

မိန်းကလေးတွေအများစုရဲ့စိတ်က တက်လိုက်ကျလိုက်ဖြစ်နေတတ်တာပါ။ စိတ်တိုတဲ့အချိန်ဆို တိုပြီး ချက်ချင်းပဲ စိတ်ကြည်သွားတာမျိုးလည်းရှိတယ်။ မိန်းကလေးတွေရဲ့စိတ်က ခန့်မှန်းရခက်ပါတယ်။ အဲ့ဒါကြောင့် သူမရဲ့ မျက်နှာ ၊ စိတ်အခြေအနေပေါ်မူတည်ပြီး ဖွင့်ပြောသင့်တဲ့အချိန်ဆို ဖွင့်ပြောလိုက်ပါ။

သူမဘက်က အဆင့်သင့်ဖြစ်နေတဲ့အချိန်


သင့်ကို သူမဘက်ကလည်း အဖြေပြန်ပေးဖို့ အဆင့်သင့်ဖြစ်နေပြီးလားဆိုတာကို စောင့်ကြည့်ပါ။ မိန်းကလေးဆိုတာ အဖြေပေးဖို့ အဆင့်သင့်ဖြစ်နေတယ်ဆိုပေမယ့် မူရာမာယာ များတတ်တယ်။ မိန်းကလေးတစ်ယောက်ဆီက “ချစ်တယ်” ဆိုတဲ့အဖြေကိုတော့ လွယ်လွယ်နဲ့ရမှာ မဟုတ်လို့ အဆင့်သင့်ပြင်ထားပါ။ မိန်းကလေးတွေက စမ်းသပ်ရတာကိုကြိုက်လို့ အဖြေမပေးခင်စပ်ကြားမှာလည်း နည်းမျိုးစုံနဲ့စမ်းသပ်နေမှာပါ။

ပတ်ဝန်းကျင် တိတ်ဆိတ်နေတဲ့အချိန်

သင်က ဖွင့်ပြောတော့မယ်ဆို ပတ်ဝန်းကျင် အခြေအနေ နဲ့ နေရာ ကိုရွေးတတ်ပါစေ။ ပတ်ဝန်းကျင်က အရမ်းကိုဆူညံနေတယ်ဆိုရင် သင်ဘာပြောပြော သူမ ကြားရမှာမဟုတ်လို့ပါ။ အဲ့ဒါကြောင့် တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့အချိန်မျိုးမှာပဲ ဖွင့်ပြောသင့်ပါတယ်။

Credit

Written by admin