သရဲတ​စ္ဆေ၊ ​အောက်​လမ်းအတတ်​ပညာတို့ဖြင့်​ ပြုစားခြင်းကိုကာကွယ်​နိုင်​သည့်​​အစွမ်းထက်သောဂါထာတော်တစ်ပုဒ်

သရဲတ​စ္ဆေ၊ ​အောက်​လမ်းအတတ်​ပညာတို့ဖြင့်​ ပြုစားခြင်းကိုကာကွယ်​နိုင်​သည့်​​အစွမ်းထက်သောဂါထာတော်တစ်ပုဒ်

အခုပြောပြမယ့် ဂါထာကတော့ ဗုဒ္ဓဘာသာဝင်တော်တော်များများ သိထားပြီး ဖြစ်လောက်တဲ့ “အဌာနမေတံ”ဂါထာပဲ ဖြစ်ပါတယ်။ဒီဂါထာက ဘာစွမ်းလဲဆိုရင် ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချီးမြှင့်ခဲ့တဲ့ ဂါထာဖြစ်လို့ သာမန်ဂါထာများထက် ပိုပြီးတော့စွမ်းပါတယ်။

“အဌာနမေတံ”ဂါထာတော်ကို “တန်ပြန်ဂါထာ”ဟူ၍လည်း ခေါ်ဆိုနိုင်ပါသေးတယ်။သူတစ်ပါးမှ မကောင်းသော အောက်လမ်းအတတ်ဖြင့် ပြုစားခြင်းများ ကိုလည်း ကာကွယ်နိုင်ပါတယ်။ထိုဂါထာ ရေးထားသော စာရွက်အား ခေါင်းဦးအောက် ထားအိပ်ရုံဖြင့် မကောင်းသော အတတ်ဖြင့် ပြုစားသူတို့ထံ တန်ပြန်၍ သက်ရောက် စေသည်ဟု မှတ်သားဖူးပါတယ်။ထိုဂါထာနှင့် ပတ်သက်၍ ကျွန်တော့်ရဲ့ ဆရာတစ်ယောက် ပြောသော အကြောင်းအရာကို ပြန်လည်မျှဝေ ပေးပါမယ်။

သာဓက

တစ်ခါက ရွာကြီးသုံးရွာတွင် ရောဂါကပ်ဘေး ဆိုက်ရောက်၍ ဘီလူးသဘက်များ ဒုက္ခပေးသဖြင့် ရွာသူရွာသားတို့ သေကြေပျက်စီး ခဲ့ရပါတယ်။ထို့ကြောင့် သံဃာတော်များ ပင့်ဖိတ်ပြီး ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ရပါတော့တယ်။ရွာတစ်ရွာကို သံဃာတော်များ ပရိတ်ရွတ်တိုင်း ကျန်တဲ့ရွာနှစ်ရွာကို ကပ်ရောဂါဆိုးတွေ ကူးပြောင်းသွား ပါတယ်။

ဒီလိုနဲ့ ဟိုဘက်ရွာ ကိုရွတ်ရင် ဒီဘက်ရွာနှစ်ရွာကို ရောက်သွားလိုက် ဒီဘက်ရွာကို ရွတ်လိုက်ရင် ဟိုဘက်ရွာနှစ်ရွာကို ရောက်သွားလိုက်နဲ့ သံသရာလည် နေပါတော့တယ်။အဲ့ဒါနဲ့ပဲ ဦးဆောင် ဆရာတော်က ငယ်စဉ်ကတည်းက နှုတ်တိုက် ရွတ်ဆိုလာခဲ့တဲ့ “အဌာနမေတံ”ဂါထာကို အမှတ်ရမိပြီး ပရိတ်တရားတော်တွေရဲ့ ရှေ့မှာ ထိုဂါထာကို ထည့်သွင်း ရွတ်ဆိုလိုက်တော့မှ ကပ်ရောဂါဆိုးကြီးမှ ကင်းလွတ်ခွင့် ရကြပါတော့တယ်။

ဂါထာတော်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

#အဌာနမေတံဂါထာတော်

အဌာနမေတံ ဘိက္ခဝေ

အနဝကတော ယံပရူပက္ခမေန တထာကတာ

ဇီဝိတာ ဝေါရောပေယျ အနုပက္ကမေန

ဘိက္ခဝေ တထာကတာ ပရိနိဗ္ဗာယန္တိ

ဧတေနသစ္စ ဝဇ္ဇေန ဟောတုမေဇယျမင်္ဂလံ

#PG

Written by admin