ဝေးကွာနေတဲ့ချစ်သူ(LDRS)တွေ တည်မြဲဖို့ ဒီအချက်တွေကို လုံးဝမမေ့သင့်ပါဘူး

ဝေးကွာနေတဲ့ချစ်သူ(LDRS)တွေ တည်မြဲဖို့ ဒီအချက်တွေကို လုံးဝမမေ့သင့်ပါဘူး

😳😳
အားလုံး သိကြတဲ့ အတိုင်းပဲ Long Distance Relationship ဘဝဟာ ချစ်သူတွေ ကြားမှာ အခက်ခဲဆုံးနဲ့ အရှည်ကြာဆုံး ကာလ အပိုင်းအခြား တွေပါ။ အဲ့လို အချိန်တွေမှာ တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုနဲ့ ယုံကြည်မှု သာမရှိရင် ရေရှည် တည်မြဲဖို့ ဆိုတာ တော်တော်လေး မလွယ်တဲ့ ကိစ္စပါ။ ဒါကြောင့် အဲ့လို ဝေးကွာနေကြရတဲ့ LDRS ချစ်သူတွေအတွက် အသုံးဝင်မယ့် အချက်လေးတွေကို ဝေမျှပေး လိုက်ပါတယ်နော်။

1. အဆက်အသွယ်မပြတ်အောင် ဂရုစိုက်ပါ

တစ်ယောက်အနားမှာ တစ်ယောက် မရှိနိုင် ချိန်တွေမှာ တယ်လီဖုန်း ၊ မက်ဆေ့ခ်ျနဲ့ မေးလ်တွေကသာ နှစ်ဦးလုံးအတွက် အားကိုးအားထား ပြုနေရတဲ့ အရာတွေပါ။ အဲ့လို အချိန်မှာ အဲ့ဒီ အဆက်အသွယ်လေးတွေ ပြတ်တောက် မသွားအောင် အထူးဂရုစိုက်ပါ။ အချိန်မှန်မှန် ဖုန်းဆက်ပါ ၊ မက်ဆေ့ခ်ျ အမြဲပို့ပါ ၊ အချိန်အကြာကြီး Online ပေါ်က ပျောက်သွားတာမျိုး ၊ Ph ပိတ်ထားတာမျိုး မလုပ်ပါနဲ့။

2. အခြေအနေတွေကို အတူရှိနေသယောင် ဖန်တီးယူပါ

ဒီနေ့ခေတ်မှာ ချစ်သူနှစ်ယောက်က ဝေးနေကြပေမယ့်လည်း အတူတူရှိနေသလို ဖြစ်အောင် ဖန်တီးယူလို့ရပါတယ်။ ဥပမာ Online Game တစ်ခုကို နှစ်ယောက် အတူတူကစားတာ ၊ YouTube ကနေ ရုပ်ရှင်ဇာတ်ကား တစ်ခုတည်းကို တစ်ချိန်တည်းကြည့်တာ ၊Video call နဲ့ တစ်ယောက်က ဂစ်တာတီးချိန် တစ်ယောက်က သီချင်းဆိုပြတာ စသည်ဖြင့်ပေါ့။

3. တစ်ဦးဆီကို တစ်ဦးက သွားရောက် လည်ပတ်ပါ

LDRS ဘဝမလို့ ဝေးနေကြရပေမယ့်လည်း အခြေအနေ ပေးလာတဲ့အခါ တစ်ဦးဆီကို တစ်ဦးကသွားရောက် လည်ပတ်နိုင်အောင် ကြိုးစားပါ။ အချိန်တွေ အကြာကြီး ဝေးကွာနေကြပြီး ခဏတာ ပြန်လည်တွေ့ဆုံကြရတဲ့အခါ ဝေးနေစဉ် ကာလတွေက ပင်ပန်းခဲ့သမျှတွေ ၊ လွမ်းဆွတ် ခဲ့ရသမျှတွေ အားလုံးက အငွေ့ပျံပျောက်ကွယ်ပြီး နောက်ထပ် ခွဲခွာနေရမယ့် ကာလတွေ အတွက်လည်း အားအင် အသစ်တွေ ဖြစ်ပေါ်စေပါတယ်။

4. အရိုးသားဆုံး ဆက်ဆံရေးကို တည်ဆောက်ပါ

အပေါ်မှာ ပြောခဲ့သလိုပဲ နှစ်ဦးစလုံး ဝေးကွာနေချိန်မှာ အရေးကြီးဆုံးက ယုံကြည်မှုနဲ့ နားလည်မှု တရားပါ။ တစ်ဦးအပေါ် တစ်ဦးက ရိုးရိုးသားသားနဲ့ ချစ်ခင်မြတ်နိုးနေမယ် ဆိုရင်တော့ ကြားလူ ဝင်လာမှာတွေ ၊ အနှောင့်အယှက်ပေါ် လာမှာတွေကို လုံးဝ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ ကိုယ့်ဖက်က စိတ်ကို အလိုလိုက်ပြီး အမှားအယွင်း တစ်စုံတစ်ခုကို ပြုလုပ်မိတော့မယ် ဆိုတာနဲ့ ကိုယ့်ချစ်သူလေးရဲ့ မျက်နှာကို အမြဲပြေးမြင်ဖို့ မမေ့ပါနဲ့။

5. Social media မှာ နီးစပ်အောင်နေပါ

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဓာတ်ပုံတွေ tag လုပ်ပြီးတင်ပါ။ သူ့အပေါ် ဘယ်လောက် ချစ်ကြောင်း ၊ ဘယ်လောက် လွမ်းနေကြောင်း တွေကိုလည်း မကြာခဏ ရေးသားဖော်ပြပြီး ကိုယ့်ချစ်ခြင်းကို သူမြင်အောင်ပြပါ။ အဲ့လိုပြတဲ့အခါ သူတစ်ယောက်တည်း တင်မကပဲ သူ့ဘေးနား အသိုင်းအဝိုင်းကသူတွေကပါ သင်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တွေ့မြင်ပြီး အမြဲအားကျ အမှတ်ရနေမှာ ဖြစ်ပါတယ်။

ဒီစာလေးကို LDRS ချစ်သူတွေအတွက် Share ပေးလိုက်ကြဦးနော်…

credit to upupmm

Written by admin