“ နေခြည်ဦးကို ချီးကျူးစကားဆိုလိုက်တဲ့ နေမင်း”

“ နေခြည်ဦးကို ချီးကျူးစကားဆိုလိုက်တဲ့ နေမင်း”

ပရိသတ်အချစ်တော်မင်းသားချောနေမင်း၊ဝတ်မှုန်ရွှေရည်နဲ့ နေခြည်ဦး တို့သုံးယောက်အားပြိုင်တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လက်တလောမှာပရိသတ်တွေကြား အရမ်းကိုစိတ်ဝင်စားရေပန်းစားနေတာ ပဲဖြစ်ပါတယ်။မင်းသမီးချောဝတ်မှုန်ရွှေရည်ကိုလည်း မြင်တွေနေကျပုံစံလေးမဟုတ်ပဲ ချစ်စရာကောင်းတဲ့ Tom Boy လေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး Beauty Blogger တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေလက်ခံ အားပေးနေတဲ့ နေခြည်ဦးရဲ့ပထမဆုံးပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ပထမဆုံးသရုပ်ဆောင် အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ် စတင်လျောက်လှမ်းလာတဲ့ နေခြည်ဦးကိုတော့ နေမင်းက ချီးကျူးစကား လေးဆိုလိုက်ပါတယ်။

နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အနေနဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးရတဲ့ အတွက်အခက်အခဲတွေအအများကြီး ရှိပါတယ်။အနုပညာလမ်းကြောင်းပေါ်စတင်လျောက်လှမ်းတဲ့နေခြည်ဦး အနေနဲ့ သူမတာဝန်ယူထားရတဲ့ အပိုင်းကိုတော့ ကောင်းကောင်းသရုပ်ဆောင်နိုင်တာကြောင့် နေမင်းကတော့ ချီးကျူးမဆုံးဖြစ်နေပါတယ်။အသစ်တစ်ယောက်ဖြစ်တဲ့ပေမယ့် သရုပ်ဆောင်ပိုင်းမှာတော်တော်လေး အဆင်ပြေ တာကြောင့်ပရိသတ်တွေလည်း သူမရဲ့အိုက်တင်လေးတွေနဲ့ သရုပ်ဆောင်ချက်တွေအပေါ် သဘောကျ နှစ်သက်ကြမယ်ဆိုတာ ယုံကြည်ပါတယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားလေးထဲမှာတော့ နေခြည်ဦးကို ချစ်စရာကောင်းတဲ့ အင်ဂျင်နီယာကျောင်းသူလေးတစ်ယောက် အဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။နေမင်းအနေနဲ့လည်း ဒီဇာတ်ကားကြီးအတွက် တော်တော်ကိုပြင်ဆင်မှုများစွာ လုပ်ဆောင်ပြီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။စိန်ခေါ်မှုများစွာနဲ့ သူတို့သုံးယောက်ရဲ့အနုပညာတင်ဆက်မှုတွေက တော့ ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျစေမယ်ဆိုတာ ယုံကြည်တာကြောင့်ဇာတ်ကားကြီး ရုံတင်တဲ့အထိ ဆက်လက်စောင့်မျှော်အားပေးကြပါအုန်းနော်။

သတင်းအရင်းအမြစ် – နေမင်း

Written by admin