“ပရိသတ်တွေကို ဆေးအကြီးကြီးထိုးလိုက်တဲ့ ပိုင်တံခွန် တို့ စုံတွဲ”

“ပရိသတ်တွေကို ဆေးအကြီးကြီးထိုးလိုက်တဲ့ ပိုင်တံခွန် တို့ စုံတွဲ”

နှုတ်ခမ်းနီမလေးတွေရဲ့ အသဲတစ်ခြမ်းပိုင်တံခွန်နဲ့ ချစ်စရာကောင်းတဲ့ မော်ဒယ်မလေး အိန်ဂျယ်လမုန် တို့နှစ်ယောက်RS ချိတ်လိုက် ပြီဆိုတဲ့အကြောင်းလေးကတော့ လက်တလောလူမှုကွန်ယက်မှာ အရမ်းကိုရေပန်းစားနေတဲ့အကြောင်းလေး ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက် RSချိတ်လိုက်တာကြောင့် ချစ်ရတဲ့ပရိသတ်တွေလည်း အသဲကွဲတဲ့သူကကွဲနဲ့ ဖြစ်ကုန်ကြရပါတယ်။ဒါပေမယ့် အခုပရိသတ်တွေ ဝမ်းပဲသာရမလားစိတ်ပဲဆိုးရမလား ဝမ်းသာပြီးစိတ်ဆိုးတာ နှစ်ခုတစ်ပြိုင်နက် ခံစားရမလားမသိလောက်အောင်ကို ဖြစ်သွားစေမယ့် အကြောင်းလေးတစ်ခု ပရိသတ်တွေ ကိုပြောပြချင်ပါတယ်။

အဲ့ဒီအကြောင်းလေးကတော့ ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန်တို့ နှစ်ယောက်ပေါင်းပြီး ပရိသတ်တွေကို ဆေးအကြီးကြီး ထိုးလိုက်တာပဲဖြစ်ပါတယ်။ပရိသတ်တွေသိထားကြတဲ့ RSချိတ်လိုက်တယ်ဆိုတာ တကယ်မဟုတ်သလို ချစ်သူတွေဖြစ် နေကြတယ်ဆိုတာ ကလည်း ချစ်ပရိသတ်တွေကို ချစ်လို့စနောက်လိုက်ကြတာပါတဲ့နော်။တကယ်တော့သူတို့နှစ်ယောက်က မောင်နှမအရင်းတွေလို(၄)နှစ်တာကာလတစ်ခုအထိ ခင်မင်ရင်းနှီးလာခဲ့ကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။

ချစ်ပရိသတ်တွေကိုမကြာခဏစနောက်လေ့ရှိတဲ့ ပိုင်တံခွန်ကတော့ အခုတစ်ခေါက်ထိုးလိုက်တဲ့ဆေးက အရမ်းကြီးသွားပြီး လူမှုကွန်ယက်မှာပျံနှံ့သွားရလောက်တဲ့ အထိဆေးထိုးကြမ်းခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့အခုလိုကြိုတင်စီစဉ်ပြီး စနောက်ခဲ့ကြတဲ့အပေါ်သိတဲ့ ပရိသတ်တွေလည်းရှိသလိုမသိတဲ့ ပရိသတ်တွေရှိတာကြောင့် အခုကိစ္စကအရမ်းကိုကြီးသွားခဲ့တာဖြစ်ပြီး အခုလိုအမှန်တိုင်းပြန်ပြောရတာကလည်း ညီမတစ်ယောက်လို့ ခင်မင်ရင်းနှီးရတဲ့ အိန်ဂျယ်လမုန်ရဲ့ သိက္ခာအတွက် ပရိသတ်တွေအထင်မလွဲစေချင်လို့ သူတို့စနောက်ခဲ့တာကို ပြန်ဝန်ခံပြီး အမှန်တိုင်းပြောပြခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီး ချစ်ပရိသတ်တွေကို အကွက်ကျကျ စနောက်ခဲ့မိတဲ့အတွက်လည်း အနူးအညွှန်ကိုတောင်းပန်ပါတယ်လို့ဆိုပါတယ်။ကဲပရိသတ်ကြီးရေ စိတ်ပဲဆိုး မလား ဝမ်းပဲသာမလား ပရိသတ်တွေရဲ့ရင်ထဲကစကားလေးကို ဖြေပေးခဲ့ပါအုန်း။

သတင်းအရင်းအမြစ် – ပိုင်တံခွန်၊ အိန်ဂျယ်လမုန်

Written by admin