ကိုယ့်သားသမီးကို ထိရင်မခံဘူးဆိုတဲ့ ဒိန်းဒေါင်

သရုပ်ဆောင်ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကို ဗေဒင်ဆရာအောင်ချစ်ပိုက အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတယ်ဆိုတဲ့ အပေါ် သရုပ်ဆောင် ဒိန်းဒေါင်က အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

”သူတို့က တရားရုံးကို ဦးတိုက်လျှောက်ရတာပေါ့။ ရတယ် ဘာမှမဖြစ်ဘူး၊ သူတို့ အရှက်မရှိလို့ လုပ်တာ ကျွန်တော်ပါလာရင် ပိုရှုပ်ကုန်မှာစိုးလို့ ကျွန်တော်ကနေပေးထားတာ။ ကိုယ့်သားသမီးထိလို့ကတော့ ရေအဆုံးမိုးအဆုံး ဖက်ကိုက်ဖို့ လည်း ဝန်မလေးဘူး ဘာပဲလုပ်ရလုပ်ရ လုပ်မှာ” လို့ သူက Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေဆောင်ရွက်သွားမယ်လို့ ဆိုပါသေးတယ်။

”ကျွန်တော်က အမျိုးသမီးရေးရာရော၊ တခြား မိန်းကလေးတွေ နဲ့ ပတ်သက်တာရော အခု ကျိန်းသေသွားပြီဆိုရင် ကျွန်တော် လိုင်းပေါ်တင်ပြီး ပြန်လုပ်မှာ” လို့ ဒိန်းဒေါင်က ပြောပါတယ်။

ဒိန်းပိုပိုဒေါင်ကလည်း ဗေဒင်ဆရာအောင်ချစ်ပိုကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စမ်းချောင်းရဲစခန်းမှာ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့ပြီး ပုဒ်မ၅၀၉ နဲ့ ၃၅၄ ပါ ကိုယ်ထိလက်ရောက်နဲ့ နှုတ်ဖြင့်စော်ကားခြင်း ဆိုပြီးတော့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီ တရားစွဲဆိုမှုကြောင့်ပဲ ဗေဒင်ဆရာ အောင်ချစ်ပိုက ပြန်လည်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Photo: ဒိန်းပိုပိုဒေါင် ဖေ့စ်ဘုတ်

Written by admin