
သတိရ တယ် ဆိုပြီး …

သစ္စာရှိ လှချည်ရဲ့ ဆိုပြီး …
သူ နောင်တ ရနေပါ ဦးမယ် ….

အမှတ်တရ ဆိုတာ . . .


သင် သိထားပါ …

သင် နှမျော နေဦးမှာပါ

©® Ma Swee

Uni

ချစ်သူရဲ့..ထားသွားခြင်း ခံရတဲ့ အခါ …

သတိရ တယ် ဆိုပြီး …
တောင်တွေး မြောက်တွေး ကြေကွဲ မနေပါနဲ့ …
ကိုယ့်ဆီမှာ မနေချင်လို့ ပြေးထွက် သွားတဲ့ သူက ကိုယ့် အကြောင်းကို တွေးနေမှာ မဟုတ်ဘူး …

သစ္စာရှိ လှချည်ရဲ့ ဆိုပြိီး …
မျှော်တော်ယောင် လုပ်မနေ ပါနဲ့ …
သင် နဲ့ ပတ်သတ်ခဲ့ တာတွေတောင်
သူ နောင်တ ရနေပါ ဦးမယ် ….

အမှတ်တရ ဆိုတာ . . .
မေ့ဖျောက်နိုင်တဲ့ သူအတွက် အမှတ်တမဲ့ ပါပဲ

သင်က မနေ့ တစ်နေ့က လို ခံစား နေရ ပေမယ့်…
သူက ဘယ်တုန်း ကမှ မဖြစ်ခဲ့ဘူး သလို နေမယ်

သံယောဇဉ် မှ မရှိတော့ရင် …
အရေး တယူ နေရာ မပေးဘူး ဆိုတာ
သင် သိထားပါ …

မေ့ပစ် လိုက်တာ အကောင်းဆုံးလို့ ပြောရင် တစ်မျိုး မမြင် ပါနဲ့ …
အချိန်တန် ရင် သင်နဲ့ ထိုက်တန် တဲ့
ကြယ်ပွင့်လေး က သင့် ဘဝထဲကို
ကြွေကျ လာတဲ့အခါ အခု ကျနေတဲ့ မျက်ရည် တွေကို
သင် နှမျော နေဦးမှာပါ

©® Ma Swee

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *