…ဓားပြတိုက်သလိုပိုက်ဆံတောင်းပြီး ပရဟိတလုပ်တဲ့အပေါ် မေးခွန်းထုတ်လိုက်တဲ့မေမြတ်နိုး

ပြီးခဲ့တဲ့ ကြာသပတေးနေ့က မော်ဒယ်သရုပ်ဆောင် မေမြတ်နိုးရဲ့ ဖေ့ဘွတ်စ် အကောင့် heck ခံလိုက်ရပါတယ်။ အကောင့်ကို တခြားလူရသွားတဲ့ အချိန်က ကြာသပတေးနေ့ မနက် ၃ နာရီ ၁၃ မိနစ် ဖြစ်ပါတယ်။ အကောင့် heck ခံရမှန်းသိလိုက်ချိန် retreat လုပ်သော်လည်း အကောင့် ကတောာ့ အသိမ်းခံလိုက်ရပြီဖြစ်ပါတယ်။ အကောင့် ဟက်တဲ့သူထံမှ ဖုန်းဆက်လာတဲ့ အကြောင်းကို မော်ဒယ် မေမြတ်နိုးက Myanmar Celebrity နဲ့ အင်တာဗျူးမှာ အခုလို ပြောပြသွားပါတယ်။

“ ရှုတင်ရောက်နေတယ်ဆိုတော့ သိပ်ပြီး အာရုံလည်း မထားနိုင်ဘူး။ ရိုက်ကူးရေးမှာ ဆိုတော့လေ။ စိတ်ကတော့ အရမ်းရှုပ်သွားတယ်။ ဒါပေမဲ့ မနက်ကျတော့ ဖုန်းပြန်ဆက်လာတယ်။ သူပြောတာကို သေချာနားထောင်ပါတဲ့ ။ သူကနည်းပညာတက္ကသိုလ်ကဖြစ်ပြီး ပရဟိတတွေလုပ်နေသူပါတဲ့။ သူကမိဘမဲ့ ကျောင်းတွေ ၊ ဆင်းရဲတဲ့ ဘုန်းကြီးကျောင်းတွေကို သွားလှူမှာပါ။ အကောင့်ကိုလည်း safe ဖြစ်အောင်ထားမှာပါ။ ဒါပေမဲ့ ပိုက်ဆံ ၃ သိန်းလွှဲပေးပါ” ဆိုပြီး ပြောလာပါတယ်။

မော်ဒယ် မေမြတ်နိုးက သူမကိုယ်တိုင်လည်း ပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်နေသူမို့ ပရဟိတ ဗန်းပြကာ ခြိမ်းခြောက်ငွေတောင်းမှုအပေါ်အခုလိုပြောပြသွားပါတယ်။

“လူကိုဓားပြတိုက်သလို ပိုက်ဆံတောင်းပြီး ပရဟိတ လုပ်တယ်ဆိုတာ ဘာ အကုသိုလ်ယူချင်တာလဲ လို့ မြတ်နိုးမေးခွန်းထွက်လာပါတယ်။ လူတစ်ယောက်ကိုစိတ်ဆင်းရဲအောင်လုပ်ပြီးမှ ကုသိုလ်ယူတာမဖြစ်သင့်ပါဘူး။ တကယ်ရိုးရိုးသားသား ပရဟိတ လုပ်တာမှန်ရင် မြတ်နိုးသူတို့တောင်းတဲ့ ပိုက်ဆံထက် ပိုများပြီးတော့တောင် ကိုယ်တိုင် လှူပေးနိုင်ပါတယ်”ဆိုပြီး ပြောကြားသွားပါတယ်။

“အခုနောက်ပိုင်းမှာ hackers တွေရဲ့ ပစ်မှတ်က မင်းသား ၊ မင်းသမီး ၊ မော်ဒယ် ၊ public figures တွေပဲဖြစ်နေတဲ့ အတွက် ဒီလို ခြိမ်းခြောက်ဓားပြတိုက်တာမျိုးတွေ မဖြစ်သင့်ပါဘူး။ ဒါကြောင့် ညီမအကောင့် ကို ဟက်သွားသူတွေကို အမှုဖွင့်မှာပါ။ ဒီလိုမျိုး လုပ်လို့ရရင် သူတို့က ဆက်ပြီး လုပ်ဦးနေမှာဖြစ်လို့ သူတို့ခြိမ်းခြောက်တိုင်း ငွေမပေးဖို့ ပြောချင်ပါတယ်။”ဆိုပြီး သရုပ်ဆောင်မေမြတ်နိုးက သတိပေးပြောကြားသွားပါတယ်။

မော်ဒယ်မေမြတ်နိုးနာမည်နဲ့ ဖွင့်ထားတဲ့ facebook account နဲ့ အခြား admin အဖြစ်ကိုင်ထားတဲ့ pages တွေပါသွားတဲ့အတွက် မေမြတ်နိုးရဲ့ instagram အကောင့်ဖြစ်တဲ့ “maymyatnoe_ may” ကနေတဆင့် အနုပညာလှုပ်ရှားမှုပုံရိပ်တွေ တင်ပေးသွားမှာပါ။

မော်ဒယ် သရုပ်ဆောင် မေမြတ်နိုးက ၁၅ နေ့မှာ စတင်ရိုက်ကူးမယ့် 25% ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *