“မန္ခ်က္စတာ ကို ၾကြမယ့္ မရွိခဏဆရာေတာ္ျကီးကို ဖူးေမွ်ာ္ရင္း အလွဴေငြလွဴဒါန္းခဲ့တဲ့ တင္ဇာေမာ္”

တင္ဇာေမာ္က ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ၀န္းရံမႈကို ပိုင္ဆိုင္ရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။ လူႀကီး၊လူငယ္မေရြး ခ်စ္ခင္အားေပးတာကို ခံေနရတဲ့ အဆိုေတာ္တစ္ေယာက္ဆိုလည္း မမွားပါဘူး။ Myanmar Idol Season 3မွာ မ်ိဳးေက်ာ့ျမိဳင္၊ ရန္ေအာင္၊ ဦးသိန္းတန္တို႕နဲ႕ အတူအကဲျဖတ္ဒိုင္တစ္ေယာက္အေနနဲ႕ စိတ္ေရာကိုယ္ပါနစ္ျပီး ပါ၀င္ေဆာင္ရြက္ခဲ့သူတစ္ေယာက္ပါ။

Loading...

 

 

အလွဴအတန္းလုပ္တဲ့ ေနရာမွာ သဒၵါတရားထက္သန္သူတစ္ေယာက္ျဖစ္ျပီးေတာ့ “တူညီတြဲလက္ေမာင္နွမမ်ား” ပရဟိတ အဖြဲ ့မွာ စိတ္အားထက္သန္စြာလုပ္ကိုင္ေနသူတစ္ေယာက္ပါ။ ေရးၿမိဳ႕မွာရွိတဲ့ ေရေဘးသင့္ျပည္သူမ်ားအတြက္ လွဴဒါန္းေငြ (၁၀)သိန္းက်ပ္နဲ႕အဝတ္အထည္မ်ား ၊ ေခါက္ဆြဲေျခာက္ထုတ္မ်ားႏွင့္ ဆန္အိတ္မ်ားအား လွဴဒါန္းခဲ့တာလည္း ျဖစ္ပါတယ္။

 

 

လတ္တေလာမွာေတာ့ “မန္ခ်က္စတာ ကို ၾကြမယ့္ မရွိခဏဆရာေတာ္ျကီး နဲ ့ လမ္းမွာ ဆံုေတြ ့ခြင့္ရလို ့ ကန္ေတာ့ရင္း နဝကမၼ အလွဴေငြလည္း လွဴဒါန္းခြင့္ရခဲ့ပါတယ္။ေလဆိပ္မွ ဆံုေတြ ့ရတဲ့ ညီမေလးနွစ္ေယာက္နဲ ့လည္း တတြတ္တြတ္လုပ္ရင္း အလွျပင္ေပးျကတဲ့အျပင္ ေစ်းကူဝယ္ေပးျကတာလည္း ေက်းဇူးတင္ပါတယ္”ဆိုျပီး တင္ဇာေမာ္က လူမႈကြန္ရက္ စာမ်က္နွာထက္ကေန ေဖာ္ျပထားခဲ့တာမို႕ သိခဲ့ရပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ တင္ဇာေမာ္ရဲ႕ အလွဴအတြက္ သာဓုေခၚသြားပါဦး….

 


Source: Tin Zar Maw
ခ်စ္သဲေမ @CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“မန်ချက်စတာ ကို ကြွမယ့် မရှိခဏဆရာတော်ကြီးကို ဖူးမျှော်ရင်း အလှူငွေလှူဒါန်းခဲ့တဲ့ တင်ဇာမော်”

တင်ဇာမော်က ပရိသတ်တော်တော်များများရဲ့ ဝန်းရံမှုကို ပိုင်ဆိုင်ရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ လူကြီး၊လူငယ်မရွေး ချစ်ခင်အားပေးတာကို ခံနေရတဲ့ အဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ Myanmar Idol Season 3မှာ မျိုးကျော့မြိုင်၊ ရန်အောင်၊ ဦးသိန်းတန်တို့နဲ့ အတူအကဲဖြတ်ဒိုင်တစ်ယောက်အနေနဲ့ စိတ်ရောကိုယ်ပါနစ်ပြီး ပါဝင်ဆောင်ရွက်ခဲ့သူတစ်ယောက်ပါ။

 

 

အလှူအတန်းလုပ်တဲ့ နေရာမှာ သဒ္ဒါတရားထက်သန်သူတစ်ယောက်ဖြစ်ပြီးတော့ “တူညီတွဲလက်မောင်နှမများ” ပရဟိတ အဖွဲ့မှာ စိတ်အားထက်သန်စွာလုပ်ကိုင်နေသူတစ်ယောက်ပါ။ ရေးမြို့မှာရှိတဲ့ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ (၁၀)သိန်းကျပ်နဲ့အဝတ်အထည်များ ၊ ခေါက်ဆွဲခြောက်ထုတ်များနှင့် ဆန်အိတ်များအား လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ “မန်ချက်စတာ ကို ကြွမယ့် မရှိခဏဆရာတော်ကြီး နဲ့ လမ်းမှာ ဆုံတွေ့ခွင့်ရလို့ ကန်တော့ရင်း နဝကမ္မ အလှူငွေလည်း လှူဒါန်းခွင့်ရခဲ့ပါတယ်။လေဆိပ်မှ ဆုံတွေ့ရတဲ့ ညီမလေးနှစ်ယောက်နဲ့လည်း တတွတ်တွတ်လုပ်ရင်း အလှပြင်ပေးကြတဲ့အပြင် ဈေးကူဝယ်ပေးကြတာလည်း ကျေးဇူးတင်ပါတယ်”ဆိုပြီး တင်ဇာမော်က လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားခဲ့တာမို့ သိခဲ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ တင်ဇာမော်ရဲ့ အလှူအတွက် သာဓုခေါ်သွားပါဦး….
Source: Tin Zar Maw
ချစ်သဲမေ @CeleGabar

Loading...