” ပုံစံမ်ိဳးစံုနဲ ႔တစ္ခ်ိန္ထဲနာမည္ႀကီးလာတဲ့ ျမ ( ၃) ျမ “

လတ္တေလာ ပရိသတ္ေတြပါးစပ္ဖ်ားမွာ စြဲေနတဲ့ နာမည္ႀကီး (၃)ေယာက္ ျဖစ္တဲ့ ျမ(၃)ျမ ကို ေဖာ္ျပေပးပါ့မယ္ေနာ္။သူတို႕ကေတာ့ ( ၁ ) ျမႏွင္းရည္လြင္ (၂) ေဒါက္တာ ျမဝတ္ရည္ (၃) ကူးကူးဇင္ေအာင္(ျမ) (သူစိမ္းအိမ္) စတဲ့ သူတို့(၃)ေယာက္ကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ တစ္ခ်ိန္ထဲမွာ ပရိသတ္ေတြပါးစပ္ဖ်ားမွာ ေရပန္းစားေနၿပီး ေအာင္ျမင္ေနတဲ့ ဆယ္လီေတြ ပဲ ျဖစ္ပါတယ္။

Loading...

(၁) ျမႏွင္းရည္လြင္

ျမႏွင္းရည္လြင္ကေတာ့ လတ္တေလာမွာ MRTV-(4) ျပသေနဆဲ ျဖစ္တဲ့ ေငြစကၠဴ(၇)ရြက္ ဇာတ္လမ္းတြဲမွာ “ေဝႏွင္းျဖဴ” ဆိုတဲ့ဇာတ္ေကာင္နဲ႕ ပရိသတ္ေတြရဲ႕ အားေပးမႈကို တခဲနက္ ရရွိပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြျမင္ေနက် ကာရုိက္တာနဲ့မတူေအာင္ ကြဲထြက္ေနတဲ့ ဇာတ္ရုပ္ဆန္းဆန္းေလးနဲ႕ သရုပ္ေဆာင္ထားတာျဖစ္ေပမယ့္ ကာရုိက္တာဆန္းဆန္းေလးကိ္ု ပရိသတ္ေတြကပါ စီးေမွ်ာၿပီး ခ်စ္စႏုိးနဲ႕ ” ေဝႏွင္းျဖဴ ” လို႕ေတာင္ ေခၚေဝၚေနၾကၿပီပဲ ျဖစ္ပါတယ္။ေနာက္ထပ္ပရိသတ္ေတြပါးစပ္ဖ်ားမွာေရပန္းစားေစတာကေတာ့ သူမရဲ႕ နန္းဆန္တဲ့ ဟန္ပန္နဲ႕ ျမန္မာဆန္တဲ့အလွပံုရိပ္မ်ားဟာ အေမစုရဲ႕ ငယ္ဘဝနဲ႕ တူတယ္လို႕ မွတ္ခ်က္ေပးၿပီး ပရိသတ္ေတြက မမျမလို႕ ခ်စ္စႏုိးနဲ႕ေခၚဆိုေနတာပဲ ျဖစ္ပါတယ္။

(၂) ေဒါက္တာ ျမဝတ္ရည္

ေဒါက္တာျမဝတ္ရည္ကေတာ့ မီးသတ္ေရွ႕ယာဥ္ရပ္နားမႈနဲ႕ စကားမ်ားၿပီး ျပႆနာတက္ခဲ့တာကို Live လႊင့္ရာကေန ပရိသတ္ေတြသတိထားမိလာကာ မိန္းမသားျဖစ္ေနေစကာမူ ကိုယ္ရဲ႕ အမွန္တရားကို အခ်က္က်က်ရဲဝံ့စြာ ေျပာဆိုရဲတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။ သူမရဲ႕ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ခ်က္အျပည့္ ရွိတဲ့အခ်က္ေတြအျပင္ အခက္အခဲၿကံဳေတြံေနရတဲ့ သူေတြက အႀကံေပးစကား ေျပာဖို႕ ခြင့္ေတာင္းလာတဲ့အခါမွာလည္း အားေပးၿပီး အႀကံဥာဏ္မ်ား ေပးမႈေတြေၾကာင့္ သူမကိုခ်စ္တဲ့ We Love အမာခံပရိသတ္ေတြပါရရွိလာတဲ့ ဆယ္လီတစ္ဦးပဲ ျဖစ္ပါတယ္။မၾကာေသးမီကလည္း Aroma Wedding Show ပြဲမွာပါဝင္ကာ ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႕ ရွိဳး ေလွ်ာက္ခဲ့တာပဲ ျဖစ္ၿပီး အရြယ္နဲ႕မလိုက္ေအာင္ ႏုပ်ိဳေနတဲ့ သူမကိုခ်စ္တဲ့ပရိသတ္ေတြကလည္း ျမန္မာႏုိင္ငံက အြန္ေစာလို႕ေတာင္တင္စားေနတာပဲ ျဖစ္ပါတယ္။သူမရဲ႕ TikTok ေလးေတြ ေဆာ့ကစားေလ့ရွိၿပီး သူမရဲ႕ TikTokေတြကလည္း ပရိသတ္ေတြသာမက အႏုပညာရွင္မ်ားပါသေဘာက်ၿပီး ေဆာ့ကစားေလ့ရွိတာပဲ ျဖစ္ပါတယ္။သူမကိုခ်စ္တဲ့ပရိသတ္ေတြကေတာ့ ” မတ္မတ္ျမ” ခ်စ္စႏုိးနဲ႕ ေခၚေဝၚၾကၿပီး သူမရဲ႕ We Love ေတြနဲ့အတူ ရုပ္ရွင္ၾကည့္ျခင္း၊ အပန္းေျဖခရီးသြားျခင္းေတြ ျပဳလုပ္ေလ့ရွိသူပဲ ျဖစ္ပါတယ္။

(၃)ကူးကူးဇင္ေအာင္

ကူးကူးဇင္ေအာင္ကေတာ့ တက္သစ္စ သရုပ္ေဆာင္ မင္းသမီးတစ္ဦးျဖစ္ၿပီး သူမရဲ႕ ပထမဆံုး ရုပ္ရွင္ဇာတ္ကားႀကီး ျဖစ္တဲ့ ” သူစိမ္းအိမ္”ဇာတ္ကားမွာ ” ျမ” ကာရုိက္တာနဲ႕ ပါဝင္ခဲ့သူတစ္ဥိီးျဖစ္ပါတယ္။ တက္သစ္စသရုပ္ေဆာင္တစ္ေယာက္ျဖစ္ေသာ္လည္း သဘာရင့္ဝါရင့္ အကယ္ဒမီ အႏုပညာရွင္မ်ားနဲ့ တြဲဖက္သရုပ္ေဆာင္တဲ့အခါ မွာ သူမရဲက ဇာတ္ရုပ္ကို ေပၚလြင္ေအာင္ ပီပီျပင္ျပင္နဲ႕ အသစ္တစ္ေယာက္လို႕ေတာင္မထင္မွတ္ရေလာက္ေအာင္ မ်က္ႏွာအမူအရာ အေျပာင္းအလဲ စကားေျပာဆိုပံုေတြကအစ ပရိသတ္ေတြအတြက္ အံ့အားသင့္ကာ တဟုန္ထိုး ပရိသတ္အားေပးမႈကို ပိုင္ဆိုင္လာတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စႏုိးနဲ႕ ဇာတ္ေကာင္နာမည္ကိုပဲ အစြဲျပဳကာ “ျမ”လို႕ ေခၚဆိုေနၾကတာပဲ ျဖစ္ပါတယ္။

Shwe Poe @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ပုံစံမျိုးစုံနဲ့တစ်ချိန်ထဲနာမည်ကြီးလာတဲ့ မြ ( ၃) မြ ”

လတ်တလော ပရိသတ်တွေပါးစပ်ဖျားမှာ စွဲနေတဲ့ နာမည်ကြီး (၃)ယောက် ဖြစ်တဲ့ မြ(၃)မြ ကို ဖော်ပြပေးပါ့မယ်နော်။သူတို့ကတော့ ( ၁ ) မြနှင်းရည်လွင် (၂) ဒေါက်တာ မြဝတ်ရည် (၃) ကူးကူးဇင်အောင်(မြ) (သူစိမ်းအိမ်) စတဲ့ သူတို့(၃)ယောက်ကတော့ အကြောင်းအမျိုးမျိုးနဲ့ တစ်ချိန်ထဲမှာ ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားနေပြီး အောင်မြင်နေတဲ့ ဆယ်လီတွေ ပဲ ဖြစ်ပါတယ်။

(၁) မြနှင်းရည်လွင်

မြနှင်းရည်လွင်ကတော့ လတ်တလောမှာ MRTV-(4) ပြသနေဆဲ ဖြစ်တဲ့ ငွေစက္ကူ(၇)ရွက် ဇာတ်လမ်းတွဲမှာ “ဝေနှင်းဖြူ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေမြင်နေကျ ကာရိုက်တာနဲ့မတူအောင် ကွဲထွက်နေတဲ့ ဇာတ်ရုပ်ဆန်းဆန်းလေးနဲ့ သရုပ်ဆောင်ထားတာဖြစ်ပေမယ့် ကာရိုက်တာဆန်းဆန်းလေးကို ပရိသတ်တွေကပါ စီးမျှောပြီး ချစ်စနိုးနဲ့ ” ဝေနှင်းဖြူ ” လို့တောင် ခေါ်ဝေါ်နေကြပြီပဲ ဖြစ်ပါတယ်။နောက်ထပ်ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားစေတာကတော့ သူမရဲ့ နန်းဆန်တဲ့ ဟန်ပန်နဲ့ မြန်မာဆန်တဲ့အလှပုံရိပ်များဟာ အမေစုရဲ့ ငယ်ဘဝနဲ့ တူတယ်လို့ မှတ်ချက်ပေးပြီး ပရိသတ်တွေက မမမြလို့ ချစ်စနိုးနဲ့ခေါ်ဆိုနေတာပဲ ဖြစ်ပါတယ်။

(၂) ဒေါက်တာ မြဝတ်ရည်

ဒေါက်တာမြဝတ်ရည်ကတော့ မီးသတ်ရှေ့ယာဉ်ရပ်နားမှုနဲ့ စကားများပြီး ပြဿနာတက်ခဲ့တာကို Live လွှင့်ရာကနေ ပရိသတ်တွေသတိထားမိလာကာ မိန်းမသားဖြစ်နေစေကာမူ ကိုယ်ရဲ့ အမှန်တရားကို အချက်ကျကျရဲဝံ့စွာ ပြောဆိုရဲတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့် ရှိတဲ့အချက်တွေအပြင် အခက်အခဲကြုံတွေံနေရတဲ့ သူတွေက အကြံပေးစကား ပြောဖို့ ခွင့်တောင်းလာတဲ့အခါမှာလည်း အားပေးပြီး အကြံဉာဏ်များ ပေးမှုတွေကြောင့် သူမကိုချစ်တဲ့ We Love အမာခံပရိသတ်တွေပါရရှိလာတဲ့ ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်။မကြာသေးမီကလည်း Aroma Wedding Show ပွဲမှာပါဝင်ကာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ရှိုး လျှောက်ခဲ့တာပဲ ဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် နုပျိုနေတဲ့ သူမကိုချစ်တဲ့ပရိသတ်တွေကလည်း မြန်မာနိုင်ငံက အွန်စောလို့တောင်တင်စားနေတာပဲ ဖြစ်ပါတယ်။သူမရဲ့ TikTok လေးတွေ ဆော့ကစားလေ့ရှိပြီး သူမရဲ့ TikTokတွေကလည်း ပရိသတ်တွေသာမက အနုပညာရှင်များပါသဘောကျပြီး ဆော့ကစားလေ့ရှိတာပဲ ဖြစ်ပါတယ်။သူမကိုချစ်တဲ့ပရိသတ်တွေကတော့ ” မတ်မတ်မြ” ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပြီး သူမရဲ့ We Love တွေနဲ့အတူ ရုပ်ရှင်ကြည့်ခြင်း၊ အပန်းဖြေခရီးသွားခြင်းတွေ ပြုလုပ်လေ့ရှိသူပဲ ဖြစ်ပါတယ်။

(၃)ကူးကူးဇင်အောင်

ကူးကူးဇင်အောင်ကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ” သူစိမ်းအိမ်”ဇာတ်ကားမှာ ” မြ” ကာရိုက်တာနဲ့ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း သဘာရင့်ဝါရင့် အကယ်ဒမီ အနုပညာရှင်များနဲ့ တွဲဖက်သရုပ်ဆောင်တဲ့အခါ မှာ သူမရဲက ဇာတ်ရုပ်ကို ပေါ်လွင်အောင် ပီပီပြင်ပြင်နဲ့ အသစ်တစ်ယောက်လို့တောင်မထင်မှတ်ရလောက်အောင် မျက်နှာအမူအရာ အပြောင်းအလဲ စကားပြောဆိုပုံတွေကအစ ပရိသတ်တွေအတွက် အံ့အားသင့်ကာ တဟုန်ထိုး ပရိသတ်အားပေးမှုကို ပိုင်ဆိုင်လာတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စနိုးနဲ့ ဇာတ်ကောင်နာမည်ကိုပဲ အစွဲပြုကာ “မြ”လို့ ခေါ်ဆိုနေကြတာပဲ ဖြစ်ပါတယ်။

Shwe Poe @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

Loading...