Loading...
Khin Mi Mi@CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်
ကမ္ဘာ့အသက်အငယ်ဆုံးဘီလီယံနာ KyLie Jennerရဲ့ ဒေါ်လာ(၂၅၀)မီလီယံကျော် တန်ဖိုးရှိတဲ့ ဇိမ်ခံမွေးနေ့ပွဲကြီး
Facebook ကို တီထွင်သူ Mark Zuckerberg ဟာ အသက်(၂၃) နှစ်မှာ အချမ်းသာဆုံး ဘီလီယံနာ ဖြစ်လာခဲ့သူဖြစ်ပြီး သူ့ရဲ့ စံချိန်ကို ကျော်တက်ကာ အသက် (၂၁) နှစ် နဲ့ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီ်ယံနာဖြစ်လာသူ အမျိုးသမီးကတော့ KyLie Jenner ဖြစ်ပါတယ်။ သူမဟာ တစ်ချိန်က မော်ဒယ်လ် တစ်ယောက် အဖြစ် စတင် အသက်မွေးဝမ်းကြောင်း စတင်ခဲ့သူဖြစ်ပြီး သူမကို လူသိများအောင်မြင်လာပြီး နာမည်တစ်ခု ရရှိလာချိန်မှာ သူမရဲ့ နာမည် နဲ့ ” Kylie Cosmetics ” Companyကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။
(၂၀၁၄) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး တည်ထောင်ခဲ့ပြီးနောက် (၃) နှစ်အတွင်းမှာ ဝင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ($800 million) မီလီယံ စံချိန်တင် ရှာဖွေနိုင်ခဲ့ကြောင်း (၂၀၁၈) ခုနှစ်မှာ မှတ်တမ်းတင်နိုင်ခဲ့ပြီး လက်ရှိမှာတော့ သူမရဲ့Company မှ ဝင်ငွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ( $900 million) မီလီယံ ဝန်းကျင် ခန့် အပြင် သူမရဲ့လက်ရှိချမ်းသာကြွယ်ဝမှု စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ကျော် ခန့် ရှိပါတယ်။ သူမရဲ့ မှာ အလုပ်သမား စုစုပေါင်း (၁၂) ယောက်သာ ရှိပြီး အလုပ်သမား အနည်းဆုံးနဲ့ ဝင်ငွေ ကြမ်းသလို အမျိုးသမီးတွေကြား နာမည်တစ်ခုနဲ့ ရပ်တည်ကာ ဈေးကွက်ထိုးဖောက်နိုင်တဲ့ အသက်အငယ်ဆုံး စီးပွားရေး အမျိုးသမီးပညာရှင် လို့ ဆိုရမှာပါ။
သြဂုတ်လ(၁၀)ရက်နေ့ ကတော့ KyLie Jenner ရဲ့ အသက်(၂၂) နှစ်ပြည့် မွေးနေ့ဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း မွေးနေ့ကို အကြီးအကျယ်ကျင်းပ ပြုလုပ်လေ့ရှိတဲ့ Kylie ဟာ ဒီနှစ်မှာလည်း သူမရဲ့ မွေးနေ့ကို သူမရဲ့ ချစ်သူ ဖြစ်သူ Travis Scottနဲ့ အတူ သမီးလေး Stormi ပါ ပါဝင်ကာ အမေရိကန်ဒေါ်လာ ($250 ) မီလီယံ တန်ဖိုးရှိတဲ့ အကောင်းဆုံးသော ဇိမ်ခံ သင်္ဘောကြီးပေါ် မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ KyLieတို့ စုံတွဲနဲ့ အတူ သူမရဲ့ ဖခင် Caitlyn Jenner (လိင်ပြောင်း အမျိုးသမီး) ၊ အမဖြစ်သူ Kim Kardashianတို့ပါ ပါဝင်ကာ အခြားသော ကမ္ဘာကျော် မိတ်ကပ် Artist တွေပါ တက်ရောက်ခဲ့ပြီး ဒီ ဇိမ်ခံ သင်္ဘောကြီးနဲ့ အီတလီမြို့ကြီးက ပင်လယ်ပြင်မှာ ရက်အတော်ကြာ အပျော်ခရီးထွက်ရှိမှာလည်း ဖြစ်ပါတယ်။
Kylie ရဲ့မွေးနေ့ မှာ သူမရဲ့ Customer တွေအတွက် “Kylie Birthday Collections ” အလှကုန်သစ်တွေကို သူမရဲ့ အမ ဖြစ်သူ Kim Kardashian နဲ့ အတူတူ ဖန်တီးကာ ချပြခဲ့ပြီး ဒီထုတ်ကုန်သစ် တွေကိုတော့ ဒီနေ့ သြဂုတ်လ(၁၃) ရက်နေ့မှာ စတင် ဖြန့် ချီမှာလည်း ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် Travis Scott ကလည်း သူ့ရဲ့ အချစ်ရဆုံးသော မိန်းကလေး Kylie အတွက် အတူတူနေထိုင်ရာ အိမ်ကြီးမှာ နှင်းဆီနီ ပွင့်ဖတ်တွေနဲ့ အပြည့် လမ်းခင်းကာ အကြို Birthday ပြုလုပ်ခဲ့ပေးသလို ဒီနှစ်မှာလည်း က အတွက် KyLie အမှတ်တံဆိပ် Cosmeticsရဲ့ နုတ်ခမ်းပုံ အမှတ်တံဆိပ် logoကို စိန် အလုံးရေပေါင်း (၁၀၀၀) ဝန်းကျင် ခန့် မက တစ်ဖိတ်ဖိတ်စီခြယ်ထားတဲ့ စိန်ဆွဲကြိုး တစ်ကုံး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ Kylieလို အရမ်းကို တော်တဲ့ အမျိုးသမီးကို ချစ်သူအဖြစ်Travis တစ်ယောက် ပိုင်ဆိုင်ရတာဟာ အရမ်းကို ကံကောင်းတယ်လို့ ဆိုနေကြသလို သူမရဲ့ ကြီးကျယ်ခမ်းနားလွန်းသော မွေးနေ့ပွဲကြီးအတွက်လည်း အများက အားကျနေရတာလည်းဖြစ်ပါတယ်။
Source:justjaredjr.com, toofab & wikipedia
Khin Mi Mi@CeleGabar
Loading...