လက္ရွိမွာေရပန္းအစားဆံုးျဖစ္ေနတဲ့ IU နဲ႔ Hotel Del Luna ဇာတ္လမ္းတြဲ

ၾသဂုတ္လ(၁၂)ရက္ေန႔မွာေတာ့ ေရပန္းအစားဆံုးဇာတ္လမ္းတြဲနဲ႔သရုပ္ေဆာင္ေတြကို စာရင္းေကာက္ယူေလ့ရွိတဲ့ Good Data Corporation က စာရင္းထုတ္ျပန္လိုက္ပါတယ္။ လက္ရွိျပသေနတဲ့ဇာတ္လမ္းတြဲ(၂၇)ခုကို တစ္ပတ္အတြင္းစာရင္းေကာက္ယူရာကေန ထြက္လာတဲ့ရလဒ္ပဲျဖစ္ပါတယ္။Hotel Del Luna ဟာ ျပသခဲ့တာ(၅)ပတ္ ေျမာက္ကိုေရာက္ရွိေနခဲ့ျပီး လက္ရွိအခ်ိန္မွာ ေရပန္းအစားဆံုးဇာတ္လမ္းတြဲတစ္ခုအျဖစ္ရပ္တည္ေနပါတယ္။

Loading...

ဒီဇာတ္လမ္းရဲ႕အဓိကဇာတ္ေဆာင္ျဖစ္တဲ့ IU နဲ႔ Yeo Jin Goo ဟာလည္း လက္ရွိအခ်ိန္မွာလူၾကိဳက္အမ်ားဆံုးျဖစ္ေနတာကိုေတြ႔ရွိရပါတယ္။


IU ကေပၚျပဴလာအျဖစ္ဆံုးသရုပ္ေဆာင္ေနရာမွာ နံပါတ္(၁)မွာရွိေနျပီး Yeo Jin Gooကေတာ့န့ပါတ္(၃)ေနရာမွာပါ။
ဒီစာရင္းရဲ႕ဒုတိယေနရာမွာရွိတဲ့ဇာတ္ကားကေတာ့ JBTC ကထုတ္လႊင့္တဲ့ “Moment of 18” ျဖစ္ပါတယ္။ဒီဇာတ္ကားရဲ႕အဓိကဇာတ္ေဆာင္ေတြကေတာ့ ေရပန္းစားတဲ့ သရုပ္ေဆာင္စာရင္းမွာ နံပါတ္(၂) နဲ႔ နံပါတ္(၆)မွာရွိေနပါတယ္။


တတိယေနရာမွာရွိတာေတာ့နာမည္ၾကီးရုပ္သံလိုင္းတစ္ခုျဖစ္တဲ့ tvN ကထုတ္လႊင့္တဲ့ “Designated Survivor:60 Days” ျဖစ္ပါတယ္။


ေရပန္းအစားဆံုးသရုပ္ေဆာင္ေတြကေတာ့
(1)IU (“Hotel Del Luna”)
(2)Ong Seong Wu (“Moments of 18”)
(3)Yeo Jin Goo (“Hotel Del Luna”)
(4)Rain (“Welcome 2 Life”)
(5)Ji Sung (“Doctor John”)
(6)Kim Hyang Gi (“Moments of 18”)
(7)Lim Ji Yeon (“Welcome 2 Life”)
(8)ASTRO’s Cha Eun Woo (“Rookie Historian Goo Hae Ryung”)
(9)gugudan’s Kim Sejeong (“I Wanna Hear Your Song”)
(10)Lee Do Hyun (“Hotel Del Luna”) တို႕ျဖစ္ပါတယ္။


လက္ရွိမွာေရပန္းအစားဆံုးျဖစ္ေနတဲ့ IU နဲ႔ Hotel Del Luna ဇာတ္လမ္းတြဲကေတာ့ ထိပ္ဆံုးေနရာမွာရွိေနတာပါပဲေနာ္…
Source:soompi
Sweet@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

လက်ရှိမှာရေပန်းအစားဆုံးဖြစ်နေတဲ့ IU နဲ့ Hotel Del Luna ဇာတ်လမ်းတွဲ
သြဂုတ်လ(၁၂)ရက်နေ့မှာတော့ ရေပန်းအစားဆုံးဇာတ်လမ်းတွဲနဲ့သရုပ်ဆောင်တွေကို စာရင်းကောက်ယူလေ့ရှိတဲ့ Good Data Corporation က စာရင်းထုတ်ပြန်လိုက်ပါတယ်။ လက်ရှိပြသနေတဲ့ဇာတ်လမ်းတွဲ(၂၇)ခုကို တစ်ပတ်အတွင်းစာရင်းကောက်ယူရာကနေ ထွက်လာတဲ့ရလဒ်ပဲဖြစ်ပါတယ်။
Hotel Del Luna ဟာ ပြသခဲ့တာ(၅)ပတ် မြောက်ကိုရောက်ရှိနေခဲ့ပြီး လက်ရှိအချိန်မှာ ရေပန်းအစားဆုံးဇာတ်လမ်းတွဲတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ IU နဲ့ Yeo Jin Goo ဟာလည်း လက်ရှိအချိန်မှာလူကြိုက်အများဆုံးဖြစ်နေတာကိုတွေ့ရှိရပါတယ်။
IU ကပေါ်ပြူလာအဖြစ်ဆုံးသရုပ်ဆောင်နေရာမှာ နံပါတ်(၁)မှာရှိနေပြီး Yeo Jin Gooကတော့န့ပါတ်(၃)နေရာမှာပါ။
ဒီစာရင်းရဲ့ဒုတိယနေရာမှာရှိတဲ့ဇာတ်ကားကတော့ JBTC ကထုတ်လွှင့်တဲ့ “Moment of 18” ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေကတော့ ရေပန်းစားတဲ့ သရုပ်ဆောင်စာရင်းမှာ နံပါတ်(၂) နဲ့ နံပါတ်(၆)မှာရှိနေပါတယ်။
တတိယနေရာမှာရှိတာတော့နာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ tvN ကထုတ်လွှင့်တဲ့ “Designated Survivor:60 Days” ဖြစ်ပါတယ်။
ရေပန်းအစားဆုံးသရုပ်ဆောင်တွေကတော့
(1)IU (“Hotel Del Luna”)
(2)Ong Seong Wu (“Moments of 18”)
(3)Yeo Jin Goo (“Hotel Del Luna”)
(4)Rain (“Welcome 2 Life”)
(5)Ji Sung (“Doctor John”)
(6)Kim Hyang Gi (“Moments of 18”)
(7)Lim Ji Yeon (“Welcome 2 Life”)
(8)ASTRO’s Cha Eun Woo (“Rookie Historian Goo Hae Ryung”)
(9)gugudan’s Kim Sejeong (“I Wanna Hear Your Song”)
(10)Lee Do Hyun (“Hotel Del Luna”) တို့ဖြစ်ပါတယ်။
လက်ရှိမှာရေပန်းအစားဆုံးဖြစ်နေတဲ့ IU နဲ့ Hotel Del Luna ဇာတ်လမ်းတွဲကတော့ ထိပ်ဆုံးနေရာမှာရှိနေတာပါပဲနော်…
Source:soompi

Loading...