“ထြက္ရိွျပီး နာရီပိုင္းအတြင္း ၾကည့္ရႈသူေသာင္းခ်ီသြားတဲ့ HipHop ရဲ႕ First Generation ျဖစ္တဲ့ အက္ဆစ္အဖြဲရဲ႕ သီခ်င္း”

(၂၀၀၀)ခုႏွစ္၀န္းက်င္ေလာက္က “စတင္ျခင္း”ဆိုတဲ့ အေခြနဲ႕အတူ HipHop သီခ်င္းေတြကို စတင္မိတ္ဆက္ေပးခဲ့သူေတြ ျဖစ္ျပီး လက္ဖက္ရည္ဆိုင္ ေတာ္ေတာ္မ်ားမ်ား မွာအခ်ိန္ အေတာ္ၾကာ ေနရာယူခဲ့တဲ့ သူေတြကေတာ့ အက္ဆစ္အဖြဲ႕ပဲ ျဖစ္ပါတယ္။ထိုေခတ္အခ်ိန္က လူငယ္ေတြဟာ သူတို႕ဖက္ရွင္၊ သူတို႔ Logo ပါတဲ့ အကၤ်ီ၊ဆြဲၾကိဳးေတြ နဲ႕ အျပိဳင္အဆိုင္ရႈိးထုတ္ၾကတဲ့ အထိ ေအာင္ျမင္မႈရရိွခဲ့ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သီခ်င္းသစ္ေတြ ဆက္မထြက္ခဲ့ေပမဲ့ HipHop အေၾကာင္းေျပာရင္ အက္ဆစ္ကို ခ်န္ထားလို႔မရပါဘူး။

Loading...

အက္ဆစ္အဖြဲ႕ဟာဆိုရင္ (၁၈)ႏွစ္ျပည့္သြားခဲ့တာလည္း ျဖစ္ျပီး အဖြဲ႕၀င္ေတြကေတာ့ အနဂၢ၊ ဟိန္းေဇာ္၊ ေဇယ်ာေသာ္၊ ရန္ရန္ခ်မ္း တို႔ျဖစ္ျပီး လက္ရိွမွာေတာ့ အဖြဲ႕၀င္(၃)ေယာက္သာက်န္ရိွေတာ့ပါတယ္။ လတ္တေလာ အနုပညာလုပ္ရွားမႈအေနျဖင့္ နိုင္ငံေက်ာ္အဆိုေတာ္ AR-Tနဲ႕အတူ HipHop သီခ်င္းသစ္ေလးျဖစ္တဲ့ “တစ္ေယာက္တစ္မ်ိဳး” သီခ်င္းသစ္ေလး ထြက္ရိွလာခဲ့ပါတယ္။

ပရိသတ္ေရွ႕ေမွာက္ကို ေနာက္တစ္ၾကိမ္ေရာက္ရိွလာတဲ့ အက္ဆစ္အဖြဲရဲ႕ သီခ်င္းသစ္ေလးကေတာ့ ထြက္ရိွျပီး နာရိပိုင္းအၾကာမွာ ၾကည့္ရႈသူ ေသာင္းခ်ီသြားခဲ့ပါတယ္။ CeleGabar ပရိသတ္ၾကီးေရာ အက္ဆစ္ အဖြဲ႕ကို မွတ္မိေသးရဲ႕လား။

Source: AR-T
DarDar@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ထွက်ရှိပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူသောင်းချီသွားတဲ့ HipHop ရဲ့ First Generation ဖြစ်တဲ့ အက်ဆစ်အဖွဲရဲ့ သီချင်း”

(၂၀၀၀)ခုနှစ်ဝန်းကျင်လောက်က “စတင်ခြင်း”ဆိုတဲ့ အခွေနဲ့အတူ HipHop သီချင်းတွေကို စတင်မိတ်ဆက်ပေးခဲ့သူတွေ ဖြစ်ပြီး လက်ဖက်ရည်ဆိုင် တော်တော်များများ မှာအချိန် အတော်ကြာ နေရာယူခဲ့တဲ့ သူတွေကတော့ အက်ဆစ်အဖွဲ့ပဲ ဖြစ်ပါတယ်။ထိုခေတ်အချိန်က လူငယ်တွေဟာ သူတို့ဖက်ရှင်၊ သူတို့ Logo ပါတဲ့ အင်္ကျီ၊ဆွဲကြိုးတွေ နဲ့ အပြိုင်အဆိုင်ရှိုးထုတ်ကြတဲ့ အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သီချင်းသစ်တွေ ဆက်မထွက်ခဲ့ပေမဲ့ HipHop အကြောင်းပြောရင် အက်ဆစ်ကို ချန်ထားလို့မရပါဘူး။

အက်ဆစ်အဖွဲ့ဟာဆိုရင် (၁၈)နှစ်ပြည့်သွားခဲ့တာလည်း ဖြစ်ပြီး အဖွဲ့ဝင်တွေကတော့ အနဂ္ဂ၊ ဟိန်းဇော်၊ ဇေယျာသော်၊ ရန်ရန်ချမ်း တို့ဖြစ်ပြီး လက်ရှိမှာတော့ အဖွဲ့ဝင်(၃)ယောက်သာကျန်ရှိတော့ပါတယ်။ လတ်တလော အနုပညာလုပ်ရှားမှုအနေဖြင့် နိုင်ငံကျော်အဆိုတော် AR-Tနဲ့အတူ HipHop သီချင်းသစ်လေးဖြစ်တဲ့ “တစ်ယောက်တစ်မျိုး” သီချင်းသစ်လေး ထွက်ရှိလာခဲ့ပါတယ်။

ပရိသတ်ရှေ့မှောက်ကို နောက်တစ်ကြိမ်ရောက်ရှိလာတဲ့ အက်ဆစ်အဖွဲရဲ့ သီချင်းသစ်လေးကတော့ ထွက်ရှိပြီး နာရိပိုင်းအကြာမှာ ကြည့်ရှုသူ သောင်းချီသွားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရော အက်ဆစ် အဖွဲ့ကို မှတ်မိသေးရဲ့လား။

Loading...