“မျက်နှာလေးဖွေးချင်ရင် အာလူးပြုပ်”

Loading...






Credit_ ရွှေအင်းလေး

Unicode Version ဖြင့် ဖတ်ပါ

ထူးထူးဆန်းဆန်း မျက်နှာ ကို သိသိသာသာဖြူစေတဲ့ အာလူးပြုတ် အစွမ်း

ဒီတစ်ခါတော့ ဈေးကြီး နာမည်ကြီး တဲ့ အလှကုန် တွေ သုံးစရာမလိုဘဲ မျက်နှာ အသားအရေ ကို သိသိသာသာ ဖြူဝင်းစေနိုင်မယ့် မှော်ဆန်ဆန် အာလူးပြုတ် နည်းလမ်းအကြောင်း မျှဝေပေးပါရစေ ။ ဒီ နည်းလမ်း လေးဟာ သင့် မျက်နှာ ကို ခဏတာသာ ဖြူဝင်းစေတာမဟုတ်ဘဲ ထာဝရဖြူစေနိုင်တဲ့ နည်းလမ်း လို့တောင် တင်စားကြပါတယ်

ပထမဆုံး အာလူး ကို ဆေးကြောပြီး ပြုတ်လိုက်ပါ ။ နူးသွားပြီဆိုလျှင် အခွံခွာပြီး ကောင်းစွာ ကြိတ်ခြေပါ။ ပြီးနောက် အရောအနှောမပါသော ဒိန်ချဉ် အနည်းငယ်ကို ထည့်မွှေပါ ။ ဒိန်ချဉ် မရှိလျှင် နွားနို့ ထည့်လို့ ရပါတယ် ။ နောက်ဆုံးတွင် ပျားရည် လက်ဖက်ရည် ၁ဇွန်းနှင့် သံပုယိုရည် ၃စက်ခန့် ထပ်ထည့်မွှေလိုက်ပါ ။ အားလုံးနှံ့စပ်အောင် မွှေပြီးလျှင်တော့ မျက်နှာပေါ်သို့ သုတ်လိမ်းထားလိုက်ပါ ။ နာရီဝက်ခန့်ကြာလျှင်တော့ ရေဖြင့် ဆေးကြောသန့်စင်နိုင်ပါပြီ ။ အာလူးပြုတ်မှာ ဗီတာမင်စီ နှင့် အသားအရေအတွက် ကောင်းမွန်တဲ့ဓါတ်တွေ အများကြီးပါဝင်ပါတယ် ။ဒါ့အပြင် ဒိန်ချဉ် နှင့် ပျားရည် ကလည်း အသား ကို ဖြူဝင်းစေနိုင်တဲ့အစွမ်းကို ပေးစွမ်းနိုင်ပါသေးတယ်

ဖော်ပြပါ နည်းလမ်း ကို တစ်ပါတ်လျှင် ၂ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် မျက်နှာ အသားအရေ ကို ဖြူဝင်းစေခြင်း ၊ တင်းရင်းစေခြင်း ၊ အမဲစက်များကင်းခြင်း ၊ ဝက်ခြံနှင့် အရေးအကြောင်း များဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိင်ပါတယ်

Credit_ ရွှေအင်းလေး

Loading...